ဒီဓါတ်ပုံက မန္တလေးမြို့နော် တရုတ်ပြည်မဟုတ်ဘူး တရုတ်ပြည်လို့ထင်သွားမှာစိုးလို့ပါဗျာ
မြန်မာမှတရုတ်သို့ ငါးပေါင်းမှုန့်များတင်ပို့ရန် ငါးပေါင်းမှုန့်ထုတ်လုပ်သည့် စက်ရုံခြောက်ရုံ တရုတ်နိုင်ငံ၏ စစ်ဆေးမှုခံယူခဲ့
Sunday, 13 November 2011
မြန်မာမှတရုတ်သို့ ငါးပေါင်းမှုန့် (Fish Meal) အပါအ၀င် ရေထွက်တိရစ္ဆာန် ပရိုတင်းပစ္စည်းများ တင်ပို့ပါက တရုတ်အသိအမှတ်ပြု စက်ရုံများမှသာ တင်ပို့ခွင့်ရရှိမည်ဖြစ်သောကြောင့် မြန်မာနိုင်ငံမှ ငါးပေါင်းမှုန့် ထုတ်လုပ် သည့် စက်ရုံေ့ခြာက်ရုံမှာ တရုတ်နိုင်ငံမှ တာဝန်ရှိသူများ ၏ စစ်ဆေးမှုခံယူခဲ့ကြောင်း မြန်မာနိုင်ငံ ရေထွက်ပစ္စည်းထုတ်လုပ်သူများနှင့် ပို့ကုန်လုပ်ငန်းရှင်များအသင်းမှ သတင်းရရှိသည်။ ''ဒီမှာ Fish Meal ထုတ်လုပ်တဲ့စက်ရုံ ၁၁ ရုံရှိပါတယ်။
အရင်က တရုတ်ကိုပို့တဲ့အခါ ဒီအတိုင်းပို့လို့ရပေမယ့် နောက်ပိုင်းမှာ သူတို့ လာစစ်ဆေးပေးပြီး အသိအမှတ်ပြုမှသာ တင်ပို့ခွင့် ရတော့မှာဖြစ်ပါတယ်။ ဒါကြောင့် အဲဒီစက်ရုံ ၁၁ ရုံထဲကနေ တရုတ်ကို တင်ပို့ချင်တဲ့ စက်ရုံခြောက်ရုံကို တရုတ်နိုင်ငံက ကျွမ်းကျင်ပညာရှင်သုံးဦးက အောက်တိုဘာလ ၅ ရက်ကနေ နိုဝင်ဘာလဆန်းထိ မြန်မာနိုင်ငံကိုလာပြီးစစ်ဆေးခဲ့ပါတယ်။ သူတို့ စစ်ဆေးမှုတွေကို သူတို့သက်ဆိုင်ရာအဖွဲ့ထံတင်ပြပြီး ရလဒ်ကို ထုတ်ပြန်ပေးသွားမှာဖြစ်ပါတယ်'' ဟု အဆိုပါအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ ၂၀၁၁ ခုနှစ်မှစ၍ မြန်မာနိုင်ငံမှ တရုတ်သို့ ငါးပေါင်းမှုန့်အပါအ၀င် ရေထွက်တိရစ္ဆာန် ပရိုတင်းပစ္စည်းများ တင်ပို့မည်ဆိုပါက တရုတ်နိုင်ငံက အသိအမှတ်ပြုထားသည့် စက်ရုံများမှသာ တင်ပို့ခွင့်ရရှိမည်ဖြစ်ပြီး ယင်းသို့ အသိအမှတ်ပြုစက်ရုံဖြစ် ရန်အတွက် တရုတ်နိုင်ငံမှ စစ်ဆေးရေးအဖွဲ့က မြန်မာနိုင်ငံသို့ လာရောက်၍ စစ်ဆေးခဲ့ခြင်းဖြစ်သည်။
''တရုတ်ကို Fish Meal အပါအ၀င် အခြားရေထွက် တိရစ္ဆာန်ပရိုတင်းတွေ တင်ပို့ရောင်းချ မယ်ဆိုရင် တရုတ်ရဲ့ approval ရယူရမှာ ဖြစ်ပါတယ်။ တရုတ်ကိုယ်စားလှယ်အဖွဲ့က ဒီက Fish Meal စက်ရုံတွေရဲ့ သန့်ရှင်းရေး၊ ကျန်းမာရေးဆိုင်ရာ ထိန်းချုပ်မှုစနစ်တွေ ဌာနရဲ့ စီမံခန့်ခွဲတဲ့စနစ်တွေကို လာစစ်ဆေး အတည်ပြုပြီး အသိအမှတ်ပြုမှ တင်ပို့ခွင့်ရမှာဖြစ်ပါတယ်''ဟု ငါးလုပ်ငန်း ဦးစီးဌာနမှ တာဝန်ရှိသူတစ်rif;ဦးက ပြောကြားသည်။
တရုတ်သို့ Fish Meal တင်ပို့နိုင်ရန်အတွက် Mercury, Cad-mium, Lead,Salmonella,Entero bacteria,Malachite Green အစရှိသည့် အဏုဇီဝပိုး၊ ဓာတုပစ္စည်းများ ပါဝင်မှု ရှိမရှိကို ငါးလုပ်ငန်းဦးစီးဌာနကစစ်ဆေးပြီး သတ်မှတ်ချက်များနှင့် ညီညွတ်ပါက Health Certificate ထုတ်ပေးရမည်ဖြစ်သည်။
Credit http://www.news-eleven.com
မင်းကမင်း ငါကငါ
Credit http://www.youtube.com/watch?feature=player_embedded&v=6M2D-U-Xpbg
သူ့နိုင်ငံကနေ ဗမာတွေလူစဉ်မမှီအောင် ပေါက်တတ်ကရ အစားအစာတွေ သွင်းနေတာ
သူ့တိုင်းပြည်ကျတော့ အဖြစ်သည်းလိုက်တာများ၊ ဗမာပြည်က စက်ရုံတွေကို စစ်ဆေးပြီး
သူ့နိုင်ငံက လက်မှတ်ရမှ သွင်းခွင့်ပြုမယ်တဲ့။
အင်းပေါ့လေ မကြာခင် တရုတ်နိုင်ငံဖြစ်လာတော့မှာဆိုတော့ အခုကတည်းက ကြိုတင်
လုပ်စရာရှိတာလုပ်ထားရမယ်လေ၊ ဒီလိုမလုပ်ထားလျင် ပြည်ကြီးက စက်ရုံတွေကြောင့်
နာမည်ပျက်နေတာ ရစရာမှ မရှိတော့ပဲ။
0 comments:
Post a Comment