Source News Audio from http://www.rfanews.com/burmese
ပြည်ထောင်စုလွှတ်တော်နာယက
ဦးခင်အောင်မြင့်နှင့် တွေ့ဆုံခြင်း
ကိုကို(စက်မှုတက္ကသိုလ်)
တွေ့ဆုံမေးမြန်းသည်
ရန်ကုန်တိုင်းမ် - အခုဆိုရင် ဒီလွှတ်တော်ဟာ ၂၀၁၀ရွေး ကောက်ပွဲကနေ ပေါ်ထွက်လာတာ ဖြစ်ပါတယ်။ အရင် တုန်းက ၁၉၉၀ရွေးကောက်ပွဲဆိုတာ ရှိခဲ့ပါတယ်။ ပြည် ထောင်စုလွှတ်တော်နာယကတစ်ဦးအနေနဲ့ ၁၉၉၀ရွေး ကောက်ပွဲရလဒ်ကို အသိအမှတ်ပြုပါသလား ခင်ဗျာ။
ဖြေ - အဲဒီ ၁၉၉၀ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြု ပါတယ်။ အသိအမှတ်ပြုလို့လဲပဲ အသေးစိတ်ရလဒ်အခြေ အနေကို ပြောပြခြင်းဖြစ်ပါတယ်။ ဒါဟာ ဖျောက်ဖျက်လို့ ရတဲ့ကိစ္စလဲ မဟုတ်ပါဘူး။ ဖျောက်ဖျက်ဖို့လဲ စိတ်ကူးမရှိ ပါဘူး။ ရန်ကုန်တိုင်းမ် - အကယ်၍များ ဒေါ်အောင်ဆန်းစုကြည် နဲ့သူ့အဖွဲ့ ပြန်ပြီးမှတ်ပုံတင်ခဲ့ရင် လွှတ်တော်အနေနဲ့ ကြိုဆို မယ့်အနေအထား ရှိပါမည်လား။ ဖြေ - ကျွန်တော်တို့ ကြိုဆိုပါတယ်။ ဒေါ်အောင် ဆန်းစုကြည်တစ်ယောက်အနေနဲ့ ပြောမယ်ဆိုရင် သူဟာ နိုင်ငံတကာဗဟုသုတပြည့်ဝတယ်။ ပညာတတ်တစ်ယောက် ဖြစ်တယ်။ အဲဒါကြောင့် နိုင်ငံတော်တည်ဆောက်ရေးမှာ အများကြီးအားကိုးရမယ်။ လွှတ်တော်က ကြိုဆိုပါတယ်။ နာယကတစ်ယောက်အနေနဲ့လဲ ကြိုဆိုပါတယ်။ လွှတ်တော် မှာရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေလဲ ဒီလိုပဲ သဘောထားမယ်ဆိုတာ ယုံကြည်ပါတယ်။
ရန်ကုန်တိုင်းမ် - ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာ ဘယ် လိုသဘောထားပါသလဲ။ ဘယ်လိုရှုမြင်ပါသလဲ။
ဖြေ - ဒေါ်အောင်ဆန်းစုကြည်ဟာလဲ ကျွန်တော်တို့အမျိုး သားခေါင်းဆောင်ကြီးရဲ့သမီးဖြစ်တယ်။ အဲဒီ့အပြင် ထိုက် သင့်တဲ့အရည်အချင်းလဲရှိတယ်။ မှန်မှန်ကန်ကန်မ ကျင့်သုံးတတ်ရင် အချို့နိုင်ငံတွေမှာလို ဆူပူမှု၊ မတည်ငြိမ် မှုတွေဖြစ်ရင် တိုင်းပြည်နစ်နာတာပေါ့။ မဖြစ်အောင်ခေါင်း ဆောင်နိုင်မယ်ဆိုရင် သိပ်ကောင်းတာပေါ့။ ရန်ကုန်တိုင်းမ် - အခုလို စိတ်ရှည်လက်ရှည်ဖြေကြားပေး တဲ့ ပြည်ထောင်စုလွှတ်တော်နာယကကြီးကို ရန်ကုန်မီဒီယာ ဂရု(ပ်)ကိုယ်စား ကျေးဇူးတင်ပါတယ်ခင်ဗျာ။
အပြည့်အစုံ ဖတ်ရှုလေ့လာလိုပါက http://www.yangonmedia.com/news/news_detail.asp?nid=4568
Source: Yangon Media Group Limited
Source News Audio from http://www.rfanews.com/burmese
၂၀၁၁ ခုနှစ်သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအတွက် လာခြင်းကောင်းသောနှစ်တစ်နှစ်ဖြစ်
လာတော့ မည် ဖြစ်ပါသည်။
လာမည့် နိုဝင်ဘာလ ၁၁ ရက်နေ့သည် ''၁'' ခြောက်လုံးစုံသည့် (၁၁-၁၁-၁၁) ထူးခြားသော နေ့တစ်နေ့ဖြစ်သလို
နှစ် ၁၀၀ မှာ တစ်ခါသာ ကြုံတွေ့နိုင်သော နေ့တစ်နေ့လည်း ဖြစ်ပါသည်။
၂၀၁၁ ၏ ကောင်းမွန်သောအပြောင်းအလဲကို
( ၁ ) ဦးဆောင်ပြောင်းလဲအကောင်အထည်ဖော်ခဲ့ကြသူများ၊
( ၂ )ကြိုးပမ်းဆောင်ရွက်ခဲ့သူများ၊
( ၃ ) အပြောင်းအလဲအတွက် အနစ်နာခံကြိုးပမ်းဆောင်ရွက်ခဲ့ကြသူများကို ဂုဏ်ပြုသည့်ပွဲတစ်ပွဲကို
၁၁-၁၁-၁၁ ရက်နေ့တွင် Eleven Media Group မှ ကျင်းပသွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။
၎င်းကျင်းပမည့်ပွဲသို့ အဆိုပါဂုဏ်ပြုသင့် ဂုဏ်ပြုထိုက်သူများ၊ ၎င်းတို့မတတ်နိုင်ပါက ကိုယ်စားပြုမည့်သူများအား ဖိတ်ကြားသွားမည့်အပြင် အပြောင်းအလဲအတွက် Eleven Media Group အား အစဉ်အမြဲကူညီခဲ့ကြသည့် မိတ်ဆွေများ၊ စာဖတ် ပရိသတ်အချို့နှင့် လူထုလူတန်းစားအလွှာအသီးသီးကိုလည်း ဖိတ်ကြားသွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။
(အကယ်၍ ဖိတ်ကြားခံရခြင်းမှ ကျန်ရှိခဲ့ပါက အနူးအညွတ်တောင်းပန်အပ်ပါသည်။)
Credit http://www.news-eleven.com
0 comments:
Post a Comment