Former Illinois governor Rod Blagojevich after autographing a book for a supporter
on Wednesday after he was sentenced to 14 years in prison, Charles Rex Arbogast / AP Photo
Source Photo from http://www.thedailybeast.com
အီလနွိုက် အုပ်ချုပ်ရေးမှု ထောင်ဒဏ် ၁၄ နှစ်ကျ
8 Dec, 2011
အမေရိကန် ပြည်ထောင်စု ချီကာဂိုမှ တရားသူကြီးတစ်ဦးမှာ ယခင်က အီလနွိုက်ပြည်နယ် အုပ်ချုပ်ရေး မှုးဟောင်း တစ်ဦးဖြစ်သည့် Blagojevich အား များပြားလှသော အဂတိလိုက်စားသည့် ပြစ်မှုများဖြင့် ထောင်ဒဏ် ၁၄ နှစ် ချမှတ်လိုက်ပြီ ဖြစ်သည်။
ယင်းသို့သော ပြစ်မှုများထဲတွင် သမ္မတအိုဘားမားဖြစ်သူ ဆီးနိတ်လွှတ်တော် တွင် ထိုင်ခဲ့သည့် ထိုင်ခုံအဟောင်းကို ရောင်းစားရန် ကြံစည်မှုလည်း ပါဝင်ကြောင်းသိရသည်။
ယခုလို အမိန့်ချမှတ်ခြင်းမှာ ယင်းပြစ်မှုမျိုးအတွက် အဆိုပါ ပြည်နယ်သမိုင်းတွင် အပြင်းထန်ဆုံး ပြစ်ဒဏ်တစ်ခုဖြစ်ကြောင်းလည်း သိရသည်။ အုပ်ချုပ်သူကိုယ်တိုင်ပင် ဆိုးရွားသည့် ပြစ်မှုများကျူးလွန်နေပါက အီလနွိုက်ပြည်နယ်၏ တည်ဆောက်မှုများမှာ အလုံးစုံပျက်စီးသွားပြီး ရုပ်ပျက်ဆင်းပျက် ဖြစ်ရသည့်အပြင် လွယ်ကူစွာဖြင့် ပြုပြင်ရန်javascript:; ခက်ခဲမည်ဖြစ်သည်ဟုလည်း တရားသူကြီးမှ ပြစ်ဒဏ် ချမှတ်သည့်နေ့ က ပြောကြားသွားခဲ့သည်။
ယခုလို ပြစ်ဒဏ် မချမှတ်မီအချိန် က Blagojevich မှာမိနစ် ၂၀ ကြာအောင်တောင်းပန်စကားဆိုခဲ့ပြီး ၎င်းဘ ဝမှာ ပျက်စီးခဲ့ရပြီ ဖြစ်ကြောင်း နှင့် ယခုလိုဖြစ်ရပ်အတွက် မည်သူတစ်ဦးတစ်ယောက်ကိုမျှ အပြစ်တင်ဖွယ်ရာ မရှိဘဲမိမိကိုယ်တိုင် အပြင် မိမိ၏ မိုက်မဲမှုနှင့် လုပ်ဆောင်ချက်များကိုသာ အပြစ်တင်ရမည် ဖြစ်ကြောင်း လည်း ပြောခဲ့ကာ ၎င်းအနေဖြင့် အလွန်ပင် စိတ်မကောင်း ဖြစ်မိပါကြောင်း လည်း ပြောကြားသွားခဲ့သည်။
source : AP
Credit http://www.mrtv4.net.mm/news
0 comments:
Post a Comment