မြန်မာ့တပ်မတော်စစ်ကြောင်းမှ တာချီလိတ်မြို့နယ် ကျိုင်းလပ်အထက် မဲခေါင်မြစ်အတွင်း တရုတ်နိုင်ငံ ကုမ္ပဏီတစ်ခုပိုင် သင်္ဘောသုံးစင်းနှင့် သင်္ဘောကပ္ပတိန် သုံးဦး ဖမ်းဆီးခံရမှုအား ကယ်တင်နိုင်ခဲ့
9/Apr/2011
တရုတ်နိုင်ငံမှ ကုမ္ပဏီတစ်ခုပိုင် သင်္ဘောသုံးစင်းသည် ရွှေတြိဂံနယ်မြေ ကျိုင်းလပ်အထက် မဲခေါင်မြစ်အတွင်း ဆောက်လုပ်ရေးလုပ်ငန်းသုံး အလှဆင်ကျောက်တုံးကြီးများ ကောက်ယူနေစဉ် ၂၀၁၁ခုနှစ် ဧပြီ ၂ရက် မွန်းတည့် ၁၂နာရီခန့်တွင် လက်နက်ကိုင်အဖွဲ့များသည် စက်လှေငါးစင်းဖြင့် ရောက်ရှိလာပြီး တရုတ်နိုင်ငံသား သင်္ဘောကပ္ပတိန်နှစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။
ဧပြီ ၃ရက် နံနက် ၈နာရီခန့်တွင် အဆိုပါ သင်္ဘောသုံးစင်းသည် ၄င်းတို့ကုမ္ပဏီရှိရာသို့ ပြန်ရန် ကျန်ရှိနေသော သင်္ဘောကပ္ပတိန်တစ်ဦးနှင့် အရန်သင်္ဘောမောင်းသူများဖြင့် မောင်းနှင်ခဲ့ရာ နံနက် ၁၀နာရီခန့်တွင် ကျောက်သုံးလုံးနေရာသို့ ရောက်ရှိလာစဉ် လက်နက်ကိုင်အဖွဲ့သည် မြန်မာဘက်ကမ်းတွင် စောင့်နေလျက် သင်္ဘောများကို ကမ်းသို့ ကပ်ခိုင်းခဲ့သည်။
ထို့နောက် သဘောင်္ပေါ်သို့ လက်နက်ကိုင် ၁၀ဦး ခန့်တက်ရောက်ကာ သင်္ဘောပေါ်ပါ ဝန်ထမ်းများနှင့် အလုပ်သမားများအား သဘောင်္တစ်စင်း၏ ဝမ်းဗိုက်တွင်း ထိန်းသိမ်းထားရှိပြီး သဘောင်္သုံးစင်းအား အပိုင်စီးထားခဲ့သည်။ ဧပြီ ၄ရက်မွန်းတည့် ၁၂နာရီခန့်တွင် အပိုင်စီးထားသော သဘောင်္သုံးစင်းရှိသည့် နေရာသို့ လက်နက်ကိုင်တစ်ဖွဲ့သည် စက်လှေဖြင့် ထပ်မံရောက်ရှိလာပြီး ကျန်သင်္ဘောကပ္ပတိန်တစ်ဦးအား ထပ်မံဖမ်းဆီးခေါ်ဆောင်သွားကာ လက်နက်ကိုင် ၁၀ဦးခန့်သည် သဘောင်္သုံးစင်းအား ဆက်လက်ထိန်းသိမ်းထားခဲ့သည်။
အဆိုပါ သတင်းအရ မိမိနယ်မြေခံ တပ်မတော် စစ်ကြောင်းသည် ၎င်းနေ့ မွန်းလွဲ၂နာရီခန့်တွင် အခင်းဖြစ်ပွားရာ နေရာသို့ ကမ်းနားအတိုင်း ဝင်ရောက်ရှင်းလင်းခဲ့စဉ် အဆိုပါလက်နက်ကိုင် ၁၀ဦးသည် စက်လှေတစ်စင်းဖြင့် ဆုတ်ခွာ ထွက်ပြေးသွားခဲ့သဖြင့် မိမိနယ်မြေခံ တပ်မတော်စစ်ကြောင်းက အပိုင်စီးခံရသော သဘောင်္သုံးစင်းအား ပြန်လည်ထိန်းသိမ်း စောင့်ရှောက်ထားခဲ့သည်။
အဆိုပါ လက်နက်ကိုင်အဖွဲ့သည် ဖမ်းဆီးထားသူ သဘောင်္ကပ္ပတိန်သုံးဦးအား ဧပြီ ၆ရက်မွန်းလွဲ ၂နာရီခန့်တွင် တစ်ဖက်နိုင်ငံ သောင်ပြင်တစ်နေရာ၌ ထားရှိပြီး ပြန်လည်ထွက်ခွာသွားသဖြင့် ၎င်းတို့သုံးဦးသည် မိမိစစ်ကြောင်းရှိရာသို့ ပြန်လည် ပူးပေါင်းနိုင်ခဲ့သည်။
အဆိုပါ သဘောင်္သုံးစင်းအား မိမိနယ်မြေခံ တပ်မတော်စစ်ကြောင်းက ပြန်လည် ခေါ်ဆောင်ခဲ့ရာ ဝမ်းပုံဆိပ်ကမ်းသို့ ဧပြီ ၇ရက် ညနေ ၅နာရီ ၄၅မိနစ်ခန့်တွင် ပြန်လည်ရောက်ရှိခဲ့ကြောင်း၊ သဘောင်္ကပ္ပတိန် သုံးဦး အပါအဝင် သဘောင်္ဝန်ထမ်းများနှင့် အလုပ်သမား ၃၄ဦးတို့အား တာဝန်ရှိသူများက တွေ့ဆုံအားပေးစကားပြောကြားခဲ့ပြီး လိုအပ်သည့် အကူအညီများ ပေးအပ်ခဲ့ကြောင်း၊ အဆိုပါ သဘောင်္သုံးစင်းသည် ဧပြီ ၈ရက်နံနက် ၇နာရီခန့်တွင် ဝမ်ပုံဆိပ်ကမ်းမှ ဆက်လက်ထွက်ခွာသွားခဲ့ကြောင်း သိရသည်။ ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ မြန်မာနိုင်ငံမှ တာဝန်ရှိသူများက တရုတ်နိုင်ငံမှ တာဝန်ရှိသူများအား ရှင်းလင်းပြောကြားခဲ့ရာ တရုတ်နိုင်ငံမှ တာဝန်ရှိသူများက ကျေးဇူးအထူးတင်ရှိပါကြောင်းနှင့် နောင်တွင်လည်း ယခုကဲသို့ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် ကဏ္ဍအသီးသီးတွင် အောင်မြင်မှုများ ရရှိနိုင်မည်ဟု ယုံကြည်ပါကြောင်းဖြင့် ပြောကြားခဲ့ကြောင်း ၂၀၁၁ခုနှစ် ဧပြီ ၉ရက်နေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားပါသည်။
|
Saturday, April 9, 2011
တရုတ်ပိုင် သင်္ဘောနှင့် သင်္ဘောကပ္ပတိန် ဖမ်းဆီးခံရမှု
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment