ခရီးသည်တင်ယာဉ် မောင်းနှင်လာစဉ်
ဂက်စ်ပိုက် ပြုတ်၍ မီးလောင်
ဂက်စ်ပိုက် ပြုတ်၍ မီးလောင်
ရန်ကုန်တိုင်း ဒေသကြီး လှိုင်သာယာ မြို့နယ် ညောင်တုန်း လမ်းမပေါ် တွင် (၄၃) ယာဉ်လိုင်းမှ ခရီးသည် တင်ယာဉ်တစ်စီး မောင်းနှင် လာစဉ် ဇန်န၀ါရီ လ ၁၃ ရက် နေ့ နေ့လယ် ၁ နာရီ ၁၅ မိနစ် ၌ ဂက်စ်ပိုက်လိုင်း ပြုတ် ကျရာမှ ကားမီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီး ဌာနထံမှ စုံစမ်းသိရှိရသည်။
မြောက်ဥက္ကလာပမှ လှိုင်သာယာ သို့ ပြေးဆွဲသော ၆က/... (၄၃)ယာဉ်လိုင်း ဒိုင်နာအဖြူရောင် ခရီးသည်တင်ယာဉ်မှာ ညောင်တုန်းလမ်းမပေါ် မောင်းနှင်လာစဉ် အနော်ရထာစက်မှုဇုန်ရှေ့အရောက် ကားနောက်ခန်းထိပ်ပိုင်းတွင် တပ်ဆင်ထားသည့် ဂတ်စ်အိုး၌ သွယ်တန်းထားသော ဂက်စ်ပိုက်မှာ ပြုတ်ထွက်သွားကြောင်း၊ ယင်းပိုက်သည် အိတ်ဇောပေါ်သို့ကျကာ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း၊ မီးလောင်မှုကြောင့် ကားရှေ့ခန်းနှင့် အနောက်ဘက်ကြမ်းခင်း အနည်းငယ်မီးလောင်ကျွမ်းခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး မီး သတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
“လူတွေက ဖြစ်မှသာဖြစ်တာ မကြောက်ကြဘူး။ နိုင်ငံခြားသားတွေ လိုင်းကားစီးမယ်ဆိုပြီး ကားပေါ်တက် တယ်။ ကားပေါ်ရောက်တော့ ဂက်စ်အိုး တွေကို ခရီးသည်ထိုင်ခုံအောက်မှာ ထားတာ တွေ့တော့ အန္တရာယ်ရှိတယ်၊ စိတ်မချရဘူးဆိုပြီး တက္ကစီပဲ ငှားသွားတယ်။ ကျွန်တော်တို့သာ အန္တရာယ်ကို ဖင်ခုထိုင်နေတာ”ဟု မျက်မြင်တွေ့ရှိသူ မီးသတ်ဝန်ထမ်းတစ်ဦးက ပြောကြားသည်။
အဆိုပါမီးလောင်မှုမှာ ၃၅ မိနစ် ကြာ လောင်ကျွမ်းခဲ့ပြီး သီလရှင်တစ် ပါး ညာဘက်လက်မီးဟပ်ခံရကြောင်း၊ ယင်းမီးဟပ်ဒဏ်ရာမှာ စိုးရိမ်ဖွယ်ရာမရှိ ကြောင်း ၎င်းကဆိုသည်။ မီးလောင်မှုကြောင့် အဆိုပါယာဉ်မောင်းကို (ပ) ၃၇/၂၀၁၁ ပုဒ်မ ၂၈၅ ဖြင့် အရေးယူ ထားကြောင်း မီးသတ်ဦးစီးဌာနထံမှသိရသည်။
Source News fromThe Voice Journal
0 comments:
Post a Comment