+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Tuesday, March 22, 2011

မြန်မာစစ်အစိုးရရဲ့ လိင်လုပ်ငန်းနှိမ်နင်းရေး အောင်မြင်မှာမဟုတ်


နေပြည်တော်ရှိ လိင်လုပ်ငန်းနှိမ်နင်းရေး

အောင်မြင်ဖွယ်မရှိ

2011-03-22

စစ်အစိုးရ ရုံးစိုက်နေတဲ့ နေပြည်တော် မြို့တော်သစ်မှာ အနှိပ်ခန်းနဲ့ ကာရာအိုကေခန်းတွေကို အခု ရက်ပိုင်းအတွင်း ဖမ်းဆီး အရေးယူနေပေမဲ့ အာဏာပိုင်တွေရဲ့ ဆောင်ရွက်ချက် အောင်မြင်မှာ မဟုတ်ဘူးလို့ လေ့လာသူတွေက ပြောပါတယ်။

တကယ်တော့ အနှိပ်ခန်း၊ ကာရာအိုကေ၊ အလှပြင်ခန်းမ စသဖြင့် ၂၀၀၀ ခုနှစ်လောက်စလို့ ရန်ကုန်မြို့မှာ နာမည်အမျိုးမျိုးနဲ့ တည်ထောင်ထားတဲ့ လုပ်ငန်းတွေအများစုဟာ နောက်ပိုင်းမှာ လိင်ဖျော်ဖြေရေးတွေ တွဲဖက်လုပ်ကိုင် လာခဲ့ကြတာဖြစ်ပြီး၊ ရဲ၊ ထောက်လှမ်းရေး၊ မယက စတဲ့ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းတွေကို လိုင်းကြေးပေးပြီး ဖွင့်လှစ်လုပ်ကိုင် နေကြတာဖြစ်ပါ တယ်။

အနှိပ်ခန်း၊ ကာရာအိုကေ အလှပြင်သီးသန့်ဖွင့်လှစ် လုပ်ကိုင်သူတွေရှိပေမဲ့ အနည်းစုသာ ဖြစ်ပါတယ်။ ဒီလုပ်ငန်းတွေဟာ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကစလို့ ရန်ကုန်မြို့မှာ စတင်ဖွံ့ဖြိုးလာခဲ့ တာဖြစ်ပြီး၊ စစ်အစိုးရက မြို့တော်ကို နေပြည်တော်ကို ပြောင်းရွှေသွားပြီးနောက်ပိုင်း လွန်ခဲ့တဲ့ ၃ နှစ်လောက် ကစလို့ နေပြည်တော်မှာ အရှိန်အဟုန်နဲ့ အောင်မြင်ထင်ပေါ်လာခဲ့တဲ့ စီးပွားရေးတခု ဖြစ်လာခဲ့တာပါ။

နေပြည်တော်မှာ အဲဒီအနှိပ်ခန်းနဲ့ ကာရာအိုကေလုပ်ငန်းတွေ အောင်မြင်ရတဲ့ အဓိကအကြောင်းရင်းက ငွေကို ရေလို သုံးဖြုန်းနိုင်တဲ့ စစ်ဗိုလ်ချုပ်တွေနဲ့ သူတို့ရဲ့ သားသမီးတွေ၊ စီးပွားရေးသမားတွေ အများအပြား ရှိတာကြောင့်လို့ လေ့လာသူတွေက ပြောပါတယ်။

ဒီအကြောင်းကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က စုစည်း တင်ပြထားပါတယ်။



Copyright © 1998-2011 Radio Free Asia. All rights reserved.



Source Audio from http://www.bbcburmese.com

0 comments:

Post a Comment