+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Sunday, May 15, 2011

ကရင်လူထုအတွက်ငါဘာလုပ်ပေးနိုင်မလဲ


ကရင်လူထုအတွက် ငါဘာလုပ်ပေးနိုင်မှာလဲ
(မင်းစိုးစံ)

ပတ်ဝန်းကျင်မှာ နေရောင်က မလင်းတလင်း။ အဲဒါနဲ့ဘလော့ဂ်ထဲကို ၀င်ကြည့်လိုက်တော့ ကျုပ်တင်ထားတဲ့အ ကြောင်းအရာ တခုပျောက်သွားတယ်။ အဲဒါပိုသေခြာအောင်ဆိုပြီး ဘလော့ဂ်ထဲကိုပြန်ဝင်လိုက်တော့ ဘာပြော ကောင်းမလဲဆောရီးတဲ့။ အဲဒါနဲ့ ဟိုအိမ်လျှောက်လည် ဒီအိမ်လျှောက်လည်နဲ့ နောက်ပိုင်း ဆရာမန်းကိုကိုအိမ် ကိုရောက်သွားတော့မှ အခြေအနေမှန်ကို သိလိုက်ရတယ်။ ပထမတော့ပူထူပြီး ဘန်ကောက်က ကျုပ်တူမကို လည်းမေးလိုက်သေးတယ်။

မန်းကိုကို
မနေ့က တင်လိုက်တဲ့ပို့စ် ပျောက်နေလို့ ဆောရီးပါ ၊ blogspot ပြဿနာရှိတာ ခုမှသိရတယ်
http://mahnkoko.blogspot.com/

နောက်တအိမ်ကိုရောက်သွားတော့ အခုလိုရေးထားတာတွေ့ရပြန်တယ်။

ဂူးဂဲလ်နှင့် ဖေ့ဘွတ် ရန်ဖြစ်၊ ဘလော့တွေ ရပ်တန့်သွား
ဂူးဂဲလ်နှင့် ဖေ့ဘွတ် ရန်ဖြစ်နေကြသည်။ ဖေ့ဘွတ် တည်ထောင်သူ မြန်မာအမျိုးသမီးငယ် မဇကာပေါက် နှင့် ဂူးဂဲလ် စီအီးအို လယ်ရီပေ့ခ်ျတို့ရန်ဖြစ်ခြင်းကြောင့် ဂူးဂဲလ်မှ support လုပ်ထားသည့် ဘလော့စနစ် ယမန်နေ့က ကြောင်တောင်တောင် ဖြစ်သွားသည်။

"ဒါ ကျွန်မနဲ့ရန်ဖြစ်တဲ့အတွက် ဂူဂဲလ်က မြန်မာတွေကိုရန်ငြိုးထားပြီး မြန်မာဘလော့တွေကို ဖတ်မရအောင် လုပ် လိုက်တာဖြစ်ပါတယ်" ဟု မဇကာပေါက်က မြန်မာပီပီ ဒေါသတကြီးပြောသည်။

ယမန်နေ့က မြန်မာဘလော့များအပါအ၀င် အခြားဘလော့များလည်း ကြောင်တောင်တောင်ဖြစ်ခဲ့သည်။

"သူတို့နှစ်ယောက်ရန်ဖြစ်ကြတာ ကောင်းတာပေါ့ဗျာ။ ကျွန်တော်တို့ပို့စ်တင်လို့မရဖြစ်နေတော့၊ ဒီနေ့အနား ရ တာပေါ့။ လယ်ရီပေ့ခ်ျက ဘလော့ဂါတွေပင်ပန်းမှာစိုးလို့ အခုလိုလုပ်လိုက်တာထင်ပါတယ်။ အနားယူနိုင်ကြ စေဖို့ စေတနာနဲ့လုပ်လိုက်တာဖြစ်မှာပါ " ဟု BSN မှ တောက်တိုမယ်ရ ဇီးကွက်မျက်ပြူးက မျက်လုံးပြူးပြကာ ပြောသည်။

BSN တွင် ၁၃ မေ၊ နေ့စွဲဖြင့် ည သန်းခေါင်ယံခန့်က ပို့စ်နှစ်ခုတင်ခဲ့သော်လည်း အဆိုပါပို့စ်များ တစ်ရက်တာ
ပျောက်ဆုံးခဲ့သည်။
http://www.burmastrangenews.com/

နောက်တော့ ဟိုလည်ဒီလည်နဲ့ စာတကြောင်းသွားတွေ့တယ်
ဝန်ကြီးချုပ် ဗိုလ်မှူးချုပ်ဇော်မင်း ကရင်ပြည်နယ်နဲ့ ကရင်လူထုအတွက် ဘာလုပ်မလဲ......?

အဲဒါနဲ့အဖြေလိုက်ရှာကြည့်တော့ အခုလိုတွေ့တာ နဲ့ ကူးချလိုက်တယ်။

ဗိုလ်မှူးချုပ် ဇော်မင်းသည် သူ့လက်အောက်ရှိ ဌာနဆိုင်ရာ ပြည်နယ်အဆင့်များကို ဆဲဆိုကြိမ်းမောင်း ထိုးကြိတ် ခဲ့မှုသည် တနှစ်လျှင်အနည်းဆုံး ၁၀ ကြိမ်ထက်မနည်းရှိခဲ့သည့်အတွက် ဌာနဆိုင်ရာပြည်နယ်အဆင့်ရှိ ၀န်ထမ်း များမှာ ကြောက်ရွံ့နေကြရသဖြင့် ၄င်းဝန်ထမ်းများသည် ကရင်ပြည်နယ်မှ ပြောင်းရွေ့ ခွင့်ရအောင် ကြိုးစားနေ ကြကြောင်း။

ကရင်ပြည်သူအတွက် မည်သည့်တိုးတက်မှုများကိုမျှ တာဝန်ထမ်းဆောင်စဉ်ကာလမှ ယနေ့တိုင်လုပ်မပေးပဲနှိပ် ကွပ်လျက်ရှိပြီး ကရင်လူမျိုးများအချင်းချင်း မသင့်မြတ်အောင်လုပ်ဆောင်နေခြင်း၊ ငြိမ်းချမ်းရေးအဖွဲ့ဝင်များကို အစိုးရနှင့် မသင့်မမြတ်ဖြစ်အောင် လုပ်ဆောင်ဖန်တီးခြင်း၊ လာဘ်အကြီးအကျယ်စားခြင်း။
Source from http://www.skykaren.com/

ထားလိုက်ပါတော့ ဗိုလ်မှူးချုပ် ဇော်မင်းကိုမပြောနဲ့ အခုသမ္မတဖြစ်နေတဲ့ မောင်သိန်းစိန်ကိုပဲကြည့် ဘယ်နေရာ မှာ အပြောအဆိုမှားသွားတယ်မသိဘူး အာဆီယံအစည်းအဝေးမှာ လက်ဆွဲနှုတ်ဆက်ဘို့အတွက် သူတို့ရဲ့အဖေ ကြီးဆီက အမိန့်ရမှ လက်ဆွဲနှုတ်ဆက်ရဲတယ်ဆိုပဲ။

Source Photo from http://www.niknayman-niknayman.co.cc

ကျုပ်ထင်တာကတော့ သန့်ရှင်းတဲ့အစိုးရ၊ ကောင်းမွန်တဲ့အစိုးရ ဆိုတဲ့စကားကြောင့်လို့ထင်တာပဲ။ ဦးနေ၀င်းတုန်းက အနိုင်ရတဲ့ပါတီကို ချက်ခြင်းအာဏာလွှဲပေးမှာပါ လို့ ပြောလိုက်မိတဲ့ ဗိုလ်ချုပ်စောမောင်ကို ပါးရိုက်လွှတ်လိုက်တယ်ဆိုပဲ။ ဒီတော့မောင်သိန်းစိန်လည်း နည်းနည်းလန့်နေတာဆိုတော့ လက်ဆွဲဘို့အရေး မရဲတရဲဖြစ်နေရှာမှာပေါ့လေ။
မောင်ဇော်မင်းလောက်ကတော့ လုပ်နေကျအတိုင်းလုပ်ရုံကလွဲပြီး ဘာမျှလုပ်မှာမဟုတ်ဘူးဆိုတာ ပြောနေစရာ မလိုဘူးထင်တာပဲ။

အဲဒါက ကျုပ်တို့နဲ့ဝေးလွန်းတယ်။ အနီးအနားကိုကြည့်လိုက်ကြစို့။ ဒုက္ခသည်စခန်း။ တာဝန်ရှိတဲ့လူတွေ ဒုက္ခသည်တွေအတွက် ဘာလုပ်ပေးနိုင်သလဲဆိုတာ။
အပေါင်ခံပစ္စည်းမပါလျင် ငွေတထောင်ချေးလျင် အတိုးနှစ်ရာနော။


အသေအခြာဖတ်ချင်လျင် ပုံစာပေါ်ကိုကလစ်လိုက်ပါ
ပိုပြီးသေသေခြာခြာ သိချင်လျင်တော့ အောက်ကအသံဖိုင်ကို နားဆင်ကြည့်ပါ။




Source Audio from http://www.dvb.no

စစ်အာဏာရှင်တွေက ဘာလုပ်ပေးမလဲဆိုတာ မေးမယ့်အစား ဘဝတူတွေကို တတ်နိုင်တဲ့ဘက်က ကူညီကြပါစို့။

ကျန်းမာချမ်းသာကြပါစေ။
မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

0 comments:

Post a Comment