မြန်မာနိုင်ငံရှိ ကျေးရွာပေါင်း ခြောက်သောင်းကျော်တွင် နိုင်ငံတော် ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အား ရရှိသည့် ကျေးရွာပေါင်း နှစ်ထောင်ကျော်သာ ရှိသေးဟုသိရပြီး ကျေးလက်ဒေသ လျှပ်စစ်မီးရရှိရေးအတွက် ဗဟိုအဆင့်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်အဆင့်တို့တွင် ကျေးလက်ဒေသ လျှပ်စစ်မီးရရှိရေးကော်မတီများ ဖွဲ့စည်းဆောင်ရွက်ရန်နှင့် ကျေးလက်ဒေသ လျှပ်စစ်မီးရရှိရေး ဥပဒေပြဋ္ဌာန်းရန်အဆိုကို အမှတ်(၂)လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ထောက်ခံဆွေးနွေးပြီး ပြည်သူ့လွှတ်တော်က အတည်ပြုခဲ့သည်။
http://www.news-eleven.com
အသံဖိုင်တွေအားလုံးကတော့ ဒီဗွီဘီကနေ ဖြတ်တောက်ရယူပြီး တင်ပြထားတာဖြစ်ပါတယ်။
အသံဖိုင်တွေအားလုံးကတော့ ဒီဗွီဘီကနေ ဖြတ်တောက်ရယူပြီး တင်ပြထားတာဖြစ်ပါတယ်။
အဓိက ရည်ရွယ်ချက်က မြစ်ဆုံရေကာတာကို မဖြစ်မနေဆောက်မယ်လို့ မောက်မောက်မာမာပြောဆိုနေတဲ့
မဟာမြန်မာ စစ်အာဏာရှင်တွေရဲ့ ခေတ်အဆက်ဆက်ကနေ ဒီကနေ့အထိ တိုင်းပြည်အပေါ် ထားတဲ့စေတနာနဲ့
တိုင်းရင်းသားတွေအပေါ်ကျင့်သုံးနေတဲ့ မူဝါဒတွေကို ထင်ထင်ရှားရှားမြင်နိုင်အောင်ဖြစ်ပါတယ်။
အချိန်ပေးရမယ်ဆိုပြီး သဘောထားကြီးတာကတော့ တပိုင်းပေါ့၊ ဒီစစ်အုပ်စုကို ကျုပ်တို့သဘောထားကြီးနေရုံနဲ့
မပြီးဘူးဆိုတာကိုတော့ သတိမလျစ်လိုက်ပါနဲ့။
နောက်ထပ် နှစ်ငါးဆယ်အထိ မစောင့်ချင်ပါနဲ့။
နောက်ထပ် လေးဆယ့်ငါးနှစ်အထိ မစောင့်ချင်ပါနဲ့။
နောက်ထပ် နှစ်လေးဆယ်အထိ မစောင့်ချင်ပါနဲ့။
နောက်ထပ် နှစ်သုံးဆယ်အထိ အချိန်မပေးချင်ပါနဲ့။
နောက်ထပ် ဆယ်နှစ်အထိ မစောင့်ချင်ပါနဲ့။
နောက်ထပ် ငါးနှစ်။
နောက်ထပ် ငါးလ။
နောက်ထပ် ငါးရက်။
နောက်ထပ် ငါးနာရီ။
နောက်ထပ် ငါးမိနစ်။
နောက်ထပ်ငါးစက္ကန့်။
အချိန်ပေးလိုက်မယ်ဆိုပါတော့ ဧရာဝတီကို မလွမ်းချင်လည်း လွမ်းကြရလိမ့်မယ်။ ဗမာပြည်ကိုလည်း မလွမ်းချင်ပဲ
လွမ်းကြရလိမ့်မယ်။
ဗမာလူမျိုးကိုလည်း မလွမ်းချင်ပဲ လွမ်းကြရလိမ့်မယ်။
တိုင်းရင်းသားတွေကတော့ လွမ်းစရာဘာတခုမျှကျန်မှာမဟုတ်ဘူး။( စောစောစီးစီး အမျိုးပြုတ်ကုန်လို့)
သူတို့သဘောနဲ့သူတို့ စိတ်ကြိုက်စည်းမျဉ်းစည်းကမ်းတွေထည့်ပြီး ဆွေးနွေးနေတဲ့ လွှတ်တော်ထဲမှာတောင်
သူတို့သဘောကျဘောင်ကျဉ်းကျဉ်းလေးမှာ ဆွေးနွေးနေတာတောင် လက်မခံနိုင်ဘူးဆိုကတည်းကိုက
သူတို့သဘောထားကို မသိနိုင်သေးတဲ့ လူကြီးမင်းတို့ခင်ဗျား အောက်က ကာတွန်းလေး ခံစားကြည့်လိုက်ပါ။
ဆက်ပြီးစောင့်နေကြမယ်ပေါ့။
အဟတ်ဟတ်ဟတ် ဒီလူတွေရယ်(ရီ)ရတယ်။
ကာတွန်း http://www.news-eleven.com
ဗမာစစ်အစိုးရ(မြန်မာစစ်အစိုးရ)အဆက်ဆက် အာဏာရှင်ပီပီ မိုက်ရိုင်းရမ်းကားပြနေတာဆိုတော့ မြင်တဲ့အတိုင်းပဲ။
သဘောထားကြီးကြီးနဲ့ အချိန်ပေးစောင့်ကြည့်နေတုန်း ဗြုံးဆို ဗမာ စစ်အစိုးရ(မြန်မာ စစ်အစိုးရ) အနေနဲ့ ကံမကောင်းအကြောင်းမလှလို့ မပြောကောင်းမဆိုကောင်း အာဏာမဲ့သွားရပြီး ဗမာ အရပ်သားအစိုးရ (မြန်မာ အရပ်သားအစိုးရ) လက်ထဲမလွှဲမရှောင်သာအာဏာရောက်သွားလျင်တောင် (မဦးမချွတ်) အဲဒီ မကောင်းတဲ့ အကျင့်ဆိုးတွေပါမလာလျင် ကံကောင်းတယ်မှတ်။
0 comments:
Post a Comment