Monday, 02 May 2011
ရွှေတိဂုံစေတီတော် ရင်ပြင်၌ ငါးနှစ်ကျော်ကြာ ပိတ်ထားခဲ့သည့် ကျောင်းသား သပိတ်ကျောက်စာကို အများပြည်သူ လေ့လာနိုင်ရန် ပြန်လည်ဖွင့်လှစ်ထားကြောင်း သတင်း ရရှိပါသည်။
အဆိုပါ ကျောင်းသားသပိတ် ကျောက်စာသည် ရွှေတိဂုံစေတီတော် ရင်ပြင်စနေထောင့်၌ တည်ရှိပြီး တားမြစ်ဧရိယာကန့်သတ်၍ ပိတ်ပင်ထားခဲ့ရာမှ နှစ်ဆန်း တစ်ရက်နေ့မှစ၍ ပြန်လည်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။
တားမြစ်ဧရိယာအဖြစ် ဒီနေရာကို ပိတ်ထားတာ ငါးနှစ်ကျော်ရှိပါပြီ။ ပိတ်ထားတာကလည်း သမိုင်းဝင် အထိမ်းအမှတ်ဖြစ်တာကြောင့် မသမာသူတွေ ဖျက်ဆီးလို့မရအောင် ထားသည့်နေရာများကို ၀င်ရောက်ပါ ထိရောက်စွာ အရေးယူမည်ဟု ထုတ်ပြန်ချက်များကိုလည်း ထုတ်ပြန်ထားပြီး အချို့တားမြစ်ချက်များမှာ အချိန်ကာလနှင့် အခြေအနေအရ ယာယီပိတ်ပင်သည့် နေရာများရှိကြောင်း သိရသည်။
အဆိုပါ ကျောင်းသားသပိတ် ကျောက်စာသည်မြန်မာသက္ကရာဇ် ၁၂၈၂ ခုနှစ် တန်ဆောင်မုန်းလပြည့် ကျော် ၈ ရက်နေ့က ရန်ကုန်ကောလိပ် ကျောင်းသားကြီး ၁၁ ဦးတို့ တွေ့ဆုံ၍ ရန်ကုန်ယူနီဘာစတီ အက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာအဓိဋ္ဌာန်ပြုသော နေရာဖြစ်ကြောင်း၊ ကျောင်းသားကြီး ၁၁ ဦးမှာ ဘခင်၊ ဘိုးကွန်း၊ ဘဦး၊ အောင်ဒင်၊ ထွန်းဝင်း၊ ဖေသိန်း၊ ဘရှင်(သံတွဲ)၊ ဘရှင်(ထားဝယ်)၊ ကေညီပိတ်၊လှတင်၊ မောင်ဧ တို့ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ကျောင်းသားသပိတ် ကျောက်စာအား အချိန်ကာလ အကန့်အသတ်မရှိ ဖွင့်လှစ်ထားမည် ဖြစ်ကြောင်း သိရသည်။
Source News from http://www.news-eleven.com
|
Tuesday, May 3, 2011
ငါးနှစ်ကျော်ကြာပိတ်ပြီး ပြန်ဖွင့်ပေးသည့် ကျောင်းသားသပိတ်ကျောက်စာ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment