+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Wednesday, November 23, 2011

Thanksgiving Day

 Photographer: Mandekl Ngan 
Copyright/Source: AFP/Getty Images 

US President Barack Obama pardons the National Thanksgiving Turkey, Liberty, in a ceremony in the North Portico of the White House in Washington, DC, November 23, 2011 with his daughters Sasha (2nd-R) and Malia (R), as Chairman of the National Turkey Federation Richard Huisinga (3rd-L) holds the 45-pound bird.
Publish Date: Wed, 2011-11-23 16:09

Copy from http://www.globalpost.com/photo/5682390/thanksgiving-turkey-day-obama-11-22-11

ဗုဒ္ဓဟူး, 23 နိုဝင်ဘာ 2011

ကျေးဇူးတော်နေ့ 

အမေရိကန်ပြည်ထောင်စုမှာ ဆင်နွှဲ 

By ဗွီအိုအေ (မြန်မာဌာန)

အမေရိကန်ပြည်ထောင်စုမှာ နိုဝင်ဘာလ ၂၃ ရက်ဟာ Thanksgiving Day လို့ခေါ်တဲ့ ကျေးဇူးတော်နေ့ ဖြစ်ပါတယ်။ သမ္မတက ကြက်ဆင်တွေကို ဘေးမဲ့ပေးတာဟာ နှစ်စဉ်လုပ်လာတဲ့ လုပ်ရိုးလုပ်စဉ်တစ်ခု ဖြစ်ပါတယ်။ အားလပ်ရပ် စားပွဲသောက်ပွဲတွေအတွက် အစားခံဖြစ်ရမယ့်ဘေးကနေ ကြက်ဆင်နှစ်ကောင်ကို သမ္မတက မနေ့က ကင်းလွတ်ခွင့်ပေးခဲ့ပါတယ်။ ကျေးဇူးတော်နေ့ တရားဝင် အားလပ်ရက်မတိုင် တစ်ရက်အလို မနေ့က သမ္မတ အိုဘားမားဟာ သူ့ရဲ့သမီးနှစ်ယောက်နဲ့အတူ အိမ်ဖြူတော်ရဲ့ အပြင်ဘက်ထွက်ပြီး ကြက်ဆင်နှစ်ကောင်ကို ဘေးမဲ့ပေးခဲ့တာ ဖြစ်ပါတယ်။

လွတ်လပ်ခြင်းနဲ့ ငြိမ်းချမ်းခြင်းလို့ အမည်ပေးထားတဲ့ ဒီ ကြက်ဆင်နှစ်ကောင် လွှတ်ပေးတာဟာ လွှတ်တော်ရဲ့ အတည်ပြုချက်မလိုတဲ့ အုပ်ချုပ်ရေးပိုင်းရဲ့ ဆောင်ရွက်ချက်တွေထဲက တစ်ခုဖြစ်တယ်လို့ သမ္မတ အိုဘားမားက အဲဒီပွဲမှာ နောက်ပြောင်ပြောခဲ့ပါတယ်။

တခြား ကြက်ဆင်နှစ်ကောက်ကိုတော့ ၀ါရှင်တန်တ၀ိုက်က စားစရာမဲ့နေတဲ့သူတွေအတွက် အစားအစာ စုဆောင်းတဲ့ နေရာတစ်ခုမှာသွားပြီးတော့ သမ္မတ အိုဘားမား၊ သမ္မတကတော်နဲ့ သမီးနှစ်ယောက်တို့က လှူဒါန်းခဲ့ကြပါတယ်။







သတင်းကို အောက်ပါလိပ်စာမှာ ရယူနိုင်ပါတယ်
http://www.voanews.com/burmese/news/Obama-Thanksgiving-11-23-11-134431993.html

0 comments:

Post a Comment