+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Wednesday, December 7, 2011

အမေရိကန် တရုတ် ကာကွယ်ရေး ဆွေးနွေး

U.S. - China Defense Consultative Talks In This Photo: Michele Flournoy, Ma Xiaotian United States Department of Defense Under Secretary Michele Flournoy (L) is greeted by Chinese Lt. Gen. Ma Xiaotian before the start of the U.S. - China Defense Consultative Talks June 23, 2009 in Beijing, China. 
The U.S. and China are expected to discuss North Korea's missile and nuclear weapons programs.
(June 23, 2009 - Photo by Pool/Getty Images AsiaPac) 
Source Photo from http://www.zimbio.com/pictures

ဗုဒ္ဓဟူး, 07 ဒီဇင်ဘာ 2011

အမေရိကန် တရုတ် ကာကွယ်ရေး ဆွေးနွေး

By VOA (မြန်မာပိုင်း)

တရုတ်နိုင်ငံမှာ တရုတ်နဲ့ အမေရိကန် အရာရှိတွေက စက်တင်ဘာလမှာ နှစ်နိုင်ငံ ဆက်ဆံရေး တင်းမာ လာပြီးကတည်းက ဆိုရင် ပထမဆုံး အကြိမ်အဖြစ် အဆင့်မြင့် ဆွေးနွေးပွဲတွေကို ပြန်စလုပ်နေပါပြီ။
အမေရိကန်ဖက်က ထိုင်ဝမ်ကို လက်နက်ရောင်းတာနဲ့ သြစတေးလျမှာ အမေရိကန်စစ်သားတွေ တဖြည်းဖြည်း ပိုချထားဖို့ ကြေငြာတာတွေနဲ့ ပတ်သက်ပြီး နှစ်နိုင်ငံ ဆက်ဆံရေး အဖုအထစ်တွေ ဖြစ်လာခဲ့အပြီးမှာ အခုလို ပထမဆုံးအကြိမ် ဆွေးနွေးပွဲတွေ ပြန်စနိုင်တာ ဖြစ်ပါတယ်။

ဘေဂျင်းမြို့တော်မှာ ၁၂ ကြိမ်မြောက် နှစ်စဉ်လုပ်တဲ့ ဒီဆွေးနွေးပွဲကို ဒီနေ့မှာပဲ အမေရိကန် ပေါ်လစီဆိုင်ရာ လက်ထောက် ကာကွယ်ရေးဝန်ကြီး Michel Flournoy နဲ့ တရုတ်ကြည်းတပ် စစ်ဦးစီးရုံး ဒုအရာရှိချုပ် မား ရှောင်တီယာ (Ma Xiaotian) တို့က ဖွင့်လှစ်ပေးလိုက်တာပါ။

အမေရိကန်တို့ဖက်က ထိုင်ဝမ်လေတပ်ကို အဆင့်မြင့်ပေးဖို့ ကာကွယ်ရေးပစ္စည်း ဒေါ်လာ သန်းပေါင်း ၅၈၀၀ ကျော်ဖိုး ရောင်းချဖို့ ကူညီပေးတာကို စက်တင်ဘာလမှာ ကြေငြာပြီး တရုတ်ဖက်က ဒေါသထွက်ခဲ့တာကြောင့် ဒီဆွေးနွေးပွဲလုပ်ဖို့ ရွေ့ဆိုင်းလာခဲ့တာ ဖြစ်ပါတယ်။




သတင်းကို အောက်ပါလိပ်စာမှာ ရယူနိုင်ပါတယ် http://www.voanews.com/burmese/news/US_China_Military_Talk_Dec07_2011-135173053.html 


Chinese Vice President Xi Jinping

Derek Mitchell 
(အမေရိကန် ပြည်ထောင်စု မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်) 

မြန်မာအတွက် အမေရိကန်နဲ့တရုတ် ထိပ်တိုက်မတွေ့လို

2011-12-07

မြန်မာနဲ့ ပတ်သက်လာရင် အမေရိကန်နဲ့ တရုတ် ထိပ်တိုက် ရင်ဆိုင် မတွေ့ဘဲ ညှိနှိုင်း ဆွေးနွေးယူကြမယ့် သဘော တွေ့ရတယ်လို့ တရုတ်နိုင်ငံ အခြေစိုက် ဗမာပြည် ကွန်မြူနစ် ပါတီရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် ရဲဘော် ဖိုးသံချောင်းက ပြောပါတယ်။

အမေရိကန် ပြည်ထောင်စု မြန်မာနိုင်ငံ ဆိုင်ရာ အထူး ကိုယ်စားလှယ် Derek Mitchell ရဲ့ ဒီဇင်ဘာလ ၈ ရက်က ၁၃ ရက် အထိ အာရှနိုင်ငံကြီး သုံးနိုင်ငံကို သွားပြီး မြန်မာ့အရေး ဆွေးနွေးမယ့် ခရီးစဉ်မှာ တရုတ်နိုင်ငံ ပါဝင်တာကို ကြည့်ပြီး အဲဒီလို ပြောလိုက်တာပါ၊ Mr. Mitchell ဟာ ဒီဇင်ဘာလ ၁၂ ရက်မှာ တရုတ် နိုင်ငံကို ရောက်မယ်လို့ သိရပါတယ်။

သူ့ခရီးစဉ် မတိုင်ခင် တရုတ် နိုင်ငံကို သွားခဲ့တဲ့ မြန်မာ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ရဲ့ ခရီးစဉ်မှာ ၂၀၁၃ ကျရင် တရုတ်နိုင်ငံ သမ္မတ ဖြစ်လာဖို့ လျာထား သတ်မှတ်ခံရတဲ့ လက်ရှိ ဒု-သမ္မတ ရှီကျင်ဖင်နဲ့ တွေ့ဆုံပြီး နှစ်နိုင်ငံ စစ်ရေး ပူးပေါင်း ဆောင်ရွက်မှုတွေ တိုးမြှင့် လုပ်ဆောင်သွားဖို့ သဘောတူ စာချုပ် ချုပ်ဆိုခဲ့ပါတယ်။

အဲဒါကို ကြည့်ရင် အမေရိကန်နဲ့ ဆက်ဆံရေးဟာ တရုတ်ကို ထိခိုက်မှု ရှိမှာမဟုတ်ဘူး ဆိုတဲ့ အကြောင်း သွားရောက် ရှင်းပြတာ ဖြစ်မယ်လို့ ထင်ကြောင်း ရဲဘော်ဖိုးသံချောင်းက ပြောပါတယ်။

Derek Mitchell ရဲ့ခရီးစဉ်မှာ တရုတ်အပြင် တောင်ကိုးရီးယားနဲ့ ဂျပန် နိုင်ငံတွေလည်း ပါဝင်ပါမယ်။



Copyright © 1998-2011 Radio Free Asia. All rights reserved.

0 comments:

Post a Comment