ဘာလိုလိုနဲ့ ရွေးကောက်ပွဲ တနှစ်ပြည့်သွားခဲ့ပါပြီ။
မဆလ အုပ်ချုပ်တာက ၂၆နှစ် နအဖ နဲ့ န၀တ အုပ်ချုပ်တာက ၂၃နှစ် အခုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးအစိုးရ အုပ် ချုပ်တာက ၁နှစ် စုစုပေါင်းနှစ်ပေါင်း ၅၀။
မဆလ။ နအဖ။န၀တ ဆိုပြီးနာမည်တွေသာပြောင်းသွားတယ် တနိုင်ငံလုံးရစရာမရှိတဲ့အထိ စုတ်ပြတ်သပ်သွားအောင် ရက်စက်ကြမ်းကြုတ် မိုက်ရိုင်းပုံကတော့ ရာဇ၀င် တင်လောက်ပါပေ့။
အချိန်ပေးရမယ်….တဲ့။
ယဉ်ကျေးမှုလိုဖြစ်သွားပြီဆိုတော့ နေ့ခြင်းညခြင်းပြောင်းလို့ မဖြစ်နိုင်ပါဘူးတဲ့၊ ဖြည်း ဖြည်းချင်းပြောင်းလဲမှာပါတဲ့၊ ဆန္ဒမစောကြပါနဲ့တဲ့။
နောက်နှစ်ပေါင်းဘယ်လောက်ကြာကြာစောင့်ရမှာလဲ ဆိုတာမခန့်မှန်းနိုင်ပါဘူး။
ကရင်ပြည်နယ်နေ့ဆိုတာကို မေ့ပျောက်သွားအောင် အခုလို နိုဝင်္ဘာလ ၇ရက်နေ့ကို တမင်ရွေးပြီး ရွေးကောက်ပွဲလုပ်တာများလား ဆိုတာမေးနေကြပါပြီ။
အကြံပက်စက်တဲ့ဘက်မှာတော့ စံချိန်တင်ထိုက်ပါပေတယ်။
အဲဒီလို ကောက်ကျစ်စဉ်းလဲမှုတွေက နှစ်တွေ ကြာလာတာနဲ့အတူ ယဉ်ကျေးမှုတခုလိုဖြစ်နေသလို ဖျောက်ဖျက်ဘို့မလွယ်တော့တာမို့ အကောင်းဆိုတာ ဒါတွေပါလားဆိုတာ သိပေမယ့် ပြင်လို့မရရှာတော့ပါဘူး။
မဟာဗမာ စစ်အစိုးရ ဆိုတာမျိုးက အစကတည်းက ကောင်းရောင်းကောင်းဝယ် မလုပ်စားခဲ့လေတော့ ဒီအ ချိန်မှာ ကောင်းရောင်းကောင်းဝယ်လုပ်စားဘို့ အတော်ကိုကြိုးစားရမှာဆိုတော့ စောင့်ပေးလိုက်ကြပါ၊ အဲဒီလို စောင့်ရင်းစောင့်ရင်းနဲ့ သားစဉ်မြေးဆက် ဆက်စောင့်ဘို့ စောင့်သွားကြတာပေါ့။
ကဲ အခုတော့ သတင်းဌာနပေါင်းစုံက သတင်းအပိုင်းအစလေးတွေကို နှစ်ပိုင်းခွဲပြီး တင်ဆက်လိုက်ပါတယ်။
နားသောတ ဆင်တော်မူကြပါခင်ဗျား။
|
Monday, November 7, 2011
စစ်အာဏရှင်စနစ် နှစ် ၅၀ပြည့်ပြီ
အပိုင်း (၁)
အပိုင်း(၂)
မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment