+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Thursday, October 13, 2011

တနင်္လာနှင့်ကြာသာပတေးသားသမီးများ ၁၀ ရက်အတွင်း ထီပေါက်သလို ငွေသောက်သောက်လဲ ၀င်မည်

ကျိုက်ထီးရိုးစေတီရင်ပြင်
နိုင်ငံတကာ ရေးရာနက္ခတ် သိပ္ပံသင်တန်းကျောင်း မှ အမှုဆောင် အရာရှိချုပ် ဦးဇေယျာကို

တနင်္လာနှင့်ကြာသာပတေးသားသမီးများ

၁၀ ရက်အတွင်းထီပေါက်သလို

ငွေသောက်သောက်လဲ ၀င်မည်

Thursday, 13 October 2011

တနင်္လာဂြိုဟ်ဟု ခေါ်သည့် လမင်း နှင့်ကြာသပတေးဂြိုဟ်တို့ ပူးယှဉ်မှုကို ကို ကျိုက်ထီးရိုးတောင်ပေါ်မှ မြင်တွေ့ရမည့် ဖြစ်စဉ်လာမည့် အောက်တိုဘာလ ၁၄ ရက်နေ့၌ ဖြစ်ပေါ်မည် ဖြစ်ကြောင်း နက္ခတ်ပညာရှင် အသိုင်းအ၀ိုင်းမှ သိရှိရပါသည်။

အဆိုပါဖြစ်စဉ်သည် အရှေ့ လောင်ဂျီတွဒ် ၈၀ ဒီဂရီ ၄၁ မိနစ် နှင့် မြောက်လတ္တီတွဒ် ၁၇ ဒီဂရီ ၂၀ မိနစ်အတွင်းတွင် အိန္ဒိယနိုင်ငံ ရှိ ဟာဒီရာဗတ်မြို့၌ ဖြစ်ပေါ်မည် ဖြစ်ပြီး ယင်းသို့ပူးယှဉ်မှုမဖြစ်ခင် နီးနီးကပ်ကပ် ရပ်တည်၍ မြန်မာနိုင်ငံမှ ဖြတ်သန်းသွားမည့် ဖြစ်စဉ်လည်းဖြစ်ပေါ်မည် ဖြစ်သည်၊၊

ထိုသို့ဖြစ်ပေါ်ရာတွင် တနင်္လာဂြိုဟ်ဟုခေါ်သော လမင်းသည် ကျိုက်ထီးရိုးတောင်ပေါ်သို့ အောက်တိုဘာလ ၁၄ ရက်နေ့ နံနက် ၀ နာရီ ၅၅ မိနစ်တွင် လည်းကောင်း၊ သုံးဆယ်မြို့သို့နံနက် ၁ နာရီ ၃ မိနစ်တွင် လည်းကောင်း၊ ဟင်္သာတမြို့သို့ နံနက် ၁ နာရီ ၇ မိနစ်တွင် လည်းကောင်း ဖြတ်သန်းသွားမည်ဖြစ်ပြီး ယင်းဂြိုဟ် နှစ်လုံးထပ်တူ ပူးယှဉ်မှုမှာမူ နံနက် ၁ နာရီ ၅၅ မိနစ်၌ ဖြစ်ပေါ်မည် ဖြစ်သည်။

“ဒီဖြစ်စဉ်ကြောင့် အိန္ဒိယနိုင်ငံ မှာ ငလျင်ဖြစ်ပေါ်နိုင်ပြီး ဘင်္ဂလား ပင်လယ်အော်မှာ မုန်တိုင်း ဖြစ်ပေါ်နိုင်တဲ့အတွက် ရခိုင်ကမ်းရိုးတန်းဒေသတွေကို အကျိုးသက်ရောက်မှု ရှိနိုင်ပါတယ်။ တနင်္လာနဲ့ ကြာသပတေး သားသမီးတွေကတော့ ဒီဖြစ်စဉ်ဖြစ်ပေါ်ပြီး ၁၀ ရက်အတွင်းမှာ စီးပွား ကံကောင်းတာတို့၊ ထီပေါက်သလို ငွေကြေး အမြောက်အမြား ရရှိတာမျိုးတွေ ကြုံနိုင်ပါတယ်” ဟု နိုင်ငံတကာ ရေးရာနက္ခတ် သိပ္ပံသင်တန်းကျောင်း မှ အမှုဆောင် အရာရှိချုပ် ဦးဇေယျာကို က ပြောပါသည်။

မြန်မာနိုင်ငံမှကြည့်ရှုမည် ဆိုပါက အောက်တိုဘာလ ၁၃ ရက်နေ့ ည ၈ နာရီခန့်မှစတင်ပြီး အရှေ့ဘက် မိုးကောင်းကင်၌ လ၏အောက်နားတွင် ကြာသပတေးဂြိုဟ်ကို တောက်ပသည့် ကြယ်ပွင့်သဏ္ဌာန်မြင်တွေ့ရ မည်ဖြစ်သည်။ လ၏အလင်းအားသည် ၉၇ ရာခိုင်နှုန်း ထွန်းလင်းတောက်ပသည့် အတွက် အားကောင်းသည့် ဂြိုဟ်ပူးဖြစ်စဉ်အဖြစ် သတ်မှတ်နိုင်ကြောင်း သိရှိရပါသည်။

Credit http://www.news-eleven.com

0 comments:

Post a Comment