+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Wednesday, November 2, 2011

ရိုးရာဓလေ့နှင့် အစဉ်အလာ





ရိုးရာဓလေ့နှင့် အစဉ်အလာ

by နေသွေးနောင်

မြန်မာနိုင်ငံသည် တစ်နှစ်ပတ်လုံးလိုလိုပင် ရာသီပွဲများဖြင့် ပျော်ပွဲရွှင်ပွဲကျင်းပလေ့ရှိကြောင်း၊ မြန်မာ့ယဉ်ကျေးမှုနှင့် လူမှုရေးကို လေ့လာသူ နိုင်ငံခြားသား တချို့က ပြောကြ ဆိုကြ ရေးသားကြသည်ကို မြန်မာအတော်များများကလည်း လက်ခံ နားလည်ကြပါသည်။

မြန်မာနိုင်ငံသည် ဗုဒ္ဓဘာသာယဉ်ကျေးမှု လွှမ်းမိုးသော နိုင်ငံဖြစ်သဖြင့် ဘာသာရေးနှင့်နွှယ်သော ပွဲတော်များ ကျင်းပလေ့ရှိသည်။ ဒေသဆိုင်ရာဘုရားပွဲ များနှင့် ရိုးရာနတ်ပွဲများသည်လည်း ပြည်ထောင်စုဖွား တိုင်းရင်းသားများက ကျင်းပကြပြန်ရာ ပျော်ပွဲရွှင်ပွဲ များဖြင့် စည်ပင်လှပေသည်။

စာရေးသူနားလည် သမျှပြောရလျှင် ရပ်ရွာဒေသတစ်ခု၌ ပျော်ပွဲရွှင်ပွဲများ နေလျှင် ထိုဒေသသည် တိုးတက်ဖွံ့ဖြိုးရန် အလှမ်းဝေး တတ်ပါသည်။ ဆင်းရဲခြင်းမှ မလွတ်ကင်းနိုင်ပေ။ ယခုလသည် တန်ဆောင်မုန်းလဖြစ်၍ တန်ဆောင်တိုင်ပွဲတော်ကို မြန်မာနိုင်ငံအနှံ့ကျင်းပပေ တော့မည်။ တန်ဆောင်တိုင်သည် ဗုဒ္ဓဘာသာအရ အနှစ်သာရအားဖြင့် အစဉ်အလာမပျက် ထိန်းသိမ်း ကျင်းပသော ပွဲတော်ဖြစ်၍ အလေးအမြတ်ထားကြပါသည်။ ကြည်နူးဖွယ်လည်းကောင်းပါသည်။ နိုင်ငံတော် အစိုးရကလည်း ချီးမြှင့်ပါသည်။

တန်ဆောင်တိုင်ပွဲတော်နှင့်အတူ ကျီးမနိုးပွဲ ဟု ခေါ်သော သူခိုးကြီးညပွဲတော်ကျင်းပခြင်းသည် ပျော်စရာမြန်မာ့ဓလေ့ပွဲပါဟု ယူဆသူများ၏ပြောဆို သည်များကို ကြားသိရတော့ ကျွန်တော်သည် အလွန် ပင်စိတ်ပျက်မိတော့သည်။ ကျီးမနိုးပွဲသည် မြန်မာ့ဓလေ့ပွဲပါဟု မှတ် ယူခြင်းသည် အလွန်ရှက်စရာကောင်းပါသည်။

တန် ဆောင်မုန်းလပြည့်ည ညဥ့်နက်သန်းခေါင်ကျော် ကာလ၌ သူတစ်ပါးအိမ်မှ ပန်းအိုးများကိုလည်းကောင်း၊ အလွယ်တကူမယူနိုင်သော အိမ်သုံးပစ္စည်းများကို လည်းကောင်း လမ်းဆုံလမ်းခွ၌ ချထားခြင်း၊ ပိတ်ဆို့ ထားခြင်းသည် သူတစ်ပါးကိုးရိုးကားရားဖြစ်မှ မိမိပျော် စရာဖြစ်ရသည်ဆိုခြင်းကား ယဉ်ကျေးမှုနိမ့်သော အတွေးအခေါ်တစ်ရပ်ဖြစ်သည်။

ကြည့်ပါဦး သူခိုးကြီးညဟုဆိုပါသည်။
 ချမ်းသာသူများ ရပ်ကွက်၌နန်းတော်ကြီးပမာ အုတ်တံတိုင်း ကြီးနှင့်ခတ်ပြီးနေသောသူများကတော့ အိပ်ကောင်း ခြင်း အိပ်ရပြီး ဆင်းရဲသော အခြေခံလူတန်းစားရပ်ကွက်၌ ရသမျှတန်ဆာဆင်ထားရသော ပန်းအိုးများ ပျောက်လိုပျောက် ကွဲလိုကွဲဖြင့် မနက်မိုးလင်းတော့ စိတ်ဆင်းရဲကြရသည်။
စိတ်ကသိကအောက်ဖြစ်ရ သည်ကတော့အမှန်။ ဒီခေတ်ဒီအခါမှာ ကျေးလက်မှာလဲ လက်မခံသင့်။

မြို့ပြ၌လည်း မသင့်လျော်ပေ။ ဤနေရာ၌ ရိုးရာဓလေ့နှင့်အစဉ်အလာကို ခွဲခြားနားလည်ရန်လိုအပ်သည်ဟု ထင်မြင်မိပါသည်။ မည်သည့်နိုင်ငံ၌မဆို ရိုးရာပွဲများနှင့် ထုံးတမ်းစဉ်လာ ပွဲများဟူ၍ ရှိတတ်ရာ တချို့တချို့သော ပွဲများသည် ခေတ်နှင့်ဆီလျော်ခြင်းမရှိသည်ကို တွေ့ရသည်။ နိုင်ငံ တိုင်းလိုလိုပင် ခေတ်ကြီးစနစ်ကြီးတွေသည် တိုးတက် ပြောင်းလဲလာသည်နှင့်အမျှ အတွေးအခေါ်အယူ အဆများသည်လည်း
တိုးတက်ပြောင်းလဲလာရပေသည်။

အဆိုပါခေတ်စနစ်က ခွင့်မပြုသောအခါ အကျိုး
 အကြောင်းဆီလျော်လိုက်ဖက်မှုမရှိသော၊ ယုတ္တိမရှိ သော အလေ့အကျင့်များ စွန့်လွှတ်ရမည်ကို စဉ်းစား တွေးခေါ်တတ်သူတိုင်း Óဏ်မတိမ်သောသူများက နား လည်တတ်ရပေမည်။ လူ့အဖွဲ့အစည်းအချို့၌ လွယ်လွယ်ကူကူ နှင့် ရိုးရာဓလေ့ကို စွန့်လွှတ်လိုခြင်းမရှိပေ။

ရိုးရာ ဓလေ့နှင့် အသက်မွေးဝမ်းကျောင်းပြုလိုသူ၊ မသိနား မလည်သူတို့၏ ခံယူစိတ်အစွဲကို အသုံးချ၍ ကိုယ် ကျိုးရှာလိုသူများသည် ရိုးရာဓလေ့သည်ပင် မိမိတို့ ကိုးကွယ်ရာ ဘာသာအယူဝါဒ၏ ကောင်းမွေဟူ၍ပင် အဓိပ္ပာယ်ဖွင့်ဆိုတတ်ကြသည်။

အမှန်တကယ် ကောင်းမွေလော၊ ဆိုးမွေ လောဆိုသည်က လက်ခံကျင့်သုံးသူသည် ခွဲခြမ်းစိတ် ဖြာကြည့်တတ်ရန်၊ သုံးသပ်တတ်ရန်လိုပါသည်။ အများ လုပ်၍ လိုက်လုပ်ပါသည်ဆိုသည်က စဉ်းစားဝေဖန်ပိုင်း ခြားတတ်သူများ၏ အလုပ်မဟုတ်ပေ။

ထိုအလုပ်၊ ထိုအခင်းအကျင်းသည် မိမိလူ မျိုးအတွက် ယဉ်ကျေးမှုအရ ပတ်ဝန်းကျင်၌ သာယာ ချမ်းမြေ့ဖွယ်လော၊ စိတ်အနှောင့်အယှက်ဖြစ်စရာ လောဆိုသည်ကိုတော့ ပိုင်းပိုင်းခြားခြား နားလည်ရ မည်။

ဘာသာရေးအခြေခံ၊ ယဉ်ကျေးမှုအခြေခံ မတူသော သူများစုဝေးနေရာအရပ်၌ ဓလေ့ထုံးတမ်း ဆိုင်ရာပွဲ၊ ရိုးရာပွဲများသည် အငြင်းပွားဖွယ်၊ သဘော ကွဲလွဲစရာ ဖြစ်လာပြီး သွေးစည်းညီညွတ်ခြင်းကို မျှော်လင့်၍မရပေ။

သဘာဝကို အန်တု၍လူတို့သည် သဘာဝ ကပေးသော ရင်းမြစ်ကောင်းကျိုးကို ဖန်တီးရယူနိုင် သောခေတ်ဖြစ်ရာ သဘာဝမကျသော ကိစ္စများကို တိုက်ဖျက်ချေမှုန်းရန် အလွန်လွယ်ကူပါသည်။

သို့ဖြစ်၍ လူ့အဖွဲ့အစည်းနှင့် အံဝင်ခွင်ကျ မရှိတော့သော လူ့အဖွဲ့အစည်းအတွင်းမှ ယဉ်ကျေးမှု အမျိုးမျိုးနှင့် ရပ်တည်နေရသော လူ့အသိုင်းအ၀ိုင်း၌ အကျိုးအကြောင်းဆီလျော်မှုမရှိသော ရိုးရာဓလေ့ပွဲ အချို့ကို စာနယ်ဇင်းများမှလည်းကောင်း လူမှုရေး ဆိုင်ရာ ဘာသာရေးဆိုင်ရာ ဟောပြောပွဲများမှလည်း ကောင်း၊ စာသင်ကျောင်းများ၌ လည်းကောင်း၊ ခေတ် မရှိတော့သော ထုံးတမ်းဓလေ့ပွဲများကို အတွေးအခေါ် အရ
သန့်စင်စေရန်၊ တိုက်ချွတ်ပေးရန် လိုအပ်ပါ ကြောင်း တင်ပြအပ်ပါသည်။ ။

နေသွေးနောင် ရေးသားသည်။

Source: Flower News

Credit http://www.yangonmedia.com 

0 comments:

Post a Comment