+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Wednesday, March 23, 2011

လေတပ်မှ တောက်ခေါက်သံများ

F-15 Eagle ပျက်ကျသွားပုံဖြစ်ပါသည်
(ဗမာ့လေတပ်မတော်၏လေယာဉ် မဟုတ်ကြောင်းပါ)
Source Photo from http://www.google.com/images

လေတပ်မှ တောက်ခေါက်သံများ

လေကြောင်းရန်ကာကွယ်ရေး လက်နက်များ ၀ယ်ယူရေး အရှုပ်တော်ပုံတွင် မြောက်ကိုရီးယားနှင့် ယူကရိန်း ပစ္စည်း (၂) မျိုး အားပြိုင်လွန်ဆွဲမှု့ကြောင့် လေကြောင်းရန်ကာကွယ်ရေး အရာရှိချုပ်ပါ ပြဿနာတက်ခဲ့ရမှုတွေဟာ ခေါင်မိုးကမလုံလို့ မိုးယိုနေတဲ့ ဖြစ်စဉ်တွေပါ။
လေတပ်မှ အရာရှိ/စစ်သည် မိသားစုများဟာ မိမိတို့ဝန်းကျင်မှ အဖြစ်အပျက်များစွာကို ပိုမိုလျှင်မြန်စွာ သိရှိနိုင်တာကြောင့် အခြားသော ခြေလျင်တပ်များမှာကဲ့သို့ တသွေး တသံ တမိန့်ဖြင့် ခိုင်းတိုင်း လုပ်မည့်သူများ မဟုတ်ကြပါ။
မိမိတို့ရဲ့ လုပ်ငန်းသဘော သဘာဝဟာ ခြေလျင်စစ်သည်များနှင့် မတူညီသလို ပညာရပ်များ ဆိုင်ရာနဲ့ ကိုင်တွယ်ရာ စက်ကိရိယာများရဲ့ အခြေအနေများအရ အတန်း (Grade) များ ရှိပေရာ လက်ရှိ ဗိုလ်ချုပ်ကြီးများရဲ့ မူဝါဒဖြစ်တဲ့ စစ်ထွက်တန်းစီခြင်း၊ ငါးမိုင်အပြေးတက်ခြင်း စတဲ့ ခံနိုင်ရည် စံနှုန်းဆိုသည်များ၊ တပ်မတော် စည်းလုံးရေးကော်မတီရဲ့ စိုက်ပျိုးရေးဆိုင်ရာ (၁၀) မျိုး (၁၀) ဘောင်များ၊ ရဲမေ စစ်သင်တန်းနဲ့ ဗဟိုကင်း စစ်ရေးပြများ၊ လေတပ်မှာ အတန်း (၁) သင်တန်းပြီးက NCO IC အဖြစ် တာဝန်ယူနိုင်ပြီ ဖြစ်ပါလျက် ကြည်းတပ်ကဖွင့်တဲ့ အကြပ်ငယ်၊ အကြပ်လောင်း သင်တန်းတွေတက်ပြီးမှ အဆင့်တိုးပေးခြင်းများ၊ အရာရှိများသည်လည်း ထိုနည်းတူစွာ ခွဲမှူး၊ ရင်းမှူးထံတွင် ပိုက်ဆံ ကျပ်သိန်းချီကုန် တက်နေရခြင်းများ စသည် စသည်တို့အပေါ်မှာ မကျေနပ်မှု အစိုင်အခဲများ ကြီးစွာရှိနေကြပါတယ်။

လေယာဉ်ပစ္စည်းများ ၀ယ်ယူခွင့်အတွက်လည်း ကာကွယ်ရေးဦးစီးချုပ် (လေ) ဟာ ကြည်းတပ်က ဗိုလ်ချုပ်ကြီးများကို များစွာအောက်ကျခံကာ တင်ပြနေရသည်ကိုက သဘာဝ မကျလှကြောင်း ဝေဖန်ကြပါတယ်။ အထူးသဖြင့် တရုတ်နဲ့ရုရှားတို့ရဲ့ ဖင်ချတာ ခံနေတဲ့အပြင် စီမံလုပ်ကိုင်ပုံ ညံ့ဖျင်းလို့ လေသူရဲတွေ အသက်ပေးခဲ့ရတာတွေကလည်း မနည်းကြတော့လို့ တောက်ခေါက်နေရပါတယ်။

လေတပ်မှ လေယာဉ်များဟာ အမှန်တကယ် အသုံးဝင်တဲ့ Avionic ပစ္စည်းများ မပါဘဲ အခွံသာသာမျှ နာမည်ရှိရုံများသာ ဖြစ်နေတာတွေ စတဲ့ စတဲ့ တပ်ထဲက အလွဲအချော်များစွာဟာ တစ်နိုင်ငံလုံးအား တပ်ချုပ်ကြီးမှ နိုင်ငံတော်အကြီးအကဲ အမည်ယူပြီးတော့ စီမံနေချိန်မှာ ဖြစ်ပွါးနေခဲ့တာကို တပ်မိသားစု အများစုက တီးတိုးဝေဖန် သုံးသပ်နေကြပါတယ်။

ဆက်လက်ပြီး တင်ပြရရင် ကိုယ်ထူကိုယ်ထ ပြင်ဆင် နေထိုင်နေရတဲ့ အရာရှိ/စစ်သည် လိုင်းခန်းများနဲ့ အကြပ်တပ်သား ရိပ်သာသစ်တွေကို တပ်စစ်ဆေးခံစဉ်သာ Kit layout ထားပြီး အဆောင်ပျက်တွေမှာသာ နေနေရတာတွေ၊ ၀တ်ဆင်ဖို့ မသင့်တော်တော့တဲ့ အ၀တ်ဆိုကာမျှ No Return စစ်ဝတ်ပစ္စည်းတွေ၊ လက်ရှိကုန်ဈေးနှုန်းနဲ့ ကွာခြားလှတဲ့ လစာနှင့် ရိက္ခာ/ ရိက္ခာစိုငွေတွေ၊ လေယာဉ်ဆီနဲ့ တပ်တည်ဆောက်နေရတဲ့ ရေ၊ မီး၊ လမ်း၊ အဆောက်အဦး စနစ်တွေ၊ ရုံးသုံးစာရေးကိရိယာတွေနဲ့ ဆက်သွယ်ရေးစနစ်တွေ၊
အဆင့်တိုးကိစ္စ၊ တပ်ပြောင်းကိစ္စ စတဲ့ကိစ္စတွေမှာ စီမံရေးရာ မမျှတ မသေချာမှုတွေကြောင့် အထွေထွေ စိတ်ဓါတ်ကျဆင်းနေကြတဲ့ အရာရှိ/စစ်သည် အများစုရဲ့ လူမှုရေး၊ စီးပွါးရေး ပြဿနာတွေ၊ ကြည်းတပ်မှ လက်တန်း စီမံသမျှ နာခံဆောင်ရွက်ရင်း ကျောင်းအမျိုးအစား၊ ပညာအရည်အချင်းများ ခွဲခြားစိစစ်ရင်းဖြင့် မျိုးဆက်ကွာဟသွားခဲ့တဲ့ စက်မှုလက်မှု အရာရှိ/စစ်သည်များရဲ့ နည်းပညာ လက်ဆင့်ကမ်းမှု Link ပြတ်လု အခြေအနေတွေ၊ လေယာဉ်ဆီအပေါ် အခြေတည်သော လုပ်ငန်းအလိုက် ရပိုင်ခွင့် တွက်ချက်မှုများကြောင့် စိတ်ဝမ်းကွဲမှုတွေ၊
လေသူရဲများအတွင်း လေယာဉ်အမျိုးအစားအလိုက် မျက်နှာသာပေးမှုကြောင့် မကျေနပ်ချက်တွေ၊ ထူးချွန်သူကို ချီးမြှောက်တာထက် မနာလို တိုက်ခိုက်မှုတွေ၊ အမှုမျိုးစုံ ဖန်တီးနေတဲ့ အရာရှိငယ်များနှင့် နည်းပညာ ဒီပလိုမာဆင်း တပ်ကြပ်ကြီးများရဲ့ အထွေထွေပြဿနာတွေ၊
လုပ်သက်စေ့ နှစ်ပြည့်မှုကြောင့် အချိန်တန်လို့ ဗိုလ်မှူး ဖြစ်လာသည့်တိုင် ကျွမ်းကျင်မှုနဲ့ အရည်အချင်းမရှိဘဲ စာတစ်စောင်တောင် SD ကျကျ မရေးတတ်တဲ့ အရာရှိတွေ၊ အကြောင်းအမျိုးမျိုးပြပြီး တပ်ကထွက်ဖို့် ပြင်ဆင်နေတဲ့ အရာရှိတွေ
စတဲ့ စတဲ့ လေတပ်ထဲက အက်ကွဲသံမျိုးစုံနဲ့အတူ တောက်ခေါက်သံ ကျယ်လောင်နေပြီဆိုတာ ဖေါ်ထုတ် ပေးပို့လိုက်ပါတယ်။

Source Article from http://www.photayokeking.org



Source Audio from http://www.bbcburmese.com

0 comments:

Post a Comment