+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Saturday, November 26, 2011

အင်္ဂါဂြိုဟ်ခရီးစဉ်အတွက် လေ့လာရေးယာဉ်အသင့်ဖြစ်နေ

Source Photo from http://www.theatlantic.com

အင်္ဂါဂြိုဟ် ခရီးစဉ်အတွက် လေ့လာရေးယာဉ် 

အသင့်ဖြစ်နေပြီဟု နာဆာပြော 

26 Nov, 2011

အမေရိကန် အာကာသ အေဂျင်စီ နာဆာမှာ ၎င်းတို့၏ နောက်ဆုံးပေါ် အင်္ဂါဂြိုဟ် လေ့လာရေး ယာဉ်ကိုလွှတ်တင်ရန် အသင့်အနေအထားတွင် ရှိနေပြီဖြစ်ကြောင်း ထုတ်ပြန် ပြောကြားလိုက်ကာ Curiosity ဟု အမည်ပြောင် ပေးထားပြီး ဖလော်ရစ်ဒါ ပြည်နယ်ရှိ Cape Canaveral အာကာသ လွှတ်တင်ရေး စခန်းမှ လွှတ်တင် မည် ဖြစ်ကြောင်းသိရသည်။

၁ တန် အလေးချိန်ရှိသည့် အဆိုပါ ယာဉ်မှာ ခြောက်ဘီးတပ် ယာဉ်တစ်မျိုး ဖြစ်ပြီး အင်္ဂါဂြိုဟ် မြေမျက်နှာပြင်တွင် သွားလာနိုင်စေရန် ပြုလုပ်ထားကြောင်း သိရသည်။ ယင်း ယာဉ်တွင် အဆင့်မြင့် စမ်းသပ် လေ့လာရေး ကိရိယာများ တပ်ဆင်ထားကာ လေဆာရောင်ခြည်နှင့် စက်တပ် လွန်ပူများလည်း ပါဝင်ကြောင်း သိရသည်။

ယခုလို လွှတ်တင်မှုနှင့် အတူအဆိုပါ ဂြိုဟ်ပေါ်တွင် လူသားများ နေထိုင်နိုင်မည့် လမ်းစများကို လေ့လာစုံ စမ်းစေ မည် ဖြစ်ကြောင်းလည်း သိရသည်။ ယခုလို လွှတ်တင်မှုကိုလာမည့် စနေနေ့ ဒေသစံတော်ချိန် ၁၀ နာရီ ၂ မိနစ်တွင် ပြုလုပ်သွား မည် ဖြစ်ပြီး ပထမဆုံးအကြိမ် အဖြစ်စက်ရုပ် လိုက်ပါစေမည့် ခရီးစဉ်တစ်ခုလည်း ဖြစ်သည်။

ယခု လေ့လာရေးယာဉ် အား Mars Science Laboratory (MSL) ဟုတရားဝင် အမည်ပေးထားပြီး ယင်းတွင်
ပါရှိသည့် ဘက်ထရီမှာ ပလူတိုနီယံကို အသုံးချထားပြီး ဆယ်နှစ်ကျော်ကြာမျှ သုံးစွဲနိုင်ရန် ပြုလုပ်ပေးထားကြောင်း လည်း သိရသည်။

ယခုစီမံကိန်းအတွက် နာဆာမှ ဒေါ်လာ ၂.၅ ဘီလီယံကို အကုန်ကျခံ သုံးစွဲစေခဲ့ကြောင်းလည်း သိရသည်။

Source Photo from http://www.theatlantic.com

source :BBC

Credit http://www.mrtv4.net.mm

0 comments:

Post a Comment