+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Thursday, November 3, 2011

ဂျိမ်းစ်ဘွန်း နောက်ဆုံး ဇတ်ကား Sky fall

သူလျှို ခေါင်းဆောင် Dame Judi Dench 

ဂျိမ်းစ်ဘွန်း နောက်ဆုံး ဇတ်ကားမှာ Sky fall ဟုအမည်ရ 
 
4 Nov, 2011
၂၃ ခုမြောက် ဂျိမ်းစ်ဘွန်း ရုပ်ရှင်ဇတ်ကား အဖြစ် Skyfall ဟု အမည် ပေးထားကြောင်း ထွက်ပေါ် လာခဲ့ပြီ ဖြစ်သည်။

လူကြမ်းမင်းသား Javier Bardem 

ယခု အသစ်ထွက်လာမည့် ဇတ်ကားတွင် ယခင် ၀၀၇ မင်းသားဟောင်း ဖြစ်သည့် Daniel Craig မှ ပါဝင် သရုပ်ဆောင်ထားပြီး မင်းသမီးများ အဖြစ် ပြင်သစ် သရုပ်ဆောင် Berenice Marlohe နှင့် Namoie Harris တို့မှ ပါဝင် သရုပ်ဆောင် ထားကြောင်း သိရသည်။

ပြင်သစ် သရုပ်ဆောင် Berenice Marlohe 

ပြင်သစ် သရုပ်ဆောင် Namoie Harris 

Skyfall ဇာတ်ကားကို လွန်ခဲ့သည့် ၁၉၉၉ ခုနှစ်တွင် American Beauty ဇတ်ကားဖြင့် ဒါရိုက်တာဆု ဆွတ်ခူးခဲ့သူ ဒါရိုက်တာ Sam Mendes မှ ရိုက်ကူးထားကြောင်း သိရသည်။
ဒါရိုက်တာ Sam Mendes 

ယခု ဇတ်ကားတွင် ဒါရိုက်တာ Mendes အနေဖြင့် ဂျိမ်းစ်ဘွန်း မင်းသား၏ လှုပ်ရှားမှု များကို လန်ဒန်၊ တူရကီ၊ တရုတ် နှင့် စကော့တလန် နိုင်ငံများတွင် ရိုက်ကူးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Daniel Craig 

ယခု ဇတ်ကားတွင် သရုပ်ဆောင် Dame Judi Dench အား သူလျှို ခေါင်းဆောင် M အဖြစ် တွေ့မြင်ရမည် ဖြစ်ကာ Ralph Fiennes နှင့် Albert Finney တို့လည်း ပါဝင် သရုပ်ဆောင်ထားပြီး Javier Bardem အား ဇတ်ကား၏ အဓိက လူဆိုး ခေါင်းဆောင် အဖြစ် တွေ့မြင် ကြရမည် ဖြစ်သည်။ ယခုဇတ်ကားကို လာမည့် အောက်တိုဘာလ ၂၀၁၂ ခုနှစ် တွင် ဗြိတိန်တွင် စတင် ပြသရန် လျှာထားကြောင်း သိရသည်။
source : bbc news 

Credit http://www.mrtv4.net.mm

0 comments:

Post a Comment