+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Wednesday, October 12, 2011

ဓါးပြတိုက်ထားသောစိန်ရွှေရတနာများဖြင့် ပိုင်ရှင်၏သမီးပျိုအား ခြေတော်တင်ရန် ကြိုးစားခြင်း






မေး- အခု ပြန်လွတ်လာတဲ့ အပေါ်မှာ ကိုသူရအနေနဲ့ ဘယ်လိုခံစားရပါသလဲ။
ဖြေ- အေးပေါ့ဗျာ။ လွတ်လာတာတော့ လွတ်လာတာပေါ့။ ဒီလိုလွတ်လာပေမယ့် ကျန်ခဲ့တဲ့သူတွေအတွက် စိတ်မကောင်းဖြစ်မိတယ်။

မေး- လက်ရှိအချိန်မှာ မြန်မာနိုင်ငံက အပြောင်းအလဲဆီသွားနေတယ်ဆိုတဲ့ အပေါ်မှာ
ကိုသူရလည်း သိထားတာတွေရှိမှာပါ။ ဒီအပေါ်မှာ ဘယ်လိုမြင်မိပါသလဲ။
ဖြေ- အပြောင်းအလဲဆိုတဲ့ ကိစ္စမှာ အခု တွေ့ကြုံနေရတာတွေကြောင့် အပြောင်းလဲကြီး ဖြစ်နေပြီလားဆိုတာကို မယုံရဲသေးဘူး ဖြစ်နေတယ်။

မေး- တွေ့ကြုံနေရတဲ့ အခြေအနေဆိုတာ အဲဒီက အနေအထားကိုပြောတာလား၊ အကုန်လုံး ပြန်မလွတ်လာသေးတဲ့ အခြေအနေကို ပြောတာလား။
ဖြေ- မစို့မပို့လွှတ်တာကိုပဲ ပြောချင်တာပါ။

မေး- အခုလိုလွတ်လာပြီးတဲ့နောက် ဘာတွေဆက်လုပ်ဖို့ စဉ်းစားထားတာရှိလဲ။
ဖြေ- ဘာမှတော့ မစဉ်းစာရသေးပါဘူး။ ကျွန်တော့်ညီတွေအတွက် သီချင်းတွေ၊ ပြက်လုံးတွေ လုပ်ရပါဦးမယ်။ ကျွန်တော်တို့ အလုပ်လုပ်ရမယ်။ လုပ်ရမယ့် အလုပ်တွေ မပြီးသေးဘူး။ နိုင်ငံရေးအလုပ်တွေကို ဆက်လုပ်ရဦးမယ်။

အင်းစိန်ထောင်ရှေ့မြင်ကွင်း

မန္တလေး အိုးဘိုထောင်ရှေ့မြင်ကွင်း


Credit http://www.news-eleven.com


မဟာဗာစစ်အစိုးရကို ကျေးဇူးတွေတင်နေပြီလား။
မဟာဗမာစစ်အစိုးရကို သိပ်လေးစားသွားသလား။
မောင်ရွှေမန်း မျက်ခွက်ကို ကြည့်လိုက်ပါ မှိုရတဲ့မျက်နှာပေါက်။

ဒီနည်းလား................။

မဟာဗမာ စစ်အစိုးရ လက်ပါးစေ စစ်တပ်တွေ ကျုပ်တို့ရွာကိုရောက်လာတော့ ရွာသားတွေအိမ်က
ကြက်တွေကို သူတို့အမေ့လင် ကြက်တွေလိုသဘောထားပြီး ဘာအဘိုးအခမျှမပေးပဲ ဘမ်းဆီးသတ်ဖြတ်
ချက်ပြုတ်ပြီးတော့မှ ရွာသူကြီးကို ဟင်းတခွက်ပေးလိုက်တဲ့ နည်းပါ။
သဘောတွေ အရမ်းကောင်းပြနေတာပေါ့။

အဲဒါကို ဘာမျှမသိရှာတဲ့ သမီးလေး ဗမာစစ်သားနောက်လိုက်သွားလိုက်တာ နောက်တန်းကိုရောက်တော့
အဲဒီဗမာ့တပ်မတော်သားကြီးမှာ မယားကြီးငုတ်တုတ်နဲ့လေ။
ရွာလည်းမပြန်ရဲ ဟိုမှာလည်းနေလို့မဖြစ် နောက်ဆုံးတော့ ဘ၀ပျက်ရသလိုမျိုး။

အယုံလွယ်တဲ့ ကရင်မလေးလိုဘ၀မျိုး မရောက်ကြပါစေနဲ့လို့ ဆုတောင်းပါတယ်။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ကိုသူရနှင့် ဒီဗွီဘီတို့

ဆက်သွယ်မေးမြန်းခန်းမှ ကောက်နှုတ်ချက်


ဒီဟာနဲ့​ပတ်သက်ပြီး​တော့​ လွှတ်​တော်​တွေမှာလည်း​ နိုင်ငံ​ရေး​အကျဉ်း​သား​တွေလည်း​ လွှတ်​ပေး​ဖို့​ဆိုတဲ့​နေရာမှာ
ဝန်ကြီး​တ​ယောက်က​နေ အား​လုံး​လွှတ်လိုက်ရင် တည်ငြိမ်မှုအတွက်ကို ဘယ်သူက အာမခံမလဲ
ဆိုပြီး​တော့​ ပြန်လည်​မေး​ခွန်း​ထုတ်ပါတယ်။ အဲဒီအစိုး​ရ ဝန်ကြီး​ရဲ့​ စိုး​ရိမ်ပူပန်မှုက တကယ်​ရော မဖြစ်နိုင်ဘူး​လား​။ ကိုဇာဂနာတို့ရောဘယ်လိုမြင်ပါလဲ။

“အဲလိုဆိုရင် ကျ​နော်ကလည်း​ ပြန်​ပြောစရာ စကား​ရှိပါတယ်။ အဲဒါနဲ့​ပတ်သက်ပြီး​တော့​ ​ပြောကြမယ်ဆိုရင် ကျ​နော် သမ္မတကြီး​ ဦး​သိန်း​စိန်ဆီမှာ ဇာဂနာရဲ့​ အသက်ကို အ​ပေါင်ထား​ပါမယ်။
အဲဒီလူ​တွေလွှတ်လိုက်လို့ တိုင်း​ပြည်မှာ ဆူဆူပူပူ ဖြစ်မယ်ဆိုရင် ကျ​နော့်​ကို အရင်သတ်လိုက်ပါ။

ကျ​နော့်​ဘက်က ပြန်စိန်​ခေါ်တာပဲ။
ကြေး​ထပ်မယ်ဆိုရင် အပြတ်ထပ်၊​ အသက်ကို ထပ်တယ်။”

Source from http://burmese.dvb.no/archives/16420

0 comments:

Post a Comment