+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Wednesday, November 23, 2011

Thomas Cook ၏ ရှယ်ယာဈေးများ ၇၅ ရာနှုန်း ကျဆင်း

အမှုဆောင်ချုပ် Manny Fontenla- Novoa 
Source Photo from http://www.travelweekly.co.uk

Thomas Cook ၏ ရှယ်ယာဈေးများ

၇၅ ရာနှုန်း ကျဆင်း 

24 Nov, 2011

လန်ဒန် ။ ။ ဥရောပတိုက်ရှိ ဒုတိယ အကြီးဆုံး ခရီးသွား ပို့ဆောင်ရေး လုပ်ငန်းကြီး ဖြစ်သည့် Thomas Cook ၏ ရှယ်ယာဈေးများမှာ လွန်ခဲ့သည့် အင်္ဂါနေ့က စံချိန်တင် ကျဆင်းမှုတစ်ခု အဖြစ် ၇၅ ရာနှုန်း ကျဆင်းခဲ့အပြီးတွင် ဘဏ်များနှင့် ပတ်သက်ပြီး သဘောတူညီမှုများကို ပြန်လည် ညှိုနှိုင်းနေကြောင်း ထုတ်ပြန် ပြောကြားလိုက်ကာ ၎င်း၏ နှစ်စဉ် ရလာဒ် ထုတ်ပြန်မှုများကိုလည်း ရပ်ဆိုင်း စေခဲ့ကြောင်း သိရသည်။

ဗြိတိန် ကုမ္ပဏီတစ် ခု ဖြစ်သည့် Thomas Cook ၏ ရှယ်ယာဈေးမျာမှာ ယခုလို ကျဆင်းခဲ့သဖြင့် လန်ဒန်ရှိ FTSE 250 ရှယ်ယာ အညွှန်းကိန်းတွင် ရှယ်ယာ တစ်ခုလျင် ၁၀.၂ ပဲနိဖြင့် ဈေးကွက် ပိတ်ခဲ့ကြောင်း သိရကာ စုစုပေါင်း ပိုင်ဆိုင်မှုအဖြစ် ဒေါ်လာ သန်း ၁၄၀ သာ ကျန် ရှိတော့ကြောင်းလည်း သိရသည်။

ဥရောပရှိ အကြီးဆုံး စီးပွားရေး ကုမ္ပဏီကြီး တစ်ခုဖြစ်သည့် TUI အပြီးတွင် ဒုတိယမြောက် အကြီးဆုံး ဖြစ်သည့် Thomas Cook မှာ ယခုနှစ် အတွင်း ဆိုးရွားသည့် အခြေအနေကို ကြုံတွေ့ခဲ့ရပြီး လွန်ခဲ့သည့် သြဂုတ်လ ကလည်း အမှုဆောင်ချုပ် Manny Fontenla- Novoa မှာ ရာထူးမှ နုတ်ထွက်ပေးရသည့် အခြေအနေတစ်ခုသို့ ရောက်ရှိစေခဲ့ကြောင်း လည်း သိရသည်။

စားသုံးသူ ယုံကြည်မှု ကျဆင်း ခဲ့ရသည့်အပြင် အရှေ့အလယ်ပိုင်းနှင့် မြောက် အာဖရိကဒေသများတွင် မတည်ငြိမ်သည့် အခြေအနေများကြောင့် ပြင်သစ်နှင့် ရုရှားတို့မှ အားလပ်ရက် ခရီးထွက်သူများမှာ လာရောက်မှု ကျဆင်းခဲ့ခြင်းကလည်း ယခုလို ဖြစ်စေသည့် ဖြစ်ရပ်တစ်ခုပင် ဖြစ်ကြောင်း သိရသည်။

ယခုလို ဖြစ်ရပ်များနှင့် ပတ်သက်ပြီး Thomas Cook မှ ပြောရာ၌ ၎င်းတို့ အနေဖြင့် တင်ရှိနေသည့် ကြွေးများနှင့် ပတ်သက်ပြီး ဘဏ်များနှင့် ဆွေးနွေးမှုများ လုပ်ဆောင်နေကြောင်း အင်္ဂါနေ့က ထုတ်ပြန် ပြောကြားခဲ့သည်။


Source Photo from http://www.comparenow.com/
source : channelnewsasia

Credit http://www.mrtv4.net.mm

0 comments:

Post a Comment