+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Saturday, September 3, 2011

လမ်းပျက်စီးမှုပိုမိုများပြား လမ်းမကြီးများတွင် ချိုင့်ခွက်ကြီးများ ဖြစ်ပေါ်

ယခုနှစ် မိုးရာသီ လမ်းပျက်စီးမှုများ ပိုမိုများပြားပြီး

လမ်းကွေ့များနှင့် ယာဉ်အသွားအလာများသော

လမ်းမကြီးများတွင်

ချိုင့်ခွက်ကြီးများ ဖြစ်ပေါ်နေ

by http://www.news-eleven.com
Saturday, 03 September 2011

ယခုနှစ်မိုးရာသီ မိုးသည်းထန် စွာ ရွာသွန်းခဲ့မှုကြောင့် ရန်ကုန်မြို့တွင်း လမ်းမကြီးများ ပျက်စီးမှု ပိုမို ဖြစ်ပေါ်ခဲ့ကြောင်း သတင်းရရှိသည်။

လမ်းမကြီးများနှင့် ချိတ်ဆက်ထားသည့် လမ်းသွယ်လမ်းကွေ့များနှင့် ယာဉ်အသွားအလာ များသော လမ်းမကြီးများပေါ်တွင် ပျက်စီးမှုများဖြစ်ပေါ်ကာ ချိုင့်ခွက်ကြီးများ ဖြစ်ပေါ်နေ မှုကြောင့် ယာဉ်အန္တရာယ်များလည်း ဖြစ်ပေါ်နိုင်ကြောင်း ယာဉ်မောင်းသူ များက ဆိုကြသည်။

“မြို့တွင်း လမ်းမကြီးတွေမှာ ချိုင့်တွေဖြစ်တာ သိပ်မရှိပေမယ့် လမ်းမကြီးတွေနဲ့ ဆက်သွယ်ထားတဲ့ လမ်း သွယ်တွေ၊ ဆင်ခြေဖုံးမြို့နယ်တွေနဲ့ မြိုသစ်တွေကိုသွားတဲ့ လမ်းမကြီး တွေမှာတော့ တော်တော်လေး ပျက်နေတယ်။ တချို့ချိုင့်ခွက်ကြီးတွေဆို အမှတ်မထင် တိမ်းမှောက်နိုင်တယ်။ ဒါတွေကို ရှောင်မောင်းနေရတာနဲ့ တစ်ဖက်ယာဉ်နဲ့ မတိုက်မိအောင် သတိထားနေရတာ။ မီးမရှိတဲ့နေရာတွေ ဆိုရင် ညအချိန် အန္တရာယ်များပါတယ်”ဟု ရန်ကုန်မြို့နေ အစိုးရ အရာရှိကြီးတစ်ဦးက ဆိုသည်။

မိုးရာသီကာလ ပျက်စီးခဲ့သော လမ်းများအား ပြန်လည်ပြုပြင်ရန်နှင့် အဆင့်မြှင့်တင်သွားရန် အစီအစဉ်ရှိကြောင်း သိရပြီး အသွားအလာများပြားသော အဓိက လမ်းမကြီးများကို ဦးစားပေး ပြုပြင်သွားမည်ဟု ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။ သို့ရာတွင် ယခင် နှစ်ကထက် ပျက်စီးမှုပိုမိုခဲ့ပြီး လမ်းဘေး လူသွားစင်္ကြံများ အသစ်ပြန်လည် ခင်းကျင်းနေခြင်း၊ ရေမြောင်း များပြုပြင်ခြင်း၊ ယာဉ်ရပ်မှတ်တိုင်များ အသစ် ဆောက်လုပ်နေခြင်းများ ကိုလည်း ဆောင်ရွက်လျက်ရှိရာ လမ်းတံတား ကဏ္ဍအတွက် သတ်မှတ်ထားသော လျာထားချက် ဘတ်ဂျက် ပိုမိုရရှိမှသာ လမ်းပြုပြင်ခြင်းများအတွက် ပိုမိုဆောင်ရွက်နိုင်မည်ဟု သိရသည်။

အပြည့်အစုံ ဖတ်ရှုရန် http://www.news-eleven.com

0 comments:

Post a Comment