+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Wednesday, March 23, 2011

ငလျင် စနေဂြိုဟ်နဲ့ ကြာသတေးဂြိုဟ်



နက္ခတ်သိပ္ပံအဖွဲ့မှ အမှုဆောင်အရာရှိချုပ် ဆရာ ဦးဇေယျာကို

ငလျင် စနေဂြိုဟ်နဲ့ ကြာသတေးဂြိုဟ်

ဟိန်းဟိန်း (Rangoon media)
မေးမြန်းသည်။

ဂျပန်ငလျင်က(Super Moon) စူပါမွန်း ဖြစ်စဉ်ကြောင့်လို့ လူအများပြောနေကြသည်နှင့် ပတ်သက်ပြီး ပြည်သူများ နားလည်သိရှိနိုရန် နက္ခတ် သိပ္ပံအဖွဲ့မှအမှုဆောင်အရာရှိချုပ် ဦးဇေယျာကိုနှင့် ဖလားဝါးနယူးဂျာနယ်တို့ တွေ့ဆုံမေးမြန်းခဲ့ပါတယ်။

မေး- ဂျပန်မှာ ငလျင်လှုပ်တာ စူပါမွန်းကြောင့်လို့ ပြောနေကြတယ်။ အဲဒါဟုတ်ပါသလားဆရာ။
ဖြေ- စူပါးမွန်းဖြစ်စဉ်နဲ့ လုံးဝမသက်ဆိုင်ပါဘူး။အဲဒါနဲ့ပတ်သက်ပြီး ဘာကြောင့်ခိုင်ခိုင်မာမာပြောလဲ ဆိုတော့ စူပါမွန်းက မတ်လ၁၉ရက်မှာဖြစ်တယ်။အဲဒီ အချိန်မှာ လနဲ့ ကမ္ဘာအကွာအဝေးက ၂၂၁၆၁၆မိုင် ရှိတယ်။ ဒီဖြစ်စဉ်ကြောင့် သတ်မှတ်ရင် ဒီငလျင်ဖြစ်ရ မယ့်နေ့တွေက ၁၈၊ ၁၉၊၂၀ရက်တွေမှာဖြစ်မယ်။ အခု ဂျပန်ငလျင်ဖြစ်စဉ်က မတ် ၁၁ရက်မှာဖြစ်တော့ အဲဒီ အချိန်က လနဲ့ကမ္ဘာအကွာအဝေးက ၂၄၆၄၂၅ မိုင်မှာ ရှိတဲ့အတွက် ဒီဖြစ်စဉ်ကစူပါမွန်းနဲ့မသက်ဆိုင်ပါဘူး။

မေး- ဒီငလျင်ဘာကြောင့်ဖြစ်ပေါ်တယ်ဆိုတာကို သုံးသပ်ရှင်းပြပေးပါလားဆရာ။
ဖြေ- အခုဂျပန်ငလျင်က စနေဂြိုဟ်နဲ့ပတ်သက်ပြီး ငလျင်ဖြစ်တာလို့ နက္ခတ်သိပံ္ပအဖွဲ့ကသုံးသပ်တယ်။မတ် ၅ရက်(လကွယ်နေ့)မှာ စနေဂြိုဟ်အနေနဲ့ဖောက် ပြန်ပြီးတော့ အာရှဒေသအချို့မွန်းကောင်းကင်မှာ တည်ရှိတယ်။ အဲဒီရပ်တည်မှုကြောင့် မတ် ၁၀ရက်က တရုတ်မှာ အင်အားပြင်းငလျင် လှုပ်တယ်။ အခုမတ် ၁၁ရက်က ဂျပန်နိုင်ငံမှာ လှုပ်တယ်။ ဒီငလျင် တွေက စနေဂြိုဟ်က အဓိက တရားခံဖြစ်တယ်။

မေး- ဂျပန်ငလျင်ဖြစ်ပေါ်မှုမှာ ဆူနာမီပါဝင်မှုအခြေ အနေကို သုံးသပ်ပေးပါလားဆရာ။
ဖြေ- ဆူနာမီပါလာတာကကမ္ဘာကို အလယ်ထားပြီး စနေဂြိုဟ်နဲ့ ကြာသတေးဂြိုဟ်တွေက သမသတ်အမြင် ဖြစ်ပေါ်နေတယ်။ အဲဒီအမြင်ကြောင့် ထုထည်ကြီးတဲ့ ဂြိုဟ်နှစ်လုံးရဲ့ဆွဲငင်အားကြောင့် ဆူနာမီပါတဲ့ငလျင် ဖြစ်ပေါ်တယ်လို့ သုံးသပ်တယ်။

မေး- ဂြိုဟ်တွေရဲ့အခြေအနေ ဘယ်လိုရပ်တည်ပါက ငလျင်ဖြစ်ပေါ်နိုင်သလဲဆရာ။
ဖြေ- နက္ခတ်သိပ္ပံပညာရပ်မှာ ဂြိုဟ်တွေနီးနီးကပ်ကပ် ပူးယှဉ်မှု၊ ကမ္ဘာကိုအလယ်ထားပြီးဂြိုဟ်နှစ်လုံး ၁၈၀ ဒီဂရီအမြင်ရှိမှု၊ လနဲ့ဂြိုဟ်နက္ခတ်တွေ နီးနီးကပ်ကပ် ပူးယှဉ်မှု၊ ဗုဒ္ဓဟူးနဲ့ ကြာသပတေးဂြိုဟ်ပူးဖြစ်စဉ်၊ စနေနဲ့ ကြာသပတေးဂြိုဟ်ပူးဖြစ်စဉ်၊ စနေနဲ့ ဗုဒ္ဓဟူးဂြိုဟ်ပူး ဖြစ်စဉ်၊ အင်္ဂါနဲ့ကြာသပတေးဂြိုဟ်ပူးဖြစ်စဉ်၊ စနေနဲ့ ကြာသပတေးဂြိုဟ်အပြန်အလှန်အမြင်ရှိမှု၊ အင်္ဂါနဲ့ ကြာသပတေးဂြိုဟ်အပြန်အလည်အမြင်ရှိမှု၊ ဖြစ်စဉ် တွေဖြစ်ပါတယ်။ နောက်ပြီးလနဲ့ပတ်သက်ပြီး ဖြစ်စဉ် တွေက လနဲ့သောကြာ၊ အင်္ဂါ၊ ကြာသပတေး၊ စနေဂြိုဟ်တို့ နီးနီး ကပ်ကပ်ဖြစ်စဉ်တွေ၊ ဖျောက်ဆိပ် ကြယ်ကို ထွင်းဖောက်တဲ့ဖြစ်စဉ် တွေက ငလျင်ဖြစ်နိုင်တဲ့ ဖြစ်စဉ်လို့ သတ်မှတ်တယ်။

မေး- ဂြိုဟ်ဖြစ်စဉ်တွေမှာပါတဲ့ ရာသီခွင်၊ အချိန်၊ နေရာဒေသတွေ က ဘယ်လိုအရေးပါသလဲဆရာ။
ဖြေ- နက္ခတ်ပညာဘာသာရပ်မှာပထ၀ီဝင်ပိုင်းဆိုင်ရာ ကဏ္ဍတစ်ရပ်ဖြစ်တဲ့ လတ်လောင်တွက်ချက်မှုစနစ်က အရမ်းအရေးကြီးတယ်။ နက္ခတ်ပညာရပ်အရ ဂြိုဟ် တွေရဲ့ပူးယှဉ်တဲ့ ရာသီခွင်၊ အချိန်နာရီတွေကို တွက် ချက်ပြီးတာနဲ့ ကမ္ဘာမှာဖြစ်စဉ်ဖြစ်မယ့် နေရာလတ္တီ တွဒ်၊ လောင်ဂျီတွဒ်တွေ ကိုတွက်ချက်ရပါတယ်။ ဘာ ကြောင့်လဲဆိုတော့ ကမ္ဘာကြီးအမြဲလည်ပတ်နေတာ ကြောင့်ဖြစ်စဉ်ဖြစ်မယ့် အချိန်ကကမ္ဘာကြီးရဲ့ ဘယ် နေရာမှာဖြစ်မယ်ဆိုတာ သိရှိနိုင်ဖို့ အရမ်းအရေးကြီးပါ တယ်။ ဒါကြောင့် ကမ္ဘာတစ်ဝန်းလုံးအခြေအနေကနေ ဖြစ်နိုင်ခြေရှိတဲ့ကမ္ဘာ့အစိတ်အပိုင်း နေရာလေးတစ်ခု ပေါ်ပေါက်လာပါတယ်။ အဲဒီနေရာကို ဗဟိုထားပြီး ဖြစ်စဉ်ဖြစ်တဲ့ဂြိုဟ်တွေရဲ့ အရွယ်အစားပမာဏအတိုင်း အတာအရ ဘယ်လတ်လောင်အတွင်းဖြစ်မယ်ဆိုတာ ကို တွက်ချက်ခန့်မှန်းခြင်းက အဓိကဖြစ်ပါတယ်။

မေး- နောက်ဆုံးမေးခွန်းအနေဖြင့် မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ငလျင်အခြေအနေသိလိုပါတယ်ဆရာ။
ဖြေ- မြန်မာနိုင်ငံအနေနဲ့ ၂၀၁၄ခုနှစ် နိုဝင်ဘာ ၁၂ ရက်အထိ ကြီးကြီးမားမားငလျင်မဖြစ်နိုင်သေးဘူး။ ၂၀၁၄ခုနှစ် နိုဝင်ဘာ ၁၃ရက်မှ ၂၀၂၀ခုနှစ် ဇန်န၀ါရီ ၃၁ရက်အထိက ပြောလို့မရဘူး။ ဘာကြောင့်လဲဆိုတော့ အရင်က ပဲခူး၊ စစ်ကိုင်း၊ ပုဂံမှာ ငလျင်တွေ ဖြစ်ပေါ်ခဲ့ ဖူးတဲ့ ဂြိုဟ်ရပ်တည်မှုတွေရှိနေတယ်။ ဒါကြောင့် အဲဒီ ကာလမှာ ငလျင်ကြီးဖြစ်လာနိုင်တယ်။ အင်အား အသင့်တင့်ရှိတဲ့ ငလျင်ကို သုံးသပ်ချက်မှာ ထည့်သွင်း မသုံးသပ်ထားပါဘူး။

အခုလိုသိချင်တာတွေ ဖြေကြားပေးတဲ့ ဆရာ ဦးဇေယျာကို ကိုကျေးဇူးအများကြီးတင်ပါတယ်။
Source:
Category: Political Time
Source: http://www.yangonmedia.com






Source Audio from http://www.bbcburmese.com

0 comments:

Post a Comment