+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Thursday, October 13, 2011

ကမ္ဘာ့ဈေးအချိုဆုံး လက်ပ်တော့(ပ်)ကို ဘင်္ဂလားဒေ့ရှ် မိတ်ဆက် ပြသ

Source Photo from http://www.google.com/images

ကမ္ဘာ့ဈေးအချိုဆုံး လက်ပ်တော့(ပ်)ကို ဘင်္ဂလားဒေ့ရှ်

မိတ်ဆက် ပြသ

Updated : 13 Oct, 2011

ဘင်္ဂလားဒေ့ရှ် နိုင်ငံဟာ ၎င်းရဲ့ ပြည်တွင်းဖြစ် laptop တစ်မျိုးကို ထုတ်ဖော် ပြသလိုက်ပြီး အဲ့ဒီ လက်ပ်တော့(ပ်)ဟာ ကမ္ဘာပေါ်မှာ ဈေးအချိုဆုံး ဖြစ်ကြောင်း ပြောကြား လိုက်ပါတယ်။ ဒိုရာလို့ အမည်ရတဲ့ အဲ့ဒီ လက်ပ်တော့(ပ်)ကို မြို့တော် ဒါကာမှာ ၀န်ကြီးချုပ် ရှီးခ် ဟာဆီနာက အခမ်းအနားနဲ့ ထုတ်ဖော် ပြသခဲ့တာ ဖြစ်ပြီး ဒါဟာ နိုင်ငံအတွင်းမှာ ထုတ်လုပ်တဲ့ ပထမဆုံး လက်ပ်တော့(ပ်) တစ်မျိုး ဖြစ်ကြောင်း သိရပါတယ်။

ဒိုရာ လက်ပ်တော့(ပ်)ကို အစိုးရပိုင် Telephone Shilpa Sangstha ကုမ္ပဏီက မော်ဒယ်(၄)မျိုး ထုတ်လုပ်မှာ ဖြစ်ပြီး android အော် ပရေးတင်းစနစ် သုံးထားတဲ့ အဲ့ဒီ လက်ပ်တော့(ပ်) တစ်မျိုးကို ကြမ်းခင်းဈေး အနေနဲ့ အမေရိကန် ဒေါ်လာ (၁၃၀)ခန့် ကျသင့် မှာ ဖြစ်ပါတယ်။ ကနဦး အနေနဲ့ အဲ့ဒီ လက်ပ်တော့(ပ်)တွေကို အစိုးရ ဌာနမျိုးစုံ ကို ဖြန့်ချိပေး မှာ ဖြစ်ပြီး နောက်ပိုင်း မှာတော့ ကျောင်း သူ ကျောင်းသား သန်းပေါင်း များစွာနဲ့ ပြည်သူလူထု သုံးစွဲနိုင်အောင် စီစဉ်သွားမှာ ဖြစ်ပါတယ်။ ယခု လက်ပ်တော့(ပ်) မှာ တပ်ဆင် ထားတဲ့ စက်ပစ္စည်း အစိတ်အပိုင်း (၁၀)ရာခိုင်နှုန်းကိုသာ ပြည်တွင်းက ထုတ်လုပ်ပြီး အများစုကိုတော့ နိုင်ငံခြားမှ တင်သွင်းခဲ့ တာ ဖြစ်ပါတယ်။

ဒါပေမယ့် လာမယ့် (၆)လအတွင်း အဲ့ဒီလက်ပ်တော့(ပ်)အတွက် လိုအပ်မယ့် စက်အစိတ်အပိုင်းတွေရဲ့ (၆၀)ရာခိုင်နှုန်းကို ပြည်တွင်းမှာ ထုတ်လုပ်တော့မှာ ဖြစ်ကြောင်း တာဝန်ရှိသူ တစ်ဦးက ပြောကြား ခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွင်း အင်တာနက် ဆက်သွယ်မှု အခြေအနေကတော့ အဆင့်နိမ့်ပါးဆဲ ဖြစ်ပြီး အခုလို လက်ပ်တော့(ပ်) တစ်မျိုးထဲ ထုတ်ဝေ ဖြန့်ချိပေးရုံနဲ့ တိုင်းပြည်ရဲ့ ဒစ်ဂျစ်တယ် ဆက်သွယ်မှုကို အထောက်အကူ မပေးနိုင်ကြောင်း ဝေဖန်သူတွေက ပြောကြား ခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ် အစိုးရ ကတော့ (၂၀၁၂)ခုနှစ် မှာ နိုင်ငံရဲ့ ဒစ်ဂျစ်တယ်လ် နည်းပညာ ချိတ်ဆက်မှုနဲ့ ပတ်သက်ပြီး ရည်မှန်းချက်ထား လုပ်ဆောင်နေကြောင်း သိရပါတယ်။

Credit http://www.mrtv4.net.mm/news

0 comments:

Post a Comment