အကျနာလွန်းတဲ့ဘ၀ နာလန်ထဘို့ လွယ်ပါ့မလားလို့ မေးသွားတယ်။
အူမ,မတောင့်လျင် သီလ,စောင့်နိုင်ပါ့မလားတဲ့။
တပြားမရှိ တပည့်မရှား
ပီတိကိုစား အားရှိပါ၏ တဲ့။
မဆလ န၀တ နအဖ ဆိုတဲ့ အဖွဲ့နာမည်လေးသာပြောင်းသွားတယ်
ကျောင်းဆရာ တွေအဘို့ကတော့ နာသုံးနာနဲ့ ဆရာလုပ်နေရ ပေမယ့် စာသင်ပေးနေရင်း
ညနေ အိမ်ပြန်ရောက်လို့ ချက်စားစရာ ဆန်မရှိပါလားဆိုတာ ဆားကုန်နေပါလား ငရုပ်သီးပြတ်နေပြီ
ဆီပုလင်း မှိုတက်နေတာ အဲဒါလေးတွေတွေးရင်းနဲ့ သင်ပေးလိုက်တော့ ဆရာကောင်းဟုတ်ပေမယ့်လို့
တပည့်ကောင်းတွေ ပန်းကောင်းမပန်နိုင်ရှာတော့ပေဘူးပေါ့။
အခုတော့ အကျနာလွန်းတဲ့ ဘ၀တွေမှာ အူမ မတောင့်တဲ့အခြေအနေတွေကြောင့် ပေါက်ဖေါ်ကြီးပြုသမျှ နုနေရမှန်း
သိပေမယ့် ဘာတတ်နိုင်မှာလဲ။
ဗမာပြည်ထဲက တရုတ်ကျောင်းတွေမှာ မော်စီတုန်း ၀မ်စွေ့ လောက်ပန် ၀မ်စွေ့ လို့ပြောခဲ့လို့
တရုတ်ပေါက်ဖေါ် တုတ်(ဒုတ်)ကောက်နဲ့ဆော် ကွာစေ့လှော်
တရုတ်ကလေး ဘောင်းဘီတို ၀က်သားရောင်းတယ်ဆို
ဝက်သားစွပ်ပြုတ် ဓါးနဲ့ခုတ် တရုတ်အမျိုးပြုတ်
လို့ အော်ဟစ်ရင်း တရုတ်ဗမာအရေးအခင်းဆိုတာ ဖြစ်လာခဲ့ပေမယ့် အခုလိုအနေအထားမျိုးမှာတော့တရုတ်ကလေး ဘောင်းဘီတို ၀က်သားရောင်းတယ်ဆို
ဝက်သားစွပ်ပြုတ် ဓါးနဲ့ခုတ် တရုတ်အမျိုးပြုတ်
ပါးစပ်ရာဇ၀င်လေး ဖြစ်သွားပြီပေါ့။
0 comments:
Post a Comment