+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Friday, September 16, 2011

UBS ဘဏ် လိမ်လည်မှု ကိစ္စ လူတစ်ဦးအား ဖမ်းဆီး

Source Photo from http://www.google.com/images

UBS ဘဏ် လိမ်လည်မှု ကိစ္စ လူတစ်ဦးအား ဖမ်းဆီး
16 Sep, 2011

ဆွစ်ဇာလန် နိုင်ငံ၏ အကြီးဆုံး ဘဏ်ကြီး တစ်ခုဖြစ်သည့် UBS တွင် ဆုံးရှုံးခဲ့ရသည့် ငွေကြေးများနှင့် ပတ်သက်ပြီး ပူးပေါင်း ကြံစည် လိမ်လည်ခဲ့သူ တစ်ဦးအား ဗြိတိန် ရဲတပ်ဖွဲ့မှ ဖမ်းဆီးလိုက် ကြောင်း သိရ သည်။ ယခု ကိစ္စနှင့် ပတ်သက်ပြီး ယင်းဘဏ်မှ ပြောရာ၌ တရားမဝင် သည့် စီးပွားရေးဆိုင်ရာ ကုန်သွယ်မှု တစ်ခုဖြင့် ဒေါ်လာ ၂ ဘီလီယံ ပမာဏကို ဖြုန်းတီးလိုက်ပြီးနောက် အသက် ၃၁ နှစ် အရွယ်ရှိသူ တစ်ဦးအား ဖမ်းဆီးလိုက်ခြင်း ဖြစ်သည်ဟု ပြောခဲ့သည်။

ယခု ဖြစ်ရပ်ကြောင့် ကုမ္ပဏီ၏ တတိယ လေးလပတ် ဝင်ငွေကို များစွာ ထိခိုက်ခဲ့ရသော်လည်း ဖောက်သည် များကိုမူ ထိခိုက် စေမည် မဟုတ် ဟု ပြော ကြားခဲ့သည်။ UBS ဘဏ်မှာ လွန်ခဲ့သော ၂၀၀၈ ခုနှစ်တွင် အစိုးရမှ စီးပွားရေး ပျက်ယွင်းမည့် အခြေအနေကို ကယ်တင်နိုင်ရန် ငွေထိုးသွင်းပေးခဲ့ရသည့် ဘဏ်တစ် ခုလည်း ဖြစ်ကာ ဖောက်သည်များ၏ ယုံကြည်မှု ပြန်ရနိုင်ရန် ကြိုးစားနေရသည့် ဘဏ်တစ်ခုလည်း ဖြစ်သည်။ ယခု ဖြစ်ရပ်မှာ UBS ၏ သမိုင်း အတွင်း တရားမဝင် ကုန်သွယ်မှုကြောင့် အများဆုံး ဆုံးရှုံး ခဲ့ရမှု တစ်ခုဖြစ်ကာ လွန်ခဲ့သော ၂၀၀၈ ခုနှစ်က ဘဏ်လုပ်ငန်းရှင် တစ်ဦးကြောင့် ဒေါ်လာ ၆.၇ ဘီလီယံ ဆုံးရှုံးခဲ့ရ အပြီး အများဆုံး ပမာဏ တစ်ခုလည်း ဖြစ်သည်။

source: thedailybeast.com

Copy from http://www.mrtv4.net.mm/news

0 comments:

Post a Comment