ခက်တော့ ခက်နေပါပြီ
by SHADE JournalFriday, 01 April 2011
လူ တစ်ယောက် အများသုံး အိမ်သာ ထဲဝင်ပြီး ကမုတ်ထဲ ထိုင်ရုံ ရှိသေးသည်။ ဟိုဖက်အိမ်သာထဲက လူက လှမ်း နှုတ်ဆက်သည်။
“ဟေ့လူ နေကောင်းလား”
ဒီလိုနေရာမျိုးမှာ အလာပ သလာပစကားပြောရတာ စိတ်မသက် မသာရှိလှသည်။ မကောင်းတတ်တော့လည်း ပြန် နှုတ်ဆက်ရသည်ပဲ။
“ကောင်းပါတယ်။ ကျေးဇူးပါ”
အသေအချာအကျအနထိုင်ပြီး ကိုယ့်ကိစ္စကိုဆက်ရှင်းမယ်ကြံကာ ရှိသေး၊ အလိုက်မသိတတ်သော ငနဲသားကထပ်မေးလာပြန်သည်။
“ခင်ဗျားဘာတွေအလုပ်ရှုပ်နေတာလဲဗျ”
ဟာ..ဒီလူတော့ ခက်ပြီ။ ဘာလဲကွာ ဒီလိုနေရာမျိုးမှာ ဒီလို ဂွတီးဂွကျမေးခွန်းမျိုးတွေ လာမေးနေရတာလဲ။ စိတ်ပေါက်ပေါက်နှင့် ဘုတောပစ်လိုက်သည်။
“ခင်ဗျားလိုပဲ ပေါ့ဗျာ”
ဘာပဲဖြစ်ဖြစ် လက်စသတ်ပြီး ထွက်သွား ဖို့ စိတ်ကူးလိုက်သည်။ ဒါ ပေမယ့် နောက်ထပ်မေးခွန်းတစ်ခုထပ်ထွက်လာပြန်သည်။
“ကျွန်တော်လာခဲ့မယ်ဗျာ..ရမလား”
“ဗုဒ္ဓေါ...ဒီလူဘယ်လို လူလဲ..ဝေးလား”
ဘာပဲဖြစ်ဖြစ် ကိုယ်ကျင်လည်ကျက်စား ရာနေရာ မဟုတ်လို့ သတိ တော့ထားနေရသည်။
ထောင်းကနဲထွက်လာသောဒေါသကို အသာချိုးနှိမ်လျက်အသံ ခပ်အုပ်အုပ်ဖြင့် ပြန်ဖြေလိုက်သည်။
“မလုပ်နဲ့လေဗျာ...ကျွန်တော်လည်းဒီမှာအလုပ်ရှုပ်နေတာ”
တစ်ဖက်က ဒုန်းကနဲတံခါးဆောင့်ပိတ် သံကြား လိုက်ရပြီး ဟိုဖက် ကပြန်ပြောသည်။
“နောက်မှပဲပြန်ဆက်တော့မယ်။ ဟိုဖက်အခန်းထဲက သောက်ပေါ တစ်ကောင်က ရူးသလိုနှမ်းသလိုနဲ့ ငါမေးသမျှပြန်လိုက်ဖြေနေလို့”
0 comments:
Post a Comment