Radar image of 2005 YU55, acquired in April 2010. Credit: NASA/Cornell/Arecibo.
Photo from http://193.219.47.10/mokslo-lietuva/aggregator/sources/30
Photo from http://thewatchers.adorraeli.com/2011/11/02/nasa-conference-about-asteroid-2005-yu55-close-flyby-live-stream/
ကမ္ဘာကြီးနှင့် နီးကပ်စွာ ဖြတ်သွားနိုင်သည့်
ကြီးမားသော ဂြိုဟ်သိမ် တစ်ခုတွေ့ရှိ
5 Nov, 2011 လာမည့် ကြာသပတေးနေ့တွင် ကြီးမားလှသော ဂြိုဟ်သိမ် တစ်ခုမှာလ၏ အကွာအဝေးထက်ပင် ပိုမိုနီးကပ်သည့် အကွာအဝေးဖြင့် ကမ္ဘာကြီးအနီးမှ ဖြတ်သန်း သွားနိုင်ကြောင်း သိပ္ပံပညာရှင်များမှ ထုတ်ဖော် ပြောကြား လိုက်ပြီး ၎င်းတို့ အနေဖြင့် စုံစမ်းရေး အာကာသယာဉ်ကဲ့သို့ အကုန်အကျ များသည့် ယာဉ်များ တည်ဆောက်စရာ မလိုဘဲ စူးစမ်း လေ့လာမှု ပြုလုပ်နိုင်မည့် အခွင့်အလမ်း တစ်ခုလည်း ဖြစ်ကြောင်း တာဝန်ရှိသူများ မှ ပြောကြားခဲ့သည်။
Source Photo from http://solarsystem.nasa.gov/people/profile.cfm?Code=YeomansD
ယခု ဂြိုဟ်သိမ်မှာ အချင်း ၁၃၁၂ ပေခန့် ရှိပြီး ယခုလို ဖြတ်သန်း သွားသော်လည် ကမ္ဘာနှင့် လတို့ကို ထိခိုက်နိုင်ခြင်း မရှိကြောင်း နာဆာရှိ ဒုံးပျံ စမ်းသပ်ရေး စခန်းမှ သိပ္ပံပညာရှင် Don Yeomans မှပြောကြားခဲ့သည်။ ယခုဂြိုဟ်သိမ်ကို အကောင်းဆုံး စောင့်ကြည့်နိုင်သည့် အချိန်မှ နိုဝင်ဘာလ ၈ ရက်နေ့ ညနေပိုင်း အချိန် ဖြစ်ပြီး အမေရိကန် ပြည်ထောင်စု အရှေ့ပိုင်း ကမ်းခြေတွင် မြင်ရနိုင်ကြောင်း သိရသည်။
YU 55 မှာ လွန်ခဲသည့် နှစ်ပေါင်း ထောင်ပေါင်း များစွာကလည်း ကမ္ဘာကို ဖြတ်သန်း ခဲ့ဖူးကြောင်း သိပ္ပံပညာရှင်များမှ ခန့်မှန်း ထားကြသည်။
source : Reuters
Credit http://www.mrtv4.net.mm
0 comments:
Post a Comment