မိုက်ခရိုဆော့ဖ် ကုမ္ပဏီ အားကောင်းသည့်
သုံးလပတ် ဝင်ငွေရရှိ
21 Oct, 2011သုံးလပတ် ဝင်ငွေရရှိ
ဆန်ဖရန်ဆစ်စကို ။ ။ ကမ္ဘာ့အကြီးဆုံး ဆော့ဖ်ဝဲ ထုတ်လုပ်သူ ဖြစ်သည့် မိုက်ခရိုဆော့ဖ် ကုမ္ပဏီမှာ လွန်ခဲ့သည့် ကြာသပတေးနေ့က ၎င်းတို့၏ ၂၀၁၁ ပထမ သုံးလပတ် ဝင်ငွေစာရင်းကို ကြေငြာခဲ့ပြီးနောက် Wall Street ကျွမ်းကျင်သူများ ခန့်မှန်းထားသည့် ပမာဏကို ရရှိခဲ့ကာ ရလာဒ်ကောင်းများ ရရှိခဲ့ကြောင်း သိရသည်။ လွန်ခဲ့သည့် စက်တင်ဘာလ ၃၀ ရက်နေ့တွင် ကုန်ဆုံးခဲ့သည့် ဘဏ္ဍာရေး ကာလအတွင်း မိုက်ခရိုဆော့ဖ် ကုမ္ပဏီ၏ အသားတင် ဝင်ငွေမှာ ဒေါ်လာ ၅.၇၄ ဘီလီယံ ရရှိခဲ့ပြီး ရှယ်ယာ တစ်ခုလျင် ၆၈ဆင့် ဖြစ်ကြောင်း သိရသည်။
ယခု ပမာဏမှာ နှစ်စဉ်တိုင်း တိုးတက်လာမှုကို ပြဆိုခြင်း ဖြစ်ပြီး နှစ်စဉ် တိုးတက်မှု အညွန်းကိန်းအရ လွန်ခဲ့သည့် နှစ်တွင် ၆ ရာနှုန်း ၊ ယမန်နှစ်က ၁၀ ရာနှုန်း အဖြစ် တိုးတက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ယခု သုံးလတာ ကာလဝင်ငွေမှာ ၁၇.၃၇ ဘီလီယံ ဖြစ်ပြီး လွန်ခဲ့သည့် တစ်နှစ်ကျော်က ရရှိခဲ့သည့် ပမာဏထက် ၇ ရာနှုန်းပိုမို တိုးတက်ခဲ့ခြင်း ဖြစ်သည်။ မိုက်ခရိုဆော့ဖ် ကုမ္ပဏီမှာ လွန်ခဲ့သည့် အပတ်ကလည်း အွန်လိုင်း စကားပြော ဆိုက်ဖြစ်သည့် Skype ကို ဝယ်ယူခဲ့ခြင်း ကလည်း ၎င်းတို့၏ ဝင်ငွေကို တိုးတက်စေမည့် လုပ်ရပ် တစ်ခု ဖြစ်ကြောင်း သိရကာ ကုမ္ပဏီ အနေဖြင့် နောက်ထပ် ထုတ်ကုန် သစ်များကိုလည်း တီထွင်မှုများကိုလည်း လုပ်ဆောင်နေကြောင်း သိရသည်။
Credit http://www.mrtv4.net.mm
0 comments:
Post a Comment