အားလုံးကို ကျေးဇူးတင်ပါတယ်။
စာမူက ရောက်နေတာကြာလှပါပြီ၊ ဇော်ဂျီဖေါင့်မသွင်းတတ်လို့ မရေးဖြစ်ခဲ့ဘူး အခုကျပြန်တော့ စာရေးရတာ မျက်လုံးတွေကပြဿနာဖြစ်နေတာနဲ့ ကူးရေးတဲ့ဆီ မရောက်ပြန်ဘူး။
ဒါကြောင့် အသံဖိုင်လေးလုပ်ပြီး တင်ဆက်ပေးလိုက်ပါတယ်။
အသံကြားသနားပါစေ မျက်နှာမြင်ချစ်ခင်ပါစေ ဆိုတဲ့ဆု မတောင်းခဲ့တာပဲလား တောင်းခဲ့ရဲ့သားနဲ့မပြည့်တာလားတော့မသိဘူး ကျုပ်အသံက ဝေးလေကောင်းလေပဲဗျ။
ဒါပေမယ့် ရုပ်ဆိုးတဲ့လူ မှန်ကြိုက်သလို အသံမကောင်းတဲ့လူဆိုတော့လည်း အသံလေးဘာလေးနဲ့ ဒုက္ခပေးချင်မိတာ အမှန်ပဲ။
ရုပ်လား မမေးနဲ့။ မြင်လိုက်လို့ကတော့ ဒေါသတွေ ဆူနာမိ လှိုင်းလုံးထက် ပိုကြီးကုန်လိမ့်မယ်။
ကဲနားသောတ ဆင်တော်မူကြပါ။
ပထမပိုင်းလေးပါ။
ဒုတိယအကြိမ်ထပ်ပြီး ဒုက္ခပေးပါဦးမယ် ဆက်လက်စောင့်မျှော် မေတ္တာပို့ကြပါ။
ဒုတိယအကြိမ် နားဆင်းရဲမခံရအောင်လို့ တခြားလိုင်းဘက်ရောက်သွားပါစေလို့လေ။
ကျန်းမာချမ်းသာကြပါစေ။
တေးသီချင်းကတော့ နိုင်ငံကျော် အဆိုတော် ဒေါ်မာမာအေးဖြစ်ပါတယ်။
အခု ကိုသိဏ်းမြတ် စီစဉ်ထုတ်လွှင့်နေတဲ့ အလင်္ကာပုလဲပန်း လိုပါပဲ။ တင်ဆက်သူက ဆရာဦးကျော်ဇံသာ ဖြစ်ပါတယ်။
ဒီစာကို ဖတ်မိသွားတဲ့ လူတွေထဲက အခုလက်ရှိ ဗွီအိုအေ မှာ တာဝန်ထမ်းဆောင်နေတဲ့ ဆရာဦးကျော်ဇံသာ နဲ့ဆုံတွေ့ဖြစ်လို့ ရှိလျင် ကဗျာဆရာ ဇော် က တခုတော့ပြောပြပေးပါတဲ့ ဆရာဦးကျော်ဇံသာကို သတိတရ ရှိလှပါတယ် တဲ့။
ကျုပ်လည်း ဆရာဦးကျော်ဇံသာကို သတိရတယ်ဗျာ။
ဘန်ကောက်က ဘီဘီစီရုံးကို သွားလည်တော့ ကျုပ်ကို ဆိုင်တဆိုင်မှာ ထမင်းကျွေးခဲ့တာလေး မမေ့နိုင်ဘူး။
နေရာလေးတောင်မမှတ်မိတော့ဘူး။
မှတ်မိနေတာကတော့ ဆရာဦးကျော်ဇံသာ လ္ဘက်ရည်သောက်တဲ့ပုံစံလေးပဲ။
ကျုပ်အတွက်ကတော့ ထူးဆန်းတယ်ဗျ။
ဒါပါပဲဗျာ။
0 comments:
Post a Comment