+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Wednesday, September 14, 2011

စိတ်ခံစားမှုစစ်ဆေးစက်ဖြင့် အလိမ် ဖော်နိုင်ပြီ


စိတ်ခံစားမှု စစ်ဆေးစက်ဖြင့် အလိမ် ဖော်နိုင်ပြီ


အဆင့်မြင့် နည်းပညာများ အသုံးပြုထားသည့် ကင်မရာ စနစ်ဖြင့် လူတို့၏ လိမ်လည်မှု များကို ဖော်ထုတ်နိုင်ပြီ ဖြစ်ကာ ယင်း ကင်မရာဖြင့် လူတို့၏ ပြောဆိုဟန်ကို ရိုက်ကူးခြင်းဖြင့် လိမ်လည် ပြောဆိုနေခြင်း ဟုတ်မဟုတ်ကို ဖော်ထုတ်နိုင်ပြီ ဖြစ်သည်ဟု ကျွမ်းကျင်သူ များမှ ထုတ်ဖော် ပြောကြားလိုက်သည်။ အဆိုပါ စနစ်မှာ ကွန်ပြူတာ ထိန်းချုပ်မှုဖြင့် လုပ်ဆောင်ခြင်း ဖြစ်ပြီး သာမာန် ဗွီဒီယို ကင်မရာကို အသုံးပြုကာ အဆင့်မြင့် အပူလှိုင်း ပုံရိပ်ဖော် အာရုံခံ စနစ်များကို တပ်ဆင်ပြီး ကွန်ပြူတာ တွက်ချက်မှုများဖြင့် ဖော်ထုတ်ခြင်းပင် ဖြစ်သည်။

သုတေသန ပညာရှင်များ၏ အပြောအရ ယခု စနစ်မှာ လုံခြုံရေး လုပ်ငန်းများ အတွက် အလွန်ကောင်းသည့် အထောက်အပံ့ တစ်ခု ဖြစ်လာလိမ့်မည် ဖြစ်သည်ဟု ပြောခဲ့သည်။ ယခု စနစ်ကို အသုံးပြုခြင်းဖြင့် လိမ်လည်မှုများကို သုံးပုံ နှစ်ပုံ အထိ ဖော်ထုတ်နိုင် မည် ဖြစ်ကြောင်း ၎င်းတို့မှ ပြောသည်။ အဆိုပါ သုတေသနကို ဘရက်ဖိုဒ် တက္ကသိုလ်နှင့် အခြား တက္က သိုလ် တစ်ခု ပူးပေါင်းပြီး ဗြိတိန်ရှိ အေဂျင်စီ တစ်ခုနှင့် ပေါင်းကာ တီထွင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ယခု စနစ်မှာ မျက်နှာပြင်ပေါ်ရှိ ပြောင်းလဲမှုကို အသေးစိတ် စစ်ဆေးပြီး မျက်လုံးနှင့် အခြားပြောင်းလဲမှုများကို ဆန်းစစ် အဖြေထုတ်ပေးခြင်းပင် ဖြစ်ကာ နှစ်ပေါင်းများစွာ သုတေသန ပြုခြင်းမှ ပေါ်ထွက်လာခြင်းလည်း ဖြစ်ကြောင်း သုတေသန ပြုသူတစ်ဦးမှ ပြော ကြားခဲ့သည်။

source : BBC news

Copy from http://www.mrtv4.net.mm

0 comments:

Post a Comment