နာမည် ကျော်ကြား သူများကို ဟက် လုပ်သူ ဖမ်းမိပြီ
14 Oct, 2011မိုင်ယာမီ ။ ။ ဟောလီးဝုဒ်ရှိ နာမည်ကြီး သရုပ်ဆောင်များ ၏ e mail များအား တိုက်ခိုက် ခိုးယူခဲ့သူ ကွန်ပြူတာ ဟက်ကာမှာ အဖမ်း ခံလိုက်ရ ပြီဖြစ်ကာ ၎င်းအနေဖြင့် အဆိုပါ ပြစ်မှုများကို ဝန်ခံသွားမည် ဖြစ်ကြောင်း ကြာသပတေး နေ့က ပြောကြား လိုက်သည်။
အသက် ၃၅ နှစ်အရွယ် ရှိပြီဖြစ်သည့် Christopher Chaney ဆိုသူအား လွန်ခဲ့သည့် ဗုဒ္ဓဟူးနေ့က အမေရိကန် ပြည်ထောင်စု ဖလော်ရစ်ဒါ တွင် ဖမ်းမိ ခဲ့ခြင်း ဖြစ်ပြီး အပြစ် ထင်ရှားပါက ထောင်ဒဏ် ၁၂၁ နှစ် အထိ ကျခံရဖွယ် ရှိကြောင်း သိရသည်။ နာမည်ကြီး သရုပ်ဆောင် တစ်ဦးဖြစ်သည့် Scarlett Johansson အပါအဝင် အဆိုရှင်များ ဖြစ်သော Christina Aguilera နှင့် Mila Kunis အစ ရှိသူများအား ဟက် လုပ်ခဲ့သဖြင့် ယခုလို အဖမ်း ခံခဲ့ရခြင်း ဖြစ်ကာ စုစုပေါင်း ၁၁ လကြာ ကာလ အတွင်းတွင် နာမည်ကြီး သူ အယောက် ၅၀ အား ဟက် လုပ်ခဲ့ခြင်းပင် ဖြစ်သည်။ ယခုလို ဖမ်းမိမှုနှင့် အတူ Chaney အနေဖြင့် အမှုပေါင်း ၂၆ ခုဖြင့် စွဲချက်တင် ခံထားရပြီး ကွန်ပြူတာ များအား အခွင့်မဲ့ ဝင်ရောက် ကြည့်ရှု့မှု ၊ ပျက်စီးစေမှု နှင့် အခြားပြစ်မှု ပေါင်းများစွာ အတွက် အမှုများ ရင်ဆိုင်ရမည် ဖြစ်သည်။
ယခုလို လုပ်ရပ်အတွက် Chaney မှ ပြောရာ၌ ၎င်း အနေဖြင့် ယင်း e mail များကို အခြားသို့ ရောင်းစားရန်နှင့် ငွေညှစ်ရန် ကြံစည်ခဲ့ခြင်း မဟုတ်ဘဲ
ယင်းသို့သော နာမည်ကြီးသူများ အနေဖြင့် ရုပ်ရှင် ပိတ်ကားပေါ်မှ မဟုတ်သည့် နောက်ကွယ်မှ ဖြစ်ရပ်များကို သိချင်သည့် စူးစမ်းချင်စိတ် တစ်ခုတည်းကြောင့် ဖြစ်ကြောင်းနှင့် ယင်းသို့ သိချင်မှု မှာလည်း စွဲလမ်း စေသဖြင့် ယခုလို ပြုလုပ်ရခြင်း ဖြစ်သည်ဟု ထုတ်ဖော် ပြောကြား လိုက်ကာ ယင်းဖြစ်ရပ်များ အတွက် သရုပ်ဆောင် များကိုလည်း တောင်းပန်လိုက်ကြောင်း သိရသည်။ ထို့အပြင် ၎င်း ကျူးလွန်ခဲ့သည့် အပြစ်များမှလည်း ထွက်ပြေးမည် မဟုတ်ဘဲ ပြစ်မှုများကို ရင်ဆိုင်ကာ ရှေ့သို့ ဆက်လက် ရပ်တည်သွားမည် ဖြစ်သည်ဟု ထုတ်ဖော်ပြောကြား ခဲ့သည်။
Credit http://www.mrtv4.net.mm/
0 comments:
Post a Comment