+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Friday, May 13, 2011

အ၀ီစိရေသန့်စင်မှုမရှိ၍ တစ်နိုင်တစ်ပိုင်သန့်စင်သုံးစွဲနေရ

ဆန်ခါပေါက်ပါဝင်သည့် ခြင်းတောင်းတစ်ခုအတွင်း အ၀တ်ပိတ်ပါးတစ်ခုစွပ်ကာ ကျောက် စရစ်၊သဲနှင့်ဖွဲပြာတို့အား အချိုးကျ ရောစပ်၍ အဆိုပါတောင်းအတွင်းသို့ ရေကိုဖြတ်သန်း စီးဆင်းစေခြင်းအား ဖြင့် ပြန်လည်သန့်စင်ကြခြင်းဖြစ်ကြောင်း သိရပါသည်။

အ၀ီစိရေသန့်စင်မှုမရှိ၍

တစ်နိုင်တစ်ပိုင် သန့်စင်သုံးစွဲနေရ

Thursday, 12 May 2011

မြို့သစ်မြို့နယ် အချို့တွင် နေထိုင်သူများ သုံးစွဲသည့် အ၀ီစိရေမှာ ကြည်လင်သန့်စင်မှု မရှိ၍ တစ်နိုင် တစ်ပိုင် ရေသန့်စင်မှုများပြုလုပ်ကာ သုံးစွဲနေရကြောင်း သိရသည်။

မြို့သစ်မြို့နယ်များတွင် ရေရရှိရေးအတွက် အဓိကအားထားနေရသည့် ရေအရင်းအမြစ်များမှာ ကန်ရေ၊ အ၀ီစိတွင်းရေများ ဖြစ်ကြပြီး အချို့သော အ၀ီစိရေတွင်းများမှ ရေများမှာ ကြည်လင်သန့်စင်မှုမရှိ၍ ပြန်လည်သန့်စင်မှုများ ပြုလုပ်ကာ သုံးစွဲနေရကြောင်း မြို့သစ်များတွင် နေထိုင်သူများထံမှ သိရှိရပါသည်။

အ၀ီစိတွင်းရေကို တွင်းထဲကနေ ထွက်လာတဲ့အတိုင်း သုံးလို့မရဘူး။ မသန့်စင်ဘဲ အ၀တ်လျှော်ရင် ဆပ်ပြာ တိုက်တာတောင်မှ ဘယ်လောက် တိုက်တိုက်ဆပ်ပြာ အမြှုပ်မထွက်ဘူး၊ အ၀တ်တွေလည်း ချေးမပြောင်သလို ဆွေးလွယ်တယ်။ ရေစိမ်းသောက်ရင် ဖန်ပြီး ရေနွေးကြိုသောက်ရင်လည်း လက်ဖက်ခြောက်ခပ်တဲ့အခါ အရောင် က အပြာရောင် ပြောင်းသွားတယ်။ ဒီ မြို့နယ်က လူတော်တော်များများက အ၀ီစိတွင်းရေကို မသောက်ကြဘူး။ ကန်ရေကိုပဲ သောက်ကြတယ်။ အ၀ီစိတွင်းရေကို သုံးရေအတွက်ပဲ အသုံးပြု ကြတယ်။ သုံးရေအတွက်ဆိုရင်လည်း အ၀ီစိရေကို ပြန်သန့်စင်ပြီးတော့ မှပဲသုံးကြပါတယ်
ဟု လှိုင်သာယာ မြို့နယ်တွင်နေထိုင်သူက ဆိုသည်။

အ၀တ်လျှော်၊ ပန်းကန်ဆေးက အစ တွင်းရေကိုသုံးရေအဖြစ် မနက်သုံးလို့ရအောင် သန့်စင်ညဥ့်သိပ်ထား ပြီးသုံးမှ အဆင်ပြေပါတယ်။ ကိုယ်ပိုင် အ၀ီစိတွင်းရှိတဲ့သူတွေကျတော့ မိသားစု သုံးဖို့ တစ်နိုင်တစ်ပိုင်ပြန် သန့်စင်ပြီး အသုံးပြုကြသလို အ၀ီစိတွင်းမရှိတဲ့ သူတွေကျတော့ သူများဆီကနေ ရေတစ်ပုံးကျပ် ၅၀ နှုန်းနဲ့သုံးရေအတွက် ပြန်ဝယ်သုံးကြတယ်။ သောက်ရေ အတွက်ကိုတော့ ကန်ရေကိုပဲသောက် ကြပါတယ်
ဟု လှိုင်သာယာမြို့နယ် ၁၅ ရပ်ကွက်နေ ဒေါ်မြင့်က ပြောပြခဲ့ ပါသည်။

Source from http://www.news-eleven.com

0 comments:

Post a Comment