တပ်မဟာ(၇) တပ်မဟာမှူးထိန်မောင်၏ မိန့်ခွန်းကောက်နှုတ်ချက်
တော်လှန်တဲ့ KNLA ရဲဘော်များနဲ့ မဟာမိတ်တပ်မတော်သားအားလုံးဟာ
တပ်ပေါင်းစုနဲ့အောင်ပွဲခံမယ်ဆိုတာကို အတွေးအခေါ်အရ ရှင်းနေရမယ်။
ဒို့ဟာ ရန်သူကို နိုင်ငံရေး၊စစ်ရေးထိုးစစ်တွေနဲ့ လက်တွေ့စစ်ဆင်တဲ့အခါ
အားသာချက်တွေအများကြီးနဲ့ အားနည်းချက်တချို့ တွေ့လာရ လိမ့်မယ်။
ကြုံတွေ့လာမယ့်အားနည်းချက်တချို့ကို တဆင့်ပြီးတဆင့် မှန်မှန်ကန်ကန်
ဖြေရှင်းသွားကြရလိမ့်မယ်။
ဒီလိုဖြေရှင်းသွားနိုင်ရင် အောင်မြင်မှုပိုရပြီး တိုးတက်မှုတွေကြီးကြီးမားမား
ဖြစ်လာလိမ့်မယ်။
ဒါကြောင့် ရဲဘော်တို့အားလုံးဟာ နိုင်ငံရေး၊ စစ်ရေး၊ စည်းလုံးရေး၊ အုပ်ချုပ်ရေးတွေကို
နားလည်တတ်ကျွမ်းထားကြရမယ်။
(ဒေါနအောင်ပွဲစာစောင်)
တပ်ပေါင်းစုနဲ့အောင်ပွဲခံမယ်ဆိုတာကို အတွေးအခေါ်အရ ရှင်းနေရမယ်။
ဒို့ဟာ ရန်သူကို နိုင်ငံရေး၊စစ်ရေးထိုးစစ်တွေနဲ့ လက်တွေ့စစ်ဆင်တဲ့အခါ
အားသာချက်တွေအများကြီးနဲ့ အားနည်းချက်တချို့ တွေ့လာရ လိမ့်မယ်။
ကြုံတွေ့လာမယ့်အားနည်းချက်တချို့ကို တဆင့်ပြီးတဆင့် မှန်မှန်ကန်ကန်
ဖြေရှင်းသွားကြရလိမ့်မယ်။
ဒီလိုဖြေရှင်းသွားနိုင်ရင် အောင်မြင်မှုပိုရပြီး တိုးတက်မှုတွေကြီးကြီးမားမား
ဖြစ်လာလိမ့်မယ်။
ဒါကြောင့် ရဲဘော်တို့အားလုံးဟာ နိုင်ငံရေး၊ စစ်ရေး၊ စည်းလုံးရေး၊ အုပ်ချုပ်ရေးတွေကို
နားလည်တတ်ကျွမ်းထားကြရမယ်။
(ဒေါနအောင်ပွဲစာစောင်)
မချစ်သော်လည်း အောင့်ကာနမ်း
မနမ်းသော်လည်း ပင့်သက်ရှူ
(မင်းစိုးစံ)
ရေခဲတွေအရည်ပျော်ကုန်လို့ သစ်ပင်ပေါ်မှာ ရှဥ့်ကလေးတွေ လျှောက်ပြေးနေသလို အရွက်စိမ်းစိမ်းနုနုလေးတွေ ကြားကငှက်ကလေးတွေရဲ့အသံတွေကလည်း အနီးအနားပတ်ဝန်းကျင်မှာ တစာစာနဲ့နားဝင်ငြိမ့်ညောင်းလိုက် ပါဘိ။မနမ်းသော်လည်း ပင့်သက်ရှူ
(မင်းစိုးစံ)
သစ်ရွက်တွေကြွေလိုက် ရေခဲတွေဖုံးလိုက် ရေခဲတွေအရည်ပျော်သွားလိုက် ရွက်နုတွေဝေလိုက် မြက်ပင်လေး တွေစိမ်းလိုက် ရောင်စုံပန်းတွေပွင့်လိုက် တပြန်ပြီးတပြန် အချိန်တွေပြောင်းလာသလို လွန်ခဲ့တဲ့၂၀၀၃ ခုနှစ် ကရင်အမျိုးသား အာဇာနည်နေ့ကို ပြန်သတိရမိတယ်။ အခုဆိုကျုပ်ရဲ့ ဆံပင်တွေလည်းဖြူကုန်ပြီ အင်းပေါ့လေ အချိန်ကစကားပြောလာပြီဆိုတော့ အရွယ်ကလည်းဘယ်နေပါ့မလဲ။
အဲဒီတုန်းက ဆရာတီမိုသီကို ကျုပ်တို့မြို့ကပန်းခြံတခုမှာ တွေ့လိုက်မိတယ်။ သူ့ဇနီးသည်သြစတြေးလျားသူနဲ့ ပေါ့။ သူပြောသွားတဲ့ ကရင့်အမျိုးသားအာဇာနည်နေ့မိန့်ခွန်းကတော့ အားမာန်အပြည့်နဲ့ကြက်သီးမွှေးညင်းထ လောက်ပါပေတယ်။
၂၀၀၇ ရောက်တော့ ဖူးထင်မောင်နဲ့အတူထော့ကိုကိုးမှာ ငြိမ်းချမ်းရေးကောင်စီဖွဲ့လိုက်တယ်ဆိုတာသိရပြန်တယ် ဒီလိုနဲ့ ၂၀၁၀နှစ်ကုန်ပိုင်းလောက်မှာတော့ ငြိမ်းချမ်းရေးကောင်စီရဲ့ အခြေအနေက သိပ်မဟန်တော့ဘူးဆိုတာ ကို ဆရာတီမိုသီက ဆက်သွယ်မေးမြန်းခန်းတချို့မှာ အခုလိုပြောသွားတာကြားလိုက်ရပါတယ်။
အဲဒီတော့ ဗမာစစ်အုပ်စုက ဘာပြန်ပြောတယ်မှတ်လဲ။ ဆရာတီမိုသီပြောပြတာကို နားဆင်ကြည့်ပါ။
Source Audio fro http://www.dvb.no
Source Audio from http://www.dvb.no
သူကတော့ပြောပါတယ် တိုင်းသူပြည်သားတွေဒုက္ခရောက်မှာစိုးလို့ တဲ့လေ။ BGF ကလည်း အဲလိုပဲပြောတယ် မင်းစဉ်းစားကြည့်ကွာတဲ့ ငါတို့က ခေါင်းငြိမ့်လိုက်တော့ ငါတို့ခွင်(ဂွင်)မှာ တောင်ယာတွေကောင်းကောင်းလုပ် လို့ရတယ်၊ ပဲတွေရောင်းလို့ရတယ်၊ လူထုဘာမျှထိခိုက်နစ်နာဆုံးရှုံးတာမရှိဘူး။ ဗိုလ်မှူးစောလားပွယ်ရဲ့ ခွင်ကို မင်းကြည့်စမ်း လူထုဘယ်လောက်ဒုက္ခရောက်သလဲ။ အကြွေးတွေတင် စားနပ်ရိက္ခာတွေပြတ်။ ကဲ ဘယ်သူလာ ကူလို့လဲ။ တခြားလူကိုမပြောနဲ့ မင်းရော သူတို့ကိုဘာတွေကူလို့တုန်း။ အဝေးကနေ တောပြောတောင်ပြောလုပ် နေတာ။ မင်းနော် ငါ့အနားမှာမင်းရှိလျင် မင်းကိုငါတခုခုလုပ်မိမှာပဲ။ မင်းမှတ်ထား အရည်ခွံပြောင်းပေမယ့် စိတ်ထားမပြောင်းဘို့လိုတယ်။ တိရိစ္ဆာန်တောင်မျှ သူ့အမျိုးသူချစ်သေးတာ ငါလူကွ လူ။ ဆိုပြီးဖုံးချသွားတယ်။
သူကိုယ်တိုင်ဒီလိုပြောနေမှတော့ ကရင်ပြည်နယ်ဝန်ကြီး ဗိုလ်မှူးချုပ်ဇော်မင်းကပြောတော့မှာပေါ့ ကရင်ပြည်နယ်မှာ အခြားပြည်နယ်တွေလိုပဲ ငြိမ်းချမ်းရေး အသီးအပွင့်တွေကို ဆွတ်ယူစားသုံးနေကြရပြီ ဆိုတာလေ။ ဒါဆိုလျင် ကရင်လူမျိုးတွေတကယ်ငြိမ်းချမ်းတိုးတက်ပါရဲ့လားဆိုတာကို ဆရာတီမိုသီပြောသွားတဲ့ စကားတွေကို ထပ်ပြီးနားဆင်ကြည့်ကြရအောင်လား။
Source Audio from http://www.dvb.no
Source Audio from http://www.dvb.no
ကျုပ်တို့ဆိုတာက ကရင်အားလုံးကိုပြောနေတာ ဟိုကရင် ဒီကရင် သူ့ခွင်ငါ့ခွင် ခွဲပြောနေတာမဟုတ်ဘူး။ ကိုယ့်အချင်းချင်းတောင်မျှ အပေါက်အလှမ်းမတည့်လျင် ဘာဆက်လုပ်စရာရှိလို့တုန်း။
ကျန်းမာချမ်းသာကြပါစေ။
မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး





0 comments:
Post a Comment