+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Wednesday, April 6, 2011

၂၀၁၁ နှုတ်ခွန်းဆက်

၂၀၁၁ နှုတ်ခွန်းဆက်

By ထူးဇော်
USA

ပထမပိုင်းပြီးတော့ ဒုတိယပိုင်းပေါ့နော။
သိကြတဲ့အတိုင်းပါပဲ ကိုယ်ကိုယ်တိုင် လုပ်တဲ့အခါကျတော့ အချိန်တွေတအားကုန်တယ်၊ သူများလုပ်ထားတာ လေးကျတော့ မိနစ်ပိုင်းလောက်နဲ့တင် အားလုံးအဆင်သင့်ဖြစ်သွားတယ် ဆိုတော့ ကူးတာက ပိုလွယ်တယ် တာဝန်ခံနေစရာလည်း မလိုဘူး။

သတင်းရင်းမြစ် ဘာညာဆိုပြီး အောက်မှာရေးပေးလိုက်ရုံပဲ။
ဆရာထူးဇော်ရဲ့ အရေးအသားတွေက ရှင်းလင်းပြတ်သားပေမယ့် ကျုပ်ကအသံနဲ့တင်လိုက်တဲ့အခါကျတော့ အဖြတ်အတောက်လေးတွေ မှားသွားတာမျိုးကြောင့် အချို့နေရာတွေမှာ ဆိုလိုချက်တွေ မပီပြင်တာမျိုးများ ရှိ လေမလားပေါ့နော်။





အဲဒါ ထင်မြင်ချက်တွေ ရေးပေးကြပါဦး။ ပြီးတော့အကြံဥာဏ်လေးများလည်း ပေးကြဘို့နဲ့ ဝေဘန်သုံးသပ်ချက် တွေလည်း လုပ်ကြပါဦး။
ဘာကြောင့်လဲ ဆိုတော့ နောက်ပိုင်းမှာ ကရင်စာပေနဲ့ ပတ်သက်လို့ အသံနဲ့၊ ဓါတ်ပုံလေးတွေနဲ့ တင်ပြလိုက်တဲ့ အခါမှာ အမှားအယွင်းတွေ နည်းနိုင်သမျှနည်းချင်လို့ပါ။
အဲဒီလိုအရုပ်တွေ အသံတွေနဲ့အလုပ်လုပ်ပြီဟေ့ဆိုလျင် ဆောင်ရန်၊ရှောင်ရန်လေးတွေကိုပါ လမ်းပြပေးကြပါဦး။ နောက်တခုကတော့ အသံတည်းဖြတ်တဲ့အခါမျိုးမှာ ဘယ်လိုဆော့ဝဲလ် မျိုးကတော့ အသင့်တော်ဆုံးဆော့ဝဲ အ မျိုးအစားကဘယ်လိုအမျိုးစားဖြစ်တယ်၊ အလကားရနိုင်တယ်။ အလကားမရနိုင်ဘူးဆိုတာတွေအပြင် အသုံးပြု ပုံ နည်းပညာတွေပါ ဝေငှပေးစေလိုပါတယ်။

ကျေးဇူးတင်ပါတယ်။

0 comments:

Post a Comment