+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Wednesday, April 13, 2011

နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ဖို့ အမေရိကန် ဒု လက်ထောက်ဝန်ကြီး ပြောကြား

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ အမေရိကန် ဒုလက်ထောက် နိုင်ငံခြားရေးဝန်ကြီး Joseph Yun တို့ တွေ့ဆုံနေစဉ်
(ဒီဇင်ဘာလ ၁၀၊ ၂၀၁၀)
Source Photo from http://pwvb.blogspot.com

နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ဖို့

အမေရိကန် ဒု လက်ထောက်ဝန်ကြီး ပြောကြား

2011-04-12

မြန်မာအစိုးရသစ်အနေနဲ့ နိုင်ငံရေးအရ အပြုသဘော တိုးတက်မှု ရှိကြောင်း နိုင်ငံတကာကို အခိုင်အမာ ပြသဖို့ အတွက်ဆိုရင် ပထမဆုံးအနေနဲ့ နိုင်ငံရေး အကျဉ်းသားတွေ အားလုံး လွှတ်ပေးဖို့ လိုအပ်တယ်လို့ အာရှနဲ့ ပစိဖိတ် ဒေသဆိုင်ရာ အမေရိကန် ဒုလက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Joseph Yun က ဧပြီ ၁၁ ရက် မနေ့က ပြောကြား လိုက်ပါတယ်။

နေပြည်တော်အစိုးရအနေနဲ့ အရင်ဆုံး ဆောင်ရွက်သင့်တာက အကျဉ်းသား နှစ်ထောင်ကျော်ကို လွှတ်ပေးဖို့ လိုပါတယ်၊ အကျဉ်းသားတွေထဲမှာ တချို့ဆိုရင် နှစ်ပေါင်း ၁၀ စုနဲ့ချီ ကျခံနေရတဲ့အတွက် အိုမင်းနေပါပြီ၊ ဒီနိုင်ငံရေး အကျဉ်းသားတွေအားလုံး လွှတ်ပေးဖို့ ကိစ္စကို မိမိတို့ အကဲခတ် စောင့်ကြည့်နေပါတယ်လို့ ဂျိုးဇက်ဖ် ယွန်က ပြောသွားပါတယ်။

ဒါ့ပြင် အန်အယ်လ်ဒီအပါအဝင် အတိုက်အခံ ဒီမိုကရေစီ အင်အားစုတွေရဲ့ လုံခြုံရေးအတွက် အမေရိကန်အနေနဲ့ အထူး စိုးရိမ်နေကြောင်း၊ မြန်မာ အစိုးရအနေနဲ့ NLD ကို တရားဝင် နိုင်ငံရေးပါတီအဖြစ် ရပ်တည်ခွင့်ပေးဖို့ လိုအပ်ကြောင်း Mr Yun က ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

အမေရိကန် ဝါရှင်တန်ဒီစီမြို့တော်က John Hopkins တက္ကသိုလ် နိုင်ငံတကာ အထူးပြု လေ့လာရေးဌာနမှာ မနေ့က ကျင်းပတဲ့ မြန်မာနိုင်ငံနဲ့ ဆက်ဆံနေတဲ့ တောင်နဲ့ မြောက်ကိုးရီးယားနိုင်ငံတို့ရဲ့ ရည်ရွယ်ချက် ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲမှာ မစ္စတာ Yun က အခုလို ပြောဆိုခဲ့တာပါ။

အဲဒီအခမ်းအနားမှာ မစ္စတာ ဂျိုးဇက်ယွန်ရဲ့ ပြောကြားချက်တွေထဲက RFA အဖွဲ့သား ကိုကျော်ကျော်အောင်က ကောက်နုတ် တင်ပြထားပါတယ်။




Copyright © 1998-2011 Radio Free Asia. All rights reserved.

0 comments:

Post a Comment