Brendan McDermid/REUTERS
The US Justice Department has approved search giant Google’s acquisition of online advertising service AdMeld.
Source Photo from http://bostonglobe.com
Admeld အား ဒေါ်လာ သန်း၄၀၀ ဖြင့် ဝယ်မည့်
Google ၏ လုပ်ဆောင်ချက်ကို အမေရိကန် ခွင့်ပြု
3 Dec, 2011
ဝါရှင်တန် ။ ။ အွန်လိုင်း ကြော်ငြာများအတွက် ပလက်ဖောင်းများကို ဖန်တီးပေးနေသော Admeld ကုမ္ပဏီကို Google မှဒေါ်လာ သန်း ၄၀၀ ဖြင့် ၀ယ်ယူရေးနှင့် ပတ်သက်ပြီး အမေရိကန် တရားရေးဌာနမှ လွန်ခဲ့သည့် သောကြာနေ့က ခွင့်ပြုလိုက်ြ ပီ ဖြစ်သည်။ ယခုလို ဝယ်ယူခွင့်ပြုခြင်းဖြင့် ကြော်ငြာ လုပ်ငန်းကို ဖော်ပြနေသည့် ရောင်း ဝယ်မှုများ အတွင်း ယှဉ်ပြိုင်နိုင်မှုကို ထိခိုက်စေမည် မဟုတ်သဖြင့် ယခုလို ခွင့်ပြုလိုက်ခြင်း ဖြစ်ကြောင်း ပြော ကြားခဲ့သည်။
Google ကုမ္ပဏီမှာ ကမ္ဘာ့အကြီးဆုံး အင်တာနက် ရှာဖွေရေး ကုမ္ပဏီကြီးတစ်ခု ဖြစ်ကာ အလားတူပင် ကြော်ငြာ ပလက်ဖောင်းများကို လုပ်ဆောင်ပေးနေသည့် အကြီးဆုံး ကုမ္ပဏီတစ်ခုလည်း ဖြစ်သည်။ လွန်ခဲ့သည့် ၂၀၁၀ ခုနှစ်အတွင်း Google ကုမ္ပဏီ၏ဝင်ငွေ မှာ ဒေါ်လာ ၂၉ ဘီလီယံ ဝင်ခဲ့ကာ အများစုမှာ ကြော်ငြာလုပ်ငန်းမှ ရရှိခြင်းဖြစ်သည်။
Admald ၏ နှစ်စဉ်ဝင်ငွေမှာ တစ်နှစ်လျင် ဒေါ်လာ ၃၀ ဘီလီယံ ဖြစ်ပြီး အင်တာနက်တွင် ဖော်ပြလိုသူများအတွက် နည်းပညာများ ထောက်ပံ့ပေးနေသည့် ကုမ္ပဏီတစ်ခု ဖြစ် ကာ ကြော်ငြာ ရှင်များအား ပြသနိုင်သည့် အရင်းအမြစ် ရာပေါင်းမျာစွာတွင် ပြသစေခြင်းဖြင့် ဝင်ငွေတိုးတက်စေရန် ကူညီနေခြင်းဖြစ်သည်။
Google ကုမ္ပဏီမှာ ယခုနှစ်အတွင်း အမေရိကန်ရှိ အွန်လိုင်းကြော်ငြာ ပြသမှုများ၏ ၉.၃ ရာနှုန်းကို ရရှိထားပြီး ယခင်နှစ်က စံချိန်ြ ဖစ်သည့် ၈.၆ ရာနှုန်းထက် ပိုမိုတိုးတက်ခဲ့ကာ နံပါတ်သုံး အဆင့်သို့ ရောက်ရှိခဲ့ကြောင်း ဒစ်ဂျစ်တယ် နည်းပညာ ကုမ္ပဏီဖြစ်သည့် Emarketer ၏ ထုတ်ပြန်ချက်အရ သိရသည်။
ယခုနှစ်အတွက် နံပတ် ၁ နေရာကို Facebook မှရယူထားကာ ယခင်တစ်နှစ်က ၁၂ ရာနှုန်းရှိရာမှ ယခုနှစ်တွင် ၁၆ ရာနှုန်း အထိတိုးတက်ခဲ့ကြောင်း သိရပြီး Yahoo မှာ ၁၃ ရာနှုန်း ရရှိခဲ့ကြောင်း လည်း သိရသည်။
source : Xinhuanews
Credit http://www.mrtv4.net.mm
0 comments:
Post a Comment