+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Wednesday, May 4, 2011

အမျိုးသမီးငယ်များ သွားလာနေထိုင်မှု သတိပြု

Source Photo from http://www.google.com/images

အမျိုးသမီးငယ်များ သွားလာနေထိုင်မှု သတိပြု

ယခုဈေးကွက်အတွင်း၌ စားသောက်ကုန်ပစ္စည်းများ အသွင် ကာမစိတ်ကြွဆေးများ ရှိနေခြင်း၊ ညစ်ညမ်း ဗီဒီယိုခွေများ အလွယ်တကူ ၀ယ်ယူရရှိနိုင်ခြင်းနှင့် စုံတွဲများကို ဗီဒီယိုကင်မရာဖြင့် ခိုးယူရိုက်ကူးပြီး ညစ်ညမ်းခွေအဖြစ် ဖြန့်ချိခြင်းများ ရှိလာသောကြောင့် အမျိုးသမီးများ ပိုမို သတိထားလာရကြောင်း သိရသည်။

စားသောက်ကုန်ပစ္စည်း အသွင်သဏ္ဌာန်ဖြစ်သည့် ကာမစိတ်ကြွဆေးဟူ၍ သတင်းထွက်ပေါ်နေသည့် ပစ္စည်း များမှာ ကော်ဖီမစ်၊ ပီကေ၊ သကြားလုံးတို့ဖြစ်ပြီး ယခုနောက်ပိုင်းတွင် မိန်းကလေးအချို့သည် ယောက်ျားလေး မိတ်ဆွေများက ကျွေးသည့် ပီကေ၊ သကြားလုံး၊ ကော်ဖီမစ်များအား မစားသုံးမိရန် ပိုမိုသတိထားလာရကြောင်း မိန်းကလေးများထံမှ သိရသည်။

ဈေးကွက်အတွင်းရှိ ကာမစိတ်ကြွစေသည့် သကြားလုံး၊ ပီကေ၊ ကော်ဖီမစ်များအား အရည်အတွက်များများ စားသုံးမိပါက မူးဝေခြင်း၊ ရင်တုန်ခြင်း၊ ကတုန်ကရင်ဖြစ်ခြင်း၊ အမူးလွန်ခြင်းကြောင့် သတိလွတ်ခြင်း စသည့် ခံစားချက်များကို ခံစားရနိုင်ကြောင်းနှင့် အချို့လူငယ်များသည် တစ်ခုတလေ စားသုံးမိပါက ဘာမှမဖြစ်နိုင်သော်လည်း မူးဝေသည့် အရသာကို ပိုမိုခံစားလို၍ အလွဲအသုံးချကာ များစွာစားသုံးခြင်းများ ဖြစ်နေကြောင်း လူငယ်များအကြား သတင်းများ ပျံ့နေသည်ဟု သိရသည်။

ထို့ပြင် ဈေးကွက်အတွင်း အလွယ်တကူ ၀ယ်ယူရရှိနေသည့် ကာမစိတ်ကြွ ဆေးများသည် ဆေးရည် ဆေးတောင့်၊ ဆေးလုံးပုံစံတို့ဖြင့်ဖြစ်ပြီး အချို့ဆေးများတွင် တရုတ်စာတန်း၊ ယိုးဒယားစာတန်းများ ပါတတ်ကြောင်း ရန်ကုန်မြို့တွင်း လူစည်ကားရာ နေရာများတွင် ရွေ့လျားဈေးသည်များ ပုံစံ၊ ဗန်းပေါ်တင်ရောင်းချသည့် ပုံစံများဖြင့် ရောင်းချလေ့ရှိကြောင်း ကိုယ်တိုင်မြင်တွေ့ခဲ့ရသူများက ဆိုသည်။

ညစ်ညမ်းခွေများ ရောင်းချရာတွင်လည်း အနော်ရထာ၊ မဟာဗန္ဓုလ လမ်းတစ်လျှောက် အပါအ၀င် လူစည်ကားရာ နေရာအချို့တွင် အလွယ်တကူ ၀ယ်ယူရရှိနိုင်ကြောင်းနှင့် ညစ်ညမ်းခွေများ ရောင်းချရာတွင် ကိုရီးယားဇာတ်လမ်းတွဲများ၊ သီချင်းခွေများ၊ ရိုးရိုးဇာတ်လမ်းခွေများနှင့် ရောနှောရောင်းချ နေခြင်းကြောင့် ညစ်ညမ်းခွေမဟုတ်ဘဲ ရိုးရိုးအခွေ ရွေးဝယ်သူ မိန်းကလေးများ အခြားယောက်ျားလေးများကြားတွင် အရှက်ရခဲ့ရကြောင်း ထို့ကြောင့် နောက်ပိုင်းတွင် အခွေဝယ်သည့် မိန်းကလေးများ ပိုမိုသတိထားလာရကြောင်း ကိုယ်တိုင်ကြုံရသူ မိန်းကလေးများထံမှ သိရသည်။

ထို့ပြင် သမီးရည်းစားစုံတွဲများ အတူသွားလာသည့် ပန်းခြံ၊ တည်းခိုခန်း၊ ဟိုတယ်များတွင် ဗီဒီယိုကင်မရာများဖြင့် ခိုးယူရိုက်ကူးပြီး ဖုန်းများ၊ အင်တာနက်များ၊ အခွေများဖြင့် ဖြန့်ဝေသူများရှိရာ ယင်းခွေများအတွင်း ပါဝင်သော မိန်းကလေးအချို့ ၎င်းတို့ ပတ်ဝန်းကျင်တွင် ဂုဏ်သိက္ခာထိပါး ခံရခြင်းများ ကြုံနေရပြီး နစ်နာနေကြောင်း သိရသည်။ ယင်းမိန်းကလေးများထဲတွင် မော်ဒယ်နှင့် မင်းသမီးအချို့လည်း ပါဝင်နေကြောင်း သိရသည်။

ထို့အပြင် အချို့ယောက်ျားလေးများသည် အနံ့အရသာမရှိသော အမှုန့်၊ အရည်ကဲ့သို့ ကာမစိတ်ကြွ ဆေးများကို ၀ယ်ယူကာ ၎င်းတို့၏ မိန်းကလေးရည်းစားများအား အစားအစာနှင့် ရေများအတွင်း မိန်းကလေးများမသိစေရန် ထည့်သွင်းတိုက်ကျွေးပြီး ကာမကိုရယူခဲ့သဖြင့် နစ်နာခဲ့ရသည့် မိန်းကလေးများလည်း ရှိနေကြောင်း လူငယ်များက ဆိုပါသည်။

ထို့အပြင် သားမယားအဖြစ် ပြုကျင့်မှုများတွင်လည်း ထိုဆေးဝါးများကို အသုံးပြု၍ ကျူးလွန်မှုများရှိ နေကြောင်းလည်း သိရသည်။
သားမယားအဖြစ် ပြုကျင့်ခံရသော အမှုခင်းများနှင့် ကြုံတွေ့ရင်ဆိုင်ရသည့်အခါ မိမိတို့နေထိုင်ရာ ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းအတွင်း အရှက်တကွဲဖြစ်မည်ကို စိုးရွံ့မှုကြောင့် လည်းကောင်း၊ မိမိဘ၀ရပ်တည်ရေးနှင့် ဆက်စပ်နေမှုကြောင့် လည်းကောင်း ကာယကံရှင်ကိုယ်တိုင် တိုင်ကြားမှု အားနည်းနေသေးကြောင်း လည်း ဆိုပါသည်။

မည်သူမဆို ညစ်ညမ်းသော စာအုပ်၊ စာအုပ်ငယ်၊ စာရွက်စာတမ်း၊ ရေးဆွဲသောပုံ၊ ပန်းချီကား၊ ပုံသဏ္ဌာန် ရုပ်ပုံတစ်မျိုးမျိုးကို သို့တည်းမဟုတ် ညစ်ညမ်းသော အရာဝတ္ထုကို ရောင်းခြင်း၊ ထုတ်ငှားခြင်း၊ ဝေငှခြင်း၊ အများ ပြည်သူတို့ မြင်သာအောင်ပြခြင်း၊ တစ်ခုခုကိုပြုလျှင် သို့တည်းမဟုတ် နည်းတစ်မျိုးမျိုးဖြင့် ဖြန့်ချိခြင်းပြုလျှင် သို့တည်းမဟုတ် ရောင်းခြင်း၊ ထုတ်ငှားခြင်း၊ ဝေငှခြင်း၊ အများပြည်သူတို့ မြင်သာအောင် ပြခြင်း၊ ဖြန့်ချိခြင်း ကိစ္စတစ်ခုခု အလို့ငှာပြုလျှင် သို့တည်းမဟုတ် ထုတ်လုပ်လျှင် သို့တည်းမဟုတ် လက်ရှိထားလျှင် ဤပုဒ်မအရ ပြစ်မှုမြောက်သော ပြုလုပ်မှုတစ်ခုခုကိုပြုရန် ကမ်းလှမ်းလျှင် သို့တည်းမဟုတ် အားထုတ်လျှင် ထိုသူကိုသုံးလအထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေချမှတ်ရမည် ဖြစ်ကြောင်း ပြစ်မှုဆိုင်ရာ ပုဒ်မ ၂၉၂အရ သိရသည်။

ထို့အတူ မည်သူမဆို တစ်ဆက်တည်းဖြစ်သော အထက်ပုဒ်မတွင် ဖော်ပြထားသည့် ညစ်ညမ်းသော အရာဝတ္ထုတစ်ခုခုကို အသက် ၂၀ မ ပြည့်သေးသောသူ တစ်ဦးတစ်ယောက် သို့ ရောင်းခြင်း၊ ထုတ်ငှားခြင်း၊ ဝေငှ ခြင်း၊ ပြခြင်း၊ ဖြန့်ချိခြင်းတစ်ခုခု ပြုလျှင် သို့တည်းမဟုတ် ထိုသို့ပြုရန် ကမ်းလှမ်းခြင်း၊ အားထုတ်ခြင်း တစ်ခုခုပြုလျှင် ထိုသူကို ခြောက်လ အထိ ထောင်ဒဏ် တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ် စေချမှတ်ရမည် ဖြစ်ကြောင်းပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၉၃ အရသိရသည်။

မည်သူမဆို အဖွဲ့အစည်း တစ်ခုခု သို့မဟုတ် ပုဂ္ဂိုလ်တစ်ဦးဦးကို ထိခိုက်နစ်နာစေရန် ဖြစ်စေ၊ ဂုဏ်သိ က္ခာကျဆင်းစေရန် ဖြစ်စေ သတင်းအချက်အလက်ကို အီလက်ထရော နစ်နည်းပညာဖြင့် ပြုလုပ်ခြင်း၊ ပြုပြင် ခြင်းသို့မဟုတ် ပြောင်းလဲခြင်း၊ ထိုသို့ပြုလုပ်ခြင်း၊ ပြုပြင်ခြင်းသို့ မဟုတ် ပြောင်းလဲခြင်း ပြုလုပ်ထားသည့် အချက်အလက်ကို ဖြန့်ချိခြင်း စသည့်ပြုလုပ်မှု တစ်ရပ်ရပ်ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်း ခံရလျှင် ထိုသူအား ထောင်ဒဏ်ငါးနှစ်အထိဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည် ဖြစ်ကြောင်း အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေပုဒ် မ၃၄(ဃ)တွင် ပြဋ္ဌာန်းထားချက်အရ သိရသည်။

Source News from http://www.news-eleven.com

0 comments:

Post a Comment