အထင်မှားလို့ အသားနာရတယ်
အသက် ၄ဝနား ကပ်နေပြီး ဖြစ်သော်လည်း အခုထိ အိမ်ထောင်မပြုသေးသည့်
မစ္စတာအန်ထော်နီသည် မျက်လုံးအောက်တွင် ညိုမဲသော ဒဏ်ရာဖြင့် ရုံးသို့
ရောက်လာသည်။ ရုံးသူရုံးသားများက အကြောင်းရင်းကို ဝိုင်းမေးကြသည်။
"ကျွန်တော် ပြောပြတာကို ခင်ဗျားတို့ ယုံချင်မှ ယုံကြမယ်။ ဒီနေ့ မနက် အိပ်ရာထ
နောက်ကျသွားတယ်။ ရုံးကို အချိန်မီ ရောက်အောင် အဝတ်အစား
ကမန်းကတန်းဝတ်တယ်။ အဲဒီမှာတင် ဘောင်းဘီက ဒုက္ခပေးတော့တယ်။
အတင်းဆွဲဝတ်ရင်းနဲ့ ရှေ့ကြယ်သီး သုံးလုံးစလုံး ပြုတ်ထွက်သွားတယ်။
အဲဒါနဲ့ ဘောင်းဘီကို ဝတ်ထားရက်တန်းလန်းနဲ့ ဘေးအိမ်က မေရီကို ကြယ်သီး
ပြန်တပ်ပေးဘို့ အကူအညီ တောင်းတယ်"
"ဆက်မပြောနဲ့တော့ ကျုပ်တို့ သဘောပေါက်ပြီး၊ ကြယ်သီးပြုတ်နေတဲ့
ဘောင်းဘီကို ကြည့်ပြီး သူ့ကို လာစော်ကားတယ်လို့ မေရီက ယူဆပြီး ခင်ဗျားကို
ဆော်ပလော်တီးလိုက်တယ်။
ဟုတ်တယ် မဟုတ်လား"
"မဟုတ်ပါဘူး၊ ကျွန်တော့ စကားကို ဆုံးအောင် နားထောင်ကြပါအုံး၊ ကျွန်တော်
ရိုးရိုးသားသား အကူအညီ တောင်းတယ်ဆိုတာ မေရီက နားလည်ပါတယ်။
ဒါကြောင့် မငြင်းဆန်ဘဲ ကြယ်သီးတပ်ပေးတယ်။
ဒါပေမယ့် ဖြစ်ချင်တော့ သူ့ဆီမှာ ကပ်ကြေးမရှိဘူး။
ကြယ်သီးတပ်ပေးပြီး ထွက်နေတဲ့ အပ်ချည်ကို ပါးစပ်နဲ့ကိုက်ဖြတ်ပေးချိန်မှာ
အခန်းထဲကို သူ့ယောက်ျား ဝင်လာတယ်ဗျာ"
Source from
http://strangemask.blogspot.com/2010/07/blog-post_15.html
http://strangemask.blogspot.com/2010/07/blog-post_15.html
0 comments:
Post a Comment