တိုက်ခိုက်ဖို့ ကြံစည်တဲ့ Jose Pimental
Source Photo from http://www.google.com/images
တနင်္လာ, 21 နိုဝင်ဘာ 2011
ဗုံးခွဲဖို့ကြံစည်သူအဖြစ် သံသယရှိသူ
နယူးယောက်မှာဖမ်းမိ
By ဗွီအိုအေ (မြန်မာဌာန)
အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့တော်မှာ စာတိုက်တွေ၊ ရဲကားတွေနဲ့ အီရတ်၊ အာဖဂန်နစ္စတန် စစ်ပွဲတွေ ဆီကနေ ပြန်လာတဲ့ အမေရိကန်စစ်သားတွေကို တိုက်ခိုက်ဖို့ ကြံစည်တယ်ဆိုတဲ့ စွဲချက်နဲ့ လူတစ်ယောက်ကို နယူးယောက်ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။
အသက် ၂၇ နှစ်အရွယ် Jose Pimental ဆိုသူဟာ အယ်လ်ခိုင်းဒါးအဖွဲ့ကို အားကျအတုယူတာ ဖြစ်တယ်လို့ နယူးယောက် မြို့တော်ဝန် မိုက်ကယ်လ် ဘလွန်းမ်ဘာ့ဂ်က သတင်းထောက်တွေကို ပြောပါတယ်။
ဒါပေမဲ့လည်း သူဟာ တစ်ဦးတည်းလုပ်ခဲ့တာ ဖြစ်ပြီး လျှို့ဝှက်ကြံစည်မှုကြီးတစ်ခုရဲ့ တစိတ်တပိုင်း မဟုတ်ဘူးလို့ ဆိုပါတယ်။
နယူးယောက် မြို့တော်ဝန်Michel Bloomberg
Source Photo from http://www.google.com/images
ရဲကော်မရှင်နာမင်းကြီး Raymond Kelly
Source Photo from http://www.google.com/images
အစွန်းရောက် ဘာသာရေးဆရာ Anwar al-Awlaki
Source Photo from http://www.google.com/images
အမေရိကန်နိုင်ငံသားဖြစ်တဲ့ Pimental ဟာ အစ္စလာမ်ဘာသာကို ကူးပြောင်းသွားသူဖြစ်ပြီး အစွန်းရောက် ဘာသာရေးဆရာ Anwar al-Awlaki ရဲ့ နောက်လိုက်တစ်ဦးဖြစ်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
သတင်းကို အောက်ပါလိပ်စာမှာ ရယူနိုင်ပါတယ်
http://www.voanews.com/burmese/news/US-Bomb-plot-11-21-11-134236693.html
0 comments:
Post a Comment