(မင်းစိုးစံ)
အဘိုးအဘွားတွေက
ငါတို့တတွေကို
အသေအခြာမှာထားခဲ့တာပါ
အလှမမက်နဲ့ ညစာခက်မယ်ဆိုပဲ။

နေ့စာပါခက်ကြလေတော့
ဘ၀တွေပျက်
ညဥ့်ငှက်ဖြစ်သွား
အသွေးအသားကိုရောင်းချမှ
ထမင်းစားရတဲ့အဖြစ်
မြေးတို့ကိုအပြစ်မတင်ပါနဲ့ အဘိုးရယ်။

အပျိုဖေါ်ဝင်စ,အဘိုးရဲ့မြေးမ,လေး
ပါကင်ဖွင့်တဲ့ငရဲခန်းကိုသွားဘို့
ဖေါ်မပြရဲတဲ့အကြိုဝေဒနာများနဲ့
တ၀မ်းစာစားရ,မယ့်အရေး
မျက်နှာကိုဆေးချယ်သ,
အလှမမက်ပေမယ့်
အလှကို ဖက်တွယ်နေရပြီ။
အဘိုးမတော်လှန်ရဲခဲ့လို့မြေးတို့တတွေရဲ့အခြေအနေ
ကလေက၀,အတန်းအစားထဲရောက်
အနာဂတ်တွေပျောက်ကြရသလို
အဘိုးမြေးရဲ့ နောက်ပေါက်မြေးတွေ
အနာဂတ်ထွန်းတောက်ရေးအတွက်
အဘိုးရဲ့နေရာကိုရောက်လာမယ့်
ဟောဒီကအဘိုးရဲ့မြေးခမျာ
သွေးဆာနေတဲ့ငရဲခန်းထဲ
အံကြိတ်ကြေကွဲနေရပါတယ်။
ဘာမျှမတတ်နိုင်တဲ့အဖြစ်မို့ဆို့နစ်နာကျည်းခြင်းကြီးစွာနဲ့
ဆုတောင်းမိတာက
ဗမာစစ်အစိုးရ
အမြစ်ပါမကျန်
မြန်မြန်ကျဆုံးပါစေ။
မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)
ဓါတ်ပုံများကို http://www.google.com/images ကနေရ,ယူထားပါတယ်။













































