+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Wednesday, May 4, 2011

မစားရ ဝ ခမန်း

ဧရာဝတီတိုင်းဒေသကြီး ဒေးဒရဲမြို့နယ် သကြားဟင်းအိုးကျေးရွာရှိ စပါးအဓိက စိုက်ပျိုးသည့်
လယ်ကွင်းများအား မေလ ၁ ရက်နေ့က တွေ့ရစဉ်

ပြည်တွင်းဆန် ပိုလျှံမှုရှိပါက ပြည်ပသို့ ဆန်တင်ပို့မှုများ ပြန်လည် ခွင့်ပြုပေးသွားမည် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ပြောကြားခဲ့သည်။

ယခုအချိန်တွင် ပြည်ပသို့ ဆန်တင်ပို့လိုသည့် ကုမ္ပဏီတိုင်းအား ဆန်တင်ပို့ခွင့် လိုင်စင်များကို ချထား ပေးခြင်းမရှိဘဲ စိစစ်မှုများပြုလုပ်ကြောင်း သိရှိရသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က “ပို့ကုန်ပိုင်းမှာ အဓိကကျတဲ့ ဆန်နဲ့ပတ်သက်လို့ ကျွန်တော်တို့မှာ rice industry ဆိုပြီးရှိပါတယ်။ အဲဒီမှာ ဆန်ထွက်ရှိမှု၊ ဆန်စီးဆင်းမှု၊ ဆန်စားသုံးမှုကိစ္စတွေ တွက်ချက်နေပါတယ်။ တွက်ချက်မှုတွေပြီးရင် လယ်သမားတွေ အကျိုးရှိရမယ်။
စားသုံးသူတွေ ၀န်ထုပ်ဝန်ပိုးမဖြစ်အောင် ချိန်ဆပြီးဆန်ပိုလျှံမှုတွေရှိလာရင် ကျွန်တော်တို့ ပို့ခွင့်ပေးမှာပါ”ဟုပြောကြားခဲ့သည်။
ဆန်ထွက်ရှိမှု၊ ဆန်စီးဆင်းမှု၊ ဆန်စားသုံးမှုကိစ္စတွေ တွက်ချက် နေပါတယ်။ တွက်ချက်မှုတွေပြီးရင် လယ်သမားတွေ အကျိုးရှိရမယ်။ စားသုံးသူတွေ ၀န်ထုပ်ဝန်ပိုး မဖြစ်အောင် ချိန်ဆပြီး ဆန်ပိုလျှံမှု တွေရှိလာရင် ကျွန်တော်တို့ ပို့ခွင့်ပေးမှာပါ . . .

မြန်မာနိုင်ငံဆန်စပါး လုပ်ငန်းအသင်းမှ ဒုတိယဥက္ကဋ္ဌ ဦးအောင်သန်းဦးက “လက်ရှိအချိန်မှာ ဆန်တင်ပို့ခွင့်ခွင့်ကို ဘယ်သူ့ကိုမှ ခွင့်ပြုပေးတာ မရှိသေးပါဘူး။ ဆန်စပါး လုပ်ငန်းကနေ စီးပွားကူးသန်း ၀န်ကြီးဌာနကို ဆန်ထုတ်လုပ်နိုင်မှု၊ စားသုံးမှုနဲ့ ပိုလျှံမှုတွေကို တွက်ချက်ပြီး တင်ပြမှုတွေ ပြုလုပ်ထားပါတယ်”ဟု ပြောကြားခဲ့သည်။

ဆန်ကို ပြည်ပသို့ ၂၀၀၉-၂၀၁၀ ခုနှစ်တွင် တန်ချိန် ၉ သိန်းကျော် တင်ပို့နိုင်ခဲ့ပြီး ၂၀၁၀-၂၀၁၁ ခုနှစ်တွင်တန်ချိန် ၅ သိန်းကျော်သာ တင်ပို့နိုင်ခဲ့ကြောင်း သိရှိရသည်။

လက်ရှိအချိန်တွင် ကုမ္ပဏီအနည်းစုမှလွဲ၍ အခြားဆန်တင်ပို့လေ့ရှိသည့် ကုမ္ပဏီအများစုမှာ ပြည်ပဆန်တင်ပို့ခွင့် မရရှိသေးကြောင်းလည်း ဆန်လုပ်ငန်းရှင်များက ဆိုသည်။

“အခု ကုမ္ပဏီနည်းနည်းလေး ကလွဲပြီး ကျန်ဆန်ကုမ္ပဏီတွေ တင်ပို့ခွင့်မရသေးဘူး။ တစ်ကယ်လို့ ပိုလျှံ ဆန်ပမာဏရှိလာလို့ တင်ပို့ခွင့်ရမယ်ဆိုရင်တော့ ၀န်ကြီးမိန့်ခွန်းမှာ ပြောသွားသလို မျှမျှတတ တင်ပို့ခွင့် စနစ်ကိုသွားမယ်လို့ မျှော်လင့်ပါတယ်”ဟု ဆန်လုပ်ငန်းရှင်တစ်ဦး က ရှင်းပြခဲ့သည်။

သတ်မှတ်ချက်များ နှင့်အညီ ဆန်တင်ပို့ခွင့် ပြုပေးမည်ဖြစ်ပြီး လုပ်ငန်းရှင်များ ဘက်မှလည်း ဈေးနှုန်း အားတိကျမှန်ကန်စွာ တင်ပြလုပ်ကိုင်ကြရန်အတွက် ၀န်ကြီးမှ ထပ်မံပြောကြားခဲ့သည်။

အခြေခံစိုက်ပျိုး ထုတ်လုပ်သူများ အရင်းအနှီး ပိုမိုထည့်ဝင်ကာ တိုးတက်စိုက်ပျိုး ထုတ်လုပ်နိုင်ရန်အတွက် အထူးပြုကုမ္ပဏီများမှ တောင်သူများ အမှန်တစ်ကယ် လိုအပ်နေသည့် အကူအညီများကို ရှာဖွေကာထောက်ပံ့ပေးရန် လိုအပ်ကြောင်းလည်း ၀န်ကြီး က ပြောကြားခဲ့သည်။

Source News from http://www.news-eleven.com



Source Audio from http://www.voanews/burmese.com

Comments

0 #1 shawedharbo 2011-05-04 17:25
ခွီးးးး လာနောက်နေသလိုပဲ
ထွက်လို့ပိုတဲ့ဆန်ရောင်းစားဖို့အရင်စဉ်းစားနေတယ်
လုပ်ပိုင်ခွင့်ရ လုပ်ငန်းရှင်တွေ ၊ဘီလူးသရဲစီးနေတဲ့သူဋ္ဌေးကြီးတွေသိမ်းထားတဲ့ လယ်မြေတွေပြေလည်အောင်
အရင်ရှင်းပါဦးဗျာ။
ခင်ညားတို့ကလဲရောာင်းမယ်ဆိုတာကြီးပဲ
အိမ်ကမဒီကြီးလဲ မှားရောင်းမိဦးမယ်။
သွပ်သွပ်သွပ်သွပ်:P :P

0 comments:

Post a Comment