အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုပပျောက်ဖို့က စစ်ဝါဒ ကျင့်သုံးနေတာကို ရပ်တန့်ဖို့ လိုအပ်တယ်
November 25, 2011
by နော်နိုရင်း ·
မြန်မာနိုင်ငံမှာ အစိုးရသစ်တက်လာပေမယ့် အရင် စစ်အစိုးရလက်ထက်ကလိုပဲ တိုင်းရင်းသူ အမျိုးသမီးတွေကို အဓမ္မပြုကျင့်ပြီး စစ်လက်နက်သဖွယ် အသုံးပြုနေဆဲပဲလို့ အမျိုးသမီးများအဖွဲ့ချုပ် မြန်မာနိုင်ငံက ပြောဆိုလိုက်ပါတယ်။
ဒီနေ့ကျရောက်တဲ့ ၅၄ နှစ်မြောက် နိုင်ငံတကာအမျိုးသမီးများပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့ အထိမ်းအမှတ် ကြေညာချက်ထုတ်ပြန် ပြောဆိုလိုက်တာပါ။
ဘယ်လိုအထောက်အထားတွေနဲ့ ခုလိုပြောဆိုတာလဲဆိုတာကို အမျိုးသမီးများအဖွဲ့ချုပ်-မြန်မာနိုင်ငံ (ဒဗလျူအယ်လ်ဘီ)ရဲ့ သဘာပတိအဖွဲ့ဝင် လွေးနွေနှောင်းကို မေးမြန်းထားပါတယ်။
ဒီနေ့ ဒဗလျူအယ်လ်ဘီ ကနေပြီးတော့ ကြေညာချက်တခု ထုတ်ထားတယ်။ အရင်တုန်းကလည်း မြန်မာနိုင်ငံ
အတွင်းမှာ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုတွေ ရှိနေတယ်လို့လည်း အမြဲတမ်းလည်း ကြေညာချက် ထုတ်
ထားတာ ရှိတယ်လေ။ အစိုးရသစ် သမ္မတ ဦးသိန်းစိန်လက်ထက်မှာ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုတွေ
ကတော့ ရှိနေတုန်းဘဲလား။
“သမ္မတဦးသိန်းစိန်လက်ထက်မှာ အကြမ်းဖက်မှုတွေက ရှိနေတုန်းပဲလို့ ပြောလို့ ရပါတယ်။
အဓိကကတော့ ၈ လတာကာလ၊ ဒီ ၂၀၁၁ မှာ ကချင်ဒေသမှာပဲ ကြည့်ကြည့်၊ ရှမ်းဒေသမှာဖြစ်ဖြစ် ဒီ နှစ်ခုပေါင်း ဒီအမျိုးသမီး ၈၁ ဦးလောက်ကို နအဖတပ်က မုဒိမ်းကျင့်ခဲ့တာမျိုးတွေ ရှိတယ်။
၃၆ ဦး သတ်ဖြတ်ခံရတယ်။ ဒီဟာဆိုရင်တော့ အရမ်းကို ဆိုးဆိုးရွားရွားဖြစ်နေတဲ့ အခြေအနေမျိုးတွေမှာ ရှိတယ်။
မုဒိမ်းမှုတင်မကဘူး မြန်မာနိုင်ငံမှာ အခြား အိမ်တွင်းအကြမ်းဖက်မှုတို့၊ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေလည်း အများကြီး။
ဥပမာ အမျိုးသမီးတယောက်ကို ခြိမ်းခြောက်တဲ့ဟာမျိုးတွေလည်း ကျမတို့ဆီမှာ အများကြီး တွေ့ရတယ်လေ။ တက်လာတဲ့ သမ္မတ ဦးသိန်းစိန်လက်ထက်ဆိုရင် သူတို့ကတော့ ဒီမိုကရေစီနိုင်ငံလို့ ပြောနေပေမယ့် တကယ်တမ်းကျတော့ ပြုပြင်ပြောင်းလဲမှုတွေက တိုင်းရင်းဒေသမှာ မရှိသေးဘူး ဆိုတဲ့ဟာမျိုးတွေ ကျမတို့က အဓိက ဒီဟာကို ထောက်ပြချင်တယ်။”
အစိုးရသစ်လက်ထက်မှာ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုတွေ ပိုများလာလား နည်းသွားသလား။
“ပိုပြီးတော့ များလာတာကို တွေ့ရှိရတယ်။”
ဘယ်လိုအထောက်အထားနဲ့ များလာတယ်လို့ ပြောတာလဲ။
“အခု လက်ရှိ ကျမတို့ ဒီမှာ ကချင်နဲ့ ရှမ်းတွေ ထုတ်ထားတဲ့ အစီရင်ခံစာတွေလည်း အများကြီး ရှိတယ်လေ။
ပြီးတော့ ပလောင်ဒေသမှာ ဖြစ်ပျက်တဲ့ဟာတွေလည်း အများကြီး ကျမတို့ ထုတ်ထားတယ်။
ဘိန်းကိစ္စ၊ လူကုန်ကူးမှု ကိစ္စတွေရော။
နောက်တခု ဒီနေ့ဆိုရင် အစီရင်ခံစာ တစောင်ထုတ်ထားတယ်လေ။
ဒီအပေါ်မှာလည်း အကြမ်းဖက်မှုနဲ့ ပတ်သက်တဲ့ဟာတွေပဲ ကျမတို့ အများကြီး ရှိတာပေါ့နော်။
ဒီနှစ်အတွင်းမှာ အမျိုးသမီးတွေက ဒီစာကတော့ ပလောင်ထုတ်တဲ့ ပြောင်းလဲခြင်းအတွက် အသံများဆိုတဲ့
အစီရင်ခံစာပေါ့နော်။
ဒီမှာလည်း အများကြီး အမျိုးသမီးနဲ့ အမျိုးသား အင်တာဗျူးကြည့်လိုက်တော့ ၆၀၀ ကျော်ထဲမှာ ၉၀ က အကြမ်းဖက်ခံရတဲ့ အမျိုးသမီးတွေ တွေ့ရှိတယ်ဆိုတဲ့ဟာ သူတို့ရဲ့ ဖွင့်ပြောချက်တွေ အများကြီး တွေ့ရတယ်လေ။
ဒီဟာလည်း ကျမတို့အတွက် သက်သေတခုဖြစ်တယ်လို့ ပြောလို့ရတယ်။”
အကြမ်းဖက်မှုတွေထဲမှာ ဘယ်လိုအကြမ်းဖက်မှုက အဆိုးရွားဆုံးဖြစ်လဲ။
“အဓိကကတော့ မုဒိမ်းမှုပေါ့နော်။
ကျမတို့ဆီမှာ တော်တော်လေးကို ဖြစ်နေတဲ့ဟာ။
ဒီမုဒိမ်းမှုကတော့ ပြောမယ်ဆိုရင်တော့ တရားဥပဒေနဲ့ ရင်ဆိုင်ရမယ့် အမှုတွေ ဖြစ်တယ်လေ။ တကယ်တမ်းကျတော့ သူတို့က မလုပ်ပေးတဲ့ အပိုင်းတွေ ရှိတယ်။
နှစ်အချက်ကတော့ လူကုန်ကူးမှုတွေလည်း အများကြီးဖြစ်တယ်။
လူကုန်ကူးမှု ဘယ်နေရာမှာပဲ ကြည့်ကြည့် ကရင်ဒေသမှာပဲ ကြည့်ကြည့် စစ်ပွဲတွေ ဖြစ်တော့ လူတွေက အလုပ်လက်မဲ့တွေဖြစ်တယ်။
ကချင်ဒေသမှာပဲ ကြည့်ကြည့်၊ ရှမ်းပြည်မှာပဲ ကြည့်ကြည့် အဓိက လူကုန်ကူးခံရမှုတွေ တော်တော်များများ အမျိုးသမီးတွေ ခံစားရတယ်။
နောက်တချက်ကတော့ အိမ်တွင်းအကြမ်းဖက်မှုမှာ များသောအားဖြင့် လူတွေက ပြောနေကြတာကတော့ ဒီဟာကတော့ မိသားစုအရေး ဖြစ်နေတယ်။
ပတ်ဝန်းကျင်နဲ့ မဆိုင်ဘူးဆိုတဲ့ဟာ ပစ်ပယ်မယ်တဲ့ဟာမျိုးတွေလည်း အများကြီးတွေ့ရတယ်။”
လူကုန်ကူးမှုတွေ၊ အဓမ္မပြုကျင့်မှုတွေ၊ အိမ်တွင်းအကြမ်းဖက်မှုတွေ ရှိနေတဲ့ထဲမှာပေါ့လေ ဘယ်ဒေသတွေက အများဆုံးဖြစ်လဲ။
“ဘယ်ဒေသမှာ အများဆုံးဖြစ်လဲဆိုတော့ စစ်ပွဲဖြစ်တဲ့နေရာတွေမှာ များပါတယ်။
ရှမ်းပြည်၊ ကချင်ပြည်၊ ကရင်ပြည်ပေါ့နော် များသောအားဖြင့် ဖြစ်တယ်။ တခြားနေရာမှာလည်း ကျမတို့ ခြုံငုံပြီးပြောလို့မရဘူး။
တခြားနေရာမှာ အိမ်တွင်းအကြမ်းဖက်မှုဆိုရင် အများကြီး တွေ့ရတယ်လေ။
များသောအားဖြင့် မြန်မာတပြည်လုံးမှာ ဖြစ်နေကြတာကိုး ဒီဟာက။”
အဓိကအားဖြင့် ဒီလိုမျိုးတွေ ဖြစ်ရတာ ဘာကြောင့်ပါလဲ။
“အဓိကက ဘာကြောင့်လဲဆိုတော့ အခုတက်လာတဲ့ အစိုးရသစ်ကိုပဲ ပြောပြော၊ အရင်တုန်းက နအဖ ခေတ်ကိုပဲ ပြောပြော တာဝန်ယူမှု တစုံတရာ မရှိတဲ့အပြင် သူတို့က ၉၇ မှာ The Convention on the Elimination of all forms of Discrimination Against Women (CEDAW) (အမျိုးသမီးများအပေါ် ဖိနှိပ်မှုတားဆီးကာကွယ်ရေးညီလာခံ) မှာ လက်မှတ်ရေးထိုးထားပေမယ့် သူတို့ကတော့ ဒီ စာရွက်စာတမ်းပေါ်မှာပဲ ရှိတယ်လေ။
တကယ့်လက်တွေ့မှာ သူတို့ အကောင်အထည် မဖော်ဘူးဆိုတော့ ဒါတွေကို လုပ်လို့မရဘူး။
ကျမတို့ ဒီအမျိုးသမီးများအဖွဲ့ချုပ်ကတော့ ကြိုးစားပြီးတော့ လုပ်နေပါတယ်။
ဒီ အမျိုးသမီးများ ကြားမှာပေါ့နော် ပညာပေးဟောပြောပွဲတွေ၊ ဒီအခမ်းအနားတွေ၊ သိသင့်သိထိုက်တဲ့ဟာမျိုးတွေ အကုန်တော့ အလုပ်တော့လုပ် တကယ်တမ်းကျတော့ ကျမတို့ ပြည်တွင်းမှာ ဘယ်လောက်ပဲလုပ်လုပ် ထိထိရောက်ရောက် လုပ်နိုင်ပေမယ့် အစိုးရရဲ့ သူတို့ရဲ့ ပေါ်လစီထဲမှာ မပြောင်းလဲဘူးဆိုရင် ကျမတို့ ဘယ်လိုမှ ပြောင်းလဲလို့ မရတဲ့ အနေအထားတွေတော့ ဖြစ်တယ်ရှင့်။”
အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှု ပပျောက်ဖို့ ဘယ်လို လုပ်သင့်သလဲ။
“အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှု ပပျောက်ဖို့က စစ်ဝါဒ ကျင့်သုံးနေတာကို ရပ်တန့်ဖို့ လိုအပ်တယ် မြန်မာနိုင်ငံမှာလေ။
အမျိုးသမီးများအပေါ် ဖိနှိပ်မှုတားဆီးကာကွယ်ရေးညီလာခံ လက်မှတ် ထိုးထားတယ်ဆိုတော့ တကယ့်ကို အကောင်အထည်ဖော်ဖို့ လိုအပ်တယ် ဆိုတာမျိုး ကျမတို့ မီးမောင်းထိုးပြချင်တယ်။
ဒီဟာကိုလည်း လက်တွေ့လုပ်ဆောင်ဖို့ လိုအပ်တယ်ဆိုတဲ့ဟာမျိုးတွေ။ ပြီးတော့ မြန်မာနိုင်ငံမှာ ကျမတို့ ပညာပေးဟောပြောပွဲတွေ အများကြီးလုပ်ဆောင်ဖို့လို့အပ်တယ်။
၂၀၀၇ တုန်းက ကျမတို့ အတွေ့အကြုံပေါ့နော်။
မြန်မာနိုင်ငံမှာ သူတို့ အမျိုးသမီးများအပေါ် ဖိနှိပ်မှုတားဆီးကာကွယ်ရေးညီလာခံ (ကုလသမဂ္ဂ) မှာ တင်တော့ ဘာပြောလဲဆိုတော့ အမျိုးသားများနဲ့ အမျိုးသမီးတွေက တန်းတူ အခွင့်အရေးခံစားခွင့်ရှိတယ်။
မမွေးခင်ကတည်းက အခွင့်အရေးတွေက ရှိထားပြီးသားဆိုတော့ သူတို့ရဲ့ စာတန်းထဲမှာတော့ ရှိတယ်၊ တကယ့် လက်တွေ့မှာ သူတို့လုပ်ဆောင်နေတဲ့ အပိုင်းတွေ အရမ်းအားနည်းတဲ့ ဟာမျိုးတွေပေါ့နော်။
ဒီဟာကို အစိုးရတွေ ကိုယ်တိုင်လည်း လုပ်ဆောင်ဖို့ လိုအပ်တယ်။”
26 Nov, 2011
တူရကီ ပါလီမန်မှာ ကုလသမ္မဂ္ဂ ဖွံ့ဖြိုးရေး အစီအစဉ်နှင့် ကျား ၊ မ ခွဲခြားမှု တိုက်ဖျက်ရေး ကုလသမ္မဂ္ဂ စီမံကိန်းတို့နှင့် ပူးပေါင်းကာ နိုင်ငံအတွင်း ယောက်ျားနှင့် မိန်းမအကြား သာတူညီမျှ ရှိစေရေး လုပ်ငန်းများကို မြှင့်တင်သွားမည့် စီမံကိန်းတစ်ခုကို စတင်လိုက်ကြောင်း Press တီဗွီသတင်းတွင် ဖော်ပြခဲ့သည်။
တူရကီနိုင်ငံ အတွင်း လူမှုရေး ဂျဲန်ဒါ သာတူညီမျှသည့် ပတ်ဝန်ကျင်း တစ်ခုထူထောင်နိုင်ရေး စီမံကိန်းကို အန်ကာရာမြို့ ပါလီမန် အတွင်းတွင် ကုလသမ္မဂ္ဂ ဌာနကိုယ်စားလှယ် Shahid Najam နှင့် တူရကီ ပါလီမန် လူကြီး Cemil Cicek တို့ ပူးပေါင်းပြီး သောကြာနေ့က ကျင်းပခဲ့ခြင်း ဖြစ်သည်။
ယင်းနေ့မှာ နိုင်ငံတကာမှ သတ်မှတ်သည့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တိုက်ဖျက်ရေးနေ့လည်း ဖြစ်ကြောင်း သိရသည်။ ယခုစီမံကိန်းတွင် အမျိုးသမီးများ အပေါ် ပြုလုပ်သည့် အိမ်တွင်း အကြမ်းဖက်မှုများ ပပျောက်စေရေးနှင့် ကျား၊ မ သာတူညီမျှ ဖြစ်ရေးမှာ အဓိက ဦးတည်ချက် များ ဖြစ်ကြောင်းလည်း သိရသည်။
Najam မှာ အန်ကာရာမြို့တွင် ပြုလုပ်သည့် ယခုလို စီမံကိန်းအပေါ် ကြိုဆို ဂုဏ်ပြုခဲ့ပြီး တူရကီနိုင်ငံ အနေဖြင့် အမျိုးသမီးများကို အားပေး အားမြှောက် ပြုသည့် လုပ်ရပ်များနှင့် ပတ်သက်ပြီးလည်း မျှော်လင့်ချက် များ ထားရှိကြောင်းကို ပြသခဲ့သည်။
source : presstv.ir
Credit http://www.mrtv4.net.mm/
0 comments:
Post a Comment