+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Saturday, April 9, 2011

မလေးရှား လဝက ကရင်တိုင်းရင်းသား ၂ ဦးကိုဖမ်း

မလေးရှားနေရာတိုင်းမှာ အဖမ်းအဆီးများနေ

မြန်မာပြည်သားအများစုပါဝင်တဲ့ မလေးရှား လင်းခေးကန့်ကို မီးရှို့ဖေါက်ဖျက်ကြပြီးတဲ့နောက်
ခုရက်ပိုင်းမှာ အဖမ်းအဆီးတွေ ကြမ်းတမ်းလာပါတယ်။
07-04-2011 နေ့မှာ စောညီလေးနဲ့ စောနီ တို့နှစ်ယောက်ကို segamat မှာ မလေးရှားလ၀က
တို့ဖမ်းဆီးခြင်းခံရပြီး MKO မှ လိုက်၍ မရပဲ UNHCR ရုံးကိုသာ စာရင်းတင်ပြခဲ့ရပါတယ်။
အခုသီတင်းတင်နေချိန်မှာ MKO ရုံးအောက်မှာ အဖမ်းအဆီးရှိနေပြီး ချင်းလူမျိုးအများစုကို
ဖမ်းဆီးခေါ်ဆောင်သွားကြတာ တွေ့ရပါတယ်။
ချင်းအမျိုးသမီးတစ်ဦးမှာ ဖမ်းဆီးခြင်းခံရပြီး မိနစ်ပိုင်းမှာ သတိမေ့မျောသွားတာကို
တွေ့ရပါတယ်။
ခုချိန်မှာပဲ မလေးရှားရဲတွေက အရေးပေါ် ဆေးရုံကားပေါ်တင်ပေးလိုက်တာကိုလည်း
တွေ့ရပါတယ်။

Posted by sawdahbo2749@gmail,com at 2:12 AM
Labels: news

မလေးရှား လဝက ထိန်းသိမ်းရေးစခန်းအနီးမှ ကရင်တိုင်းရင်းသား ၂ ဦး အဖမ်းခံရ
2011-04-09

အခု သီတင်းပတ် စောစောပိုင်းက မလေးရှားနိုင်ငံ လင်းခေး လဝက စခန်း ဖောက်ထွက်ပြေးသူ မိတ်ဆွေတွေကို အကူအညီပေးနိုင်ဖို့ သွားရောက်ခဲ့တဲ့ မလေးရှားအခြေစိုက် MKO ကရင် တိုင်းရင်းသားအဖွဲ့ အဖွဲ့ဝင် နှစ်ဦးကို စခန်းအနီးမှာ စောင့်ကြည့်နေတဲ့ မလေးအာဏာပိုင်တွေက ဒီကနေ့ ဖမ်းဆီး ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။
ဒီအကြောင်းကို MKO အဖွဲ့ ဥက္ကဋ္ဌ မန်းးစိန်သန်းက RFA ကို အခုလို ပြောပါတယ်။

“လောလောဆယ် လူ ၂ ယောက် ပါသွားတယ်။ Community ကဒ် လောက်ပဲ ရှိတယ်။ အဆက်အသွယ်ရတယ် ဒါပေမယ့် လဝက ဖမ်းတာ ဖြစ်တဲ့အတွက် ကျနော်တို့ ဘယ်လိုမှ ထုတ်လို့ မရဘူး။ လင်းခေးစခန်းနားမှာတော့ အော်ပရာစီလို့ ခေါ်တဲ့ အော်ပရေးရှင်း ဝင်နေတယ်။ ဒီရက်ပိုင်းအတွင်း တောထဲမှာ အလုပ်လုပ်နေတဲ့ သူတွေကတော့ ရှောင်နေကြရတာပေါ့”

လင်းခေး လဝက စခန်းအနီး တောအုပ်တွေထဲမှာ စခန်းဖောက်ပြီး ထွက်ပြေးသူ ၈ဝ လောက် ပြန်ပြီး ဖမ်းဆီးမိခဲ့ရာမှာ အများစုကို ဒီတောအုပ်ထဲက ပြန်လည် ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။ တောအုပ်ထဲမှာ ရာဘာခြစ် လုပ်ငန်း လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံသား အလုပ်သမား အတော်များများ ရှိရာမှာ မသင်္ကာသူ၊ စာရွက်စာတမ်း မရှိသူတွေကို ဖမ်းဆီးနေပါတယ်။ MKO အဖွဲ့ဝင် နှစ်ဦးဟာလည်း အဲဒီ အနီးတဝိုက်ကိုသွားပြီး သတင်း စုံစမ်းနေချိန်မှာ အခုလို မလေးအာဏာပိုင်တွေက ဖမ်းဆီး ခေါ်ဆောင်သွားတာဖြစ်ပါတယ်။

Copyright © 1998-2011 Radio Free Asia. All rights reserved.

0 comments:

Post a Comment