+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Saturday, April 2, 2011

မိုက်မဲသူ

Source Photo from http://www.google.com/images

မိုက်မဲသူ

by Health Digest
Friday, 01 April 2011

ဖရန့်နဲ့ ဂျိုးဟာ သတင်း အစီ အစဉ်ကို အတူတူ ကြည့်နေကြတယ်။ ကိုယ့်ကိုယ်ကို သတ်သေမယ့်ပုံစံရှိတဲ့ လူတစ်ယောက်ဟာ တံတားပေါ်မှာရပ်နေပြီး သူ့ကိုရဲတွေက အောက်ဆင်းဖို့ ကြိုးစားနေကြတယ်။
အဲဒီအချိန်မှာ ဖရန့်က

"ဒီလူ ခုန်ကို ခုန်ချမယ်ကွာ ၅ဒေါ်လာကြေး မင်းလောင်းမလား"
"စိန်လိုက်လေ"

လို့ ဂျိုးက လည်း ပြန်ပြောတယ် သူတို့စိတ်ဝင်တစားနဲ့ကြည့်နေကြတာ မိနစ်အနည်းငယ်လောက်အကြာမှာ အဲဒီလူက ရုတ်တရက် တံတားပေါ်ကနေခုန်ချသွားခဲ့တယ်။

"ဒီမှာ မင်းရဲ့ ၅ဒေါ်လာ။ အဲဒီ လူ အဲလိုလုပ်မယ်လို့ ငါ လုံးဝ မထင်ထားဘူးကွာ"
လို့ ဂျိုးက ပြောလိုက်တယ်။

"ငါ မင်းပိုက်ဆံကို မယူပါဘူး ကွာ။ ဒီအဖြစ်အပျက်ကို စောစောက ၅နာရီသတင်းမှာ ပြပြီးသားကွ"
လို့ ဖရန့်က ဖွင့်ပြောလိုက်တယ်။

"မဟုတ်ဘူး၊ မဟုတ်ဘူး မင်းယူ ရမယ်"
လို့ ဂျိုးကလည်း မရမက ပြောတယ်။ သူက ဆက်ပြီး

"ငါလည်း ၅ နာရီသတင်းကို ကြည့်လိုက်ရပါတယ်ကွာ။
ဒီလူ အခုတစ်ခေါက်လည်း ထပ်ပြီးခုန်ချရလောက်အောင် မမိုက်မဲဘူးလို့ထင်လို့ပါကွာ။"

Source from Health Digest

0 comments:

Post a Comment