+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Tuesday, May 3, 2011

နာဂစ်သုံးနှစ်ပြည့် Eleven Media Group မိတ်ဆွေ ဆရာဝန်များနှင့် စေတနာရှင်များ စုပေါင်းအလှူ

မုန်တိုင်းဒဏ်ခံ အဆောက်အဦ ပထမထပ်တွင် ရေစက်သွန်းချ အမျှဝေခြင်း ပြုလုပ်နေစဉ်


by Eleven Media Group
Monday, 02 May 2011

နာဂစ်သုံးနှစ်ပြည့် Eleven Media Group ၏ စတုဒီသာ အလှူကို မေလ ၁ ရက်နေ့က ဧရာဝတီတိုင်း ဒေသကြီး ဒေးဒရဲမြို့နယ် သကြားဟင်းအိုး ကျေးရွာရှိ မိတ်ဆွေ ဆရာဝန်များနှင့် စေတနာရှင်များ စုပေါင်း လှူဒါန်းထားသော မုန်တိုင်းဒဏ်ခံ ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပခဲ့သည်။

အဆိုပါ အလှူသို့ Eleven Media Group မှ တာဝန်ရှိသူများ၊ အနီးအနား ကျေးရွာများမှ ရွာသူရွာသားများ တက်ရောက်ခဲ့ကြပြီး၊ နံနက် ၁၀ နာရီ ၄၅ မိနစ် အချိန်ခန့်တွင် နှစ်ပင်တိုင်ဆရာတော် အရှင်ပညာဝံသက သီ လပေး တရားဟောကြားပြီး ငါးပါးသီလ ခံယူကာ နာဂစ်မုန်တိုင်းအတွင်း ကွယ်လွန်ခဲ့ကြသူများကို ရည်စူး၍ ရေစက်သွန်းချ အမျှပေးဝေမှုများ ပြုလုပ်ခဲ့ကြသည်။ ထို့အပြင် သကြားဟင်းအိုး အနီး ပါတ်ဝန်းကျင် ကျေးရွာများဖြစ်သော ဖိုးရှမ်းကြီး၊ ညီနောင်၊ စွယ်တော်ကုန်း၊ ကျုံဓမင်း၊ ကံဆိပ်၊ နှစ်ပင်ဆိုင် ကျေးရွာများမှ မူလတန်း ကျောင်းသား ၇၀၀ ခန့်အတွက် Eleven Exercise Book ဒါဇင် ၃၀၀ ကို လှူဒါန်းခဲ့သည်။

"နာဂစ်မုန်တိုင်း တိုက်ခတ်ခဲ့တုန်းက ငါးနှစ်အရွယ် သားတစ်ယောက်ရယ်၊ ခယ်မနဲ့ ယောက္ခမတို့ သေဆုံးခဲ့ပါတယ်။ အခု သုံးနှစ်ပြည့်ပြီ ဆိုပေမယ့် အားလုံးက မနေ့တစ်နေ့ကလိုပါပဲ။ အခုလည်း ဒီအလှူပွဲကို ၀ိုင်းဝန်း လုပ်အားလာပေးပြီး သူတို့နဲ့ တခြား ကွယ်လွန်သူတွေကို အမျှဝေပေးခဲ့ပါတယ်။ အခုနောက်ပိုင်း မုန်တိုင်းဆို အသံကြားတာနဲ့တင် ကြောက်နေကြပါပြီ။ ဒီကျောင်းက ဆရာတော်က ရေဒီယို နားထောင်ပြီး မုန်တိုင်းသတင်း ရှိပြီ ဆိုရင် လော်စပီကာနဲ့ အော်ပေးပါတယ်။ အဲဒီအခါ ရွာသူရွာသားတွေနဲ့ အနီနား ၀န်းကျင် ရွာတွေကပါ ဒီကျောင်းမှာ လာနေကြတယ်"ဟု အလှူပွဲသို့ လာရောက်သော သကြားဟင်းအိုး ကျေးရွာသူတစ်ဦးက ပြောပါသည်။
မုန်တိုင်းဒဏ်ခံ အဆောက်အဦအား သကြားဟင်းအိုးချောင်း အတွင်းမှ တွေ့ရစဉ်

မိတ်ဆွေ ဆရာဝန်များ၊ စေတနာရှင်များ စုပေါင်း လှူဒါန်းထားသည့် မုန်တိုင်းဒဏ်ခံ ဘုန်းတော်ကြီးကျောင်းကို နာဂစ်မုန်တိုင်း တစ်နှစ် မြောက်ခဲ့စဉ်က ရေစက်သွန်းချ လှူဒါန်းခဲ့ပြီး၊ နာဂစ် နှစ်နှစ်ပြည့်နှစ်တွင် Eleven Media Group မှ သကြားဟင်းအိုးကျေးရွာ၊ ဖိုးရှမ်းကြီးကျေးရွာ၊ စွယ်တော်ကုန်းကျေးရွာ၊ မကျီးကုန်းကျေးရွာ၊ ကျုံဓမင်းကျေးရွာနှင့် ညီနောင်ရွာတို့မှ ရဟန်းခြောက်ပါးနှင့် ရှင်အပါး ၁၀၀ ကို ရဟန်းခံ၊ ရှင်ပြု ပေးခဲ့ကာ နှစ်ပင်တိုင်ကျောင်း ဆရာ တော် အရှင်ပညာဝံသနှင့် သကြားဟင်းအိုးကျေးရွာ ဆရာတော် အရှင်ပုညောဘာသ တို့အား သိက္ခာထပ် အလှူပွဲကို ကျင်းပခဲ့သည်။

ယခု နာဂစ် သုံးနှစ်ပြည့်တွင် Eleven Media Group မှ နှစ်ပင်တိုင် ဆရာတော် အပါအ၀င် အနီးအနားရွာများမှ ပင့်သံဃာကိုးပါးတို့အား လှူဖွယ်ဝတ္ထု အစုစုတို့ဖြင့် ကပ်လှူပူဇော်ခဲ့ပြီး ကြွရောက်လာသော ရွာသူရွာသား မျာကိုလည်း နေ့လည်စာဖြင့် ကျွေးမွေး ဧည့်ခံခဲ့သည်။

Source News from http://www.news-eleven.com

ရင်ထဲမှာ ပီတိဖြစ်လွန်းအားကြီးလို့ နှလုံးသားထဲကနေ ဝမ်းမြောက်ဝမ်းသာစွာနဲ့
သာဓု ခေါ်လိုက်ရပါတယ်ခင်ဗျား
သာဓု....... သာဓု........ သာဓု........။
ကောင်းလေစွ။ ကောင်းလေစွ။ ကောင်းလေစွ။

(မင်းစိုးစံ)
အဝေးရောက် ကရင်ဒုက္ခသည်တဦး

0 comments:

Post a Comment