+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Saturday, September 3, 2011

BBCနှင့် မအာနန်းတို့ မေးမြန်းချက်များ



မဟာဗမာစစ်အစိုးရဆိုတဲ့အတိုင်း မိုက်ရိုင်းချက်ကတော့ ကမ်းကုန်ပါ့။
တော်ပါပေတယ် မကောင်းတဲ့အလုပ်ကို လုပ်ဘို့အတွက် လူလာဖြစ်ကြတဲ့အတိုင်းပဲ။

မြစ်ဆုံရေကာတာကို ဆောက်လျင် ဒီလိုဆိုးကျိုးတွေဖြစ်နိုင်တယ်၊ သဘာဝပတ်ဝန်းကျင်ကို ဒီလိုပျက်ဆီးစေမယ် ဆိုတာ
သိသိကြီးနဲ့ မဖြစ်မနေလုပ်နေတာကိုက မြန်မာဆိုတဲ့အတိုင်း မာတယ်ပေါ့ဗျာ။

အဲလိုတော့မထင်ကြပါနဲ့ တရုတ်နဲ့ပေါင်းမိတဲ့အတွက် မြန်မာ မြန်လည်းမမြန်နိုင်ရှာသလို မာလည်းမမာနိုင်ရှာပါဘူး။
တရုတ်ဆီက ယူထားတဲ့ငွေက နည်းတာမှမဟုတ်ပဲ။

ဗမာစစ်အစိုးရ ကုလားထိုင်မယိုင်ခင်လေး ရသလောက်တရုတ်ကအကုန် သယ်နေတာ။

ဗမာပြည်ထဲက တရုတ်ဆောက်ပေးလိုက်တဲ့ တံတားတွေ လမ်းတွေဆိုတာကလည်း နေလေးနည်းနည်းပူတာနဲ့ လမ်းတွေကခုံးထနေတာ။

တရုတ်က အဆောက်အဦးတွေကိုတော့မသိဘူး ဆောက်လုပ်ရေးပစ္စည်းတွေက ဈေးပေါလွန်းလို့ ထိုင်းတောင်မျှ တရုတ်ကိုယှဉ်မရောင်းနိုင်ဘူး။

ကျုပ်က အင်ဂျီနီယာ မဟုတ်တော့ရေကာတာအမြင့်ဘယ်လောက်ရှိလျင် ရေဂါလံဘယ်လောက်ဆန့်တယ်၊
ရေဖိအားဘယ်လောက်အထိခံနိုင်အောင် ဘယ်လိုအခြေတည်ထားရတယ်ဆိုတာလဲ မသိပါဘူး။
နှစ်ဘယ်လောက်ခံနိုင်တယ်ဆိုတာလဲ မတွက်တတ်ပါဘူး။

တခုတော့ ကျုပ်ပြောရဲပါတယ်။ ဘာလဲဆိုတော့ လောဘဆိုတာကောင်းကျိုးထက် ဆိုးကျိုးကိုပေးတတ်ပါတယ်။
အခုဆောက်တဲ့ရေကာတာဟာ လယ်ယာမြေအတွက်လိုအပ်တဲ့ ရေကိုတမံတုတ်တာမဟုတ်ပဲ လျှပ်စစ်ဓါတ်ထုတ်
ပြီး ငွေယူမှာဆိုတော့ လိုအပ်တဲ့ရေပမာဏက နည်းနည်းနောနောဟုတ်မယ်မထင်ဘူး။

မတော်တဆ အဲဒီရေကာတာကြီး ကျိုးပြီဆိုပါစို့ ရေကာတာကထွက်လာတဲ့ လျှပ်စစ်ဓါတ်ကိုရောင်းလို့ ရတဲ့ပိုက်ဆံနဲ့ ပျက်ဆီးသွားမယ့် အနေအထား ကာမိပါ့မလား။
ဆုတောင်းလိုက်ပါတယ်ဗျာ၊ အခုတောက်မယ့်ရေကာတာကြီး ကမ္ဘာတည်သရွေ့ မပျက်မဆီးတည်တံ့နိုင်ပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)


0 comments:

Post a Comment