+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Saturday, December 10, 2011

Google + Find My Face

Source Photo from http://www.google.com/images

မျက်နှာမှတ်မိနိုင်သည့် စနစ်သစ် 

Google + စတင် 

10 Dec, 2011

ဆန်ဖရန်ဆစ်စကို ။ ။ Google ကုမ္ပဏီ၏ လူမှုရေးကွန်ရက်ဝက်ဆိုက် ဖြစ်သော Google + ကိုသုံးစွဲသူများ အနေဖြင့် သူငယ်ချင်းများမှ တင်ထားသည့် မိမိပုံပါဝင်သော ဓါတ်ပုံများကို အလိုအလျောက် ရှာပေးသည့်စနစ်တစ်ခုကို စတင် ထုတ်လွှတ်လိုက်ပြီ ဖြစ်သည်။

အဆိုပါ Find My face လုပ်ဆောင်ချက်အသစ်မှာ လာမည့် ရက်အ နည်းငယ်အတွင်း သုံးစွဲသူများကိုယ်တိုင် ဖွင့်ရမည်ဖြစ်ကာ နောက်ပိုင်းမှာသာ အလိုအလျောက် တက်လာမည်ဖြစ်သည်။ ယခုလို လုပ်ဆောင်ချက် အသစ်ကြောင့် ပြိုင်ဘက် Facebook ကိုလက်လှမ်းမီစေမည် ဖြစ်ကာ ယခုကဲ့သို့ လုပ်ဆောင်မှုမျိုးကို ယခုနှစ် အစောပိုင်းက Facebook မှထုတ်လွှတ်ခဲ့ပြီး ဖြစ်ကြောင်းလည်း သိရသည်။

အဆိုပါ Find My Face ကိုဖွင့်လိုက်သည်နှင့် Google + အနေဖြင့် မိမိမိတ်ဆွေများ တင်ထားသည့်ပုံများတွင် မိမိမည်သည့်နေရာတွင် ရှိနေသည်ကို ဖော်ပြပေးမည် ဖြစ်သည်ဟု Google+ ၏ အင်ဂျင်နီယာအဖွဲ့အကြီးအကဲဖြစ်သူမှ ဘလော့တွင်ဖော်ပြခဲ့သည်။

သို့ရာတွင် ယခုခလုတ်ကို သုံးစွဲသူများအနေဖြင့် ကိုယ်ပိုင်ဆုံးဖြတ် မှုဖြင့် ရွေးချယ်နိုင်ကြောင်းလည်း ၎င်းမှထပ်လောင်း ပြောကြားခဲ့သည်။ Google + မှာ ယခုအချိန်အထိ သုံးစွဲသူ သန်း ၄၀ ကျော်သာ ရှိနေသေးပြီး Facebook မှာမူ သန်း ၈၀၀ ခန့်ရှိနေပြီ ဖြစ်သည်။

source : channelnewsasia

Credit http://www.mrtv4.net.mm

0 comments:

Post a Comment