+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Tuesday, March 22, 2011

လိုအပ်လျင်


လိုအပ်လျင်
(မင်းစိုးစံ)

လိုအပ်လို့
နင်တို့ပြင်ချင်လျှင်
နင်တို့အတွက်ငါ့ကို
အသစ်စက်စက်ခဲဖျက်တတုံးလို
လိုလိုချင်ချင်သုံးစမ်းပါ။

နင်တို့ရဲ့သမိုင်းစာမျက်နှာ
အမှားတွေပျောက်
အမည်းတပျောက်ကလေးမှ
မရှိရအောင်လို့ပါ။

လိုအပ်လို့နင်တို့ပြင်ချင်လျှင်
နင်တို့အတွက်ငါ့ကို
ကုန်ခါနီးနေတဲ့ဘောပင်တလက်လို
လိုလိုချင်ချင်သုံးလှည့်ပါ။

မထင်ရှားတာတွေပျောက်
ထင်ထင်ရှားရှားမှတ်ကျောက်တင်
နောက်မျိုးဆက်သစ်တွေ
အတုယူစေချင်လို့ပါ။

တခုတော့ရှိပါရဲ့
ဖျက်ရာတွေပေပွ
မင်တွေကပြန့်ကျဲ
စာလုံးတွေမသဲမကွဲ
မျက်လုံးနဲ့ပြူးပြဲကြည့်
ဘာမှန်းမသိတဲ့အထိ
မမှားမိအောင်ကြိုးစားကြည့်ပါလား?

စာရွက်က သိပ်ပါးလို့ပါ။

(မင်းစိုးစံ)
အဝေးရောက် ကရင်ဒုက္ခသည်တဦး

0 comments:

Post a Comment