+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Sunday, September 20, 2009

ကရင် ဗမာ အဘိဓာန်


လံင် ဖြောင့်မတ်သော
လံင် ကိုယ်ကာယ
လံင် လိုက်သည်
လံင်ခေါဝ်. ကိုယ်ပူသည်
လံင်ဆံင်. လိုက်ရှာသည်
လံင်ဖံင်း လိုက်ဖမ်းသည်
လံင်ထံင် ဖြောင့်တန်းသော
လံင်တိင်ဏိင် ဖြောင့်စဉ်းသော
လံင်အ်ုသာ စိတ်အလိုလိုက်သည်
လံင်လေါတ်သာ တယောက်ကိုတယောက်လိုက်သည်
လံင်အ်ုဝါ လင်နောက်လိုက်သည်
လံင့် အရိုးတောင်
ဝါလံင့် ကရင်အမျိုးသားများသေဆုံးလျှင်မီးနှင့်သဂြိုဟ်
လံင့်ထါ် ပြီးအရိုးပြာကိုအရိုးတောင်သို့ ပို့ကြသည်
လံင်စှ် ကိုယ်စွပ်စိုသော
လံင့်(ဟှုဂ်လံင့်) ဝမ်းလျှောသည်
လံင့်ပျောဝ် အထက်လန်အောက်လျှော
လံင့်ကံင် နှမျောသည်
လံင်.(လံင်ဆု) ပြုစားသည်(အပင်းထည့်သည်)
လံင်.မေဝ်(ပိဏ္ဍပတ်) ဆွမ်းလောင်းသည်
လံင်.တ်ုဘင်. ဆွမ်းကြီးလောင်းသည်
လံင်.အံင်(ဆ်ုရံင်.အံင်) ကာလနဂါး

၎င်း"လံင်.အံင်"ခေါ်သတ္တဝါကို ကရင်တို့အလွန်အပြောများ ကြသည်။ မည်ကယ့်သို့သောပုံပန်းသဏ္ဍန်ရှိသည် ဆိုသည်ကိုမူ အမျိုးမျိုးပြောဆိုကြသည်။
အချို့က ဗမာအခေါ် ကာလနဂါးကိုပင်"လံင်.အံင်"ဟုခေါ်ဆိုကြသည်။
သို့သော် "ဖူ့လေင်ဟှယ့်" ပေထုပ်(ပေစာ)တွင်မူ လူကယ့်သို့ပုံသဏ္ဍန်ရှိပြီး တောင်လုံးတမျှ ကိုယ်ကာယကြီးထွားသည်။ အလွန်အအိပ်ကြီးသည်။ ဘုရားအဆူဆူကိုမှီလိုက်သည်။
စသည်ဖြင့်ပါရှိ၏။
သုခ်ုနုက်(မန်းခနုပ်) (သုဓနု)ပေထုပ်တွင် သုခ်ုနုက်နှင့် နာန်.ဏင့်ကာရီ့(ဒွေးမယ်နော်)တို့ ငွေတောင်ပြည်မှပြန်လာ ရာ၌ (လံင်.အံင်)၏ ပုခုံးတဘက် တချက်စီစီး၍ လိုက်ပါလာခဲ့ကြသည်ဟုဆိုသည်။
အချို့ကရင်များက ယ္ခုခေတ်ခေါ်သော ကုလားအုတ်ကိုပင် "ဆ်ုလံင်.အံင်" ဖြစ်သည်ဟုဆိုကြသည်။
ယုတ္တိရှိတန်သလောက်ရှိသည်။
သူတို့အဆိုအရ ကရင်တို့ မြောက်ပိုင်း "ထီ့ဆေဝ်မေဝ်ယွာ" မှဖြတ်သန်းလာကြစဉ်က စီးနင်းလာသော သတ္တဝါဖြစ်သည် ဟုဆိုသည်။
သဲကဏ္ဍာရကိုဖြတ်ကျော်လာစဉ် စီးလာခြင်းဖြစ်သည်။
နည်းပညာပိုင်းအားနည်းတော့ တင်ပြပုံကလည်း စိတ်ဝင်စားစရာမရှိဘူးပေါ့။
ပိုးကရင်ဖေါင့်ကိုကူးပြီးပြီ၊ ကွန်ပျူတာလည်းကောင်းလာပြီ၊လူလည်းနေကောင်းပြီဆိုရင်
တင်ပြစရာတွေအများကြီးရှိပါသေးတယ်။
Pwo-Karen, Burmese, English အဘိဓမ္မာ စာအုပ်ကျုပ်စီမှာရှိပါတယ်။
ပြီးတော့ English Picture Dictionary (Pwo-Karen)
စာအုပ်လည်းရှိပါတယ်။
တတ်ကြွမ်းတဲ့ခေတ်ပညာတတ် ကရင်လူငယ်တွေ ကျုပ်စီကို ဆက်သွယ်ပါ
စာတိုက်ကနေပို့ပေးလိုက်ပါ့မယ်။
မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

မြေးဦးချီလောက်ပြီ

မြေးဦးချီလောက်ပြီ


လမင်းက ထိန်ထိန်သာ
ရေပြင်က ပြာလဲ့လဲ့
ခပ်သွဲ့သွဲ့လေပြေညှင်း
ပန်းယနံ့သင်းဖွဲ့။

ပန်းမင်းရယ်တဲ့ ငွေသဇင်
ပင်မြင့်မှာမွှေး
လေနုအေး ဆောင်ယူခဲ့တယ်
လွမ်းအောင်ထင့်လေး။

ရေပြင်နဲ့ လမင်းငယ်
လေညှင်းနဲ့ သဇင်ပန်း
သောင်ရင်းကို မိုးမခ,နမ်းတော့
ပြောင်းဆန်အောင်လွမ်း။

ငယ်ကြွမ်းဆွေမောင့်ချစ်ဦး
မြေးဦးတောင်ချီနေပြီ
ဗမာပြည်ဒီမိုကရေစီအရေးမို့
ကဗျာမပီ စာစီလိုက်တယ်
ခွင့်လွှတ်ဘို့ရည်။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

အတ္တအမှောင်

အတ္တအမှောင်

ပုပ်တဲ့အထုပ်ကိုဖြေချ
အနံ့ဆိုးတွေလှိုင်းထ,တော့
ရိုင်းပြတဲ့လူသိုက်
ဝိုင်းကိုက်ချင်ကြ။

အလုပ်ရှုတ်တဲ့ကျုပ်
အရှုတ်လုပ်လို့တဲ့။

ကျုပ်အထင်
သူတို့ခွင်(ဂွင်)ပျက်
ဒေါသ,တွေ.....ထွက်လျှံကျ။

ငါ့သမီးရ,ဘို့
ငါ့ဇနီးမယားလှ,ဘို့
ငါ့သားဝ,ဘို့
သူတပါးထမင်းလုတ်ကို
နှိုက်ထုတ်ယူ
ပါးစပ်ပိတ်တဲ့လူကို.....ပေး
ခေါင်းငြိမ့်တဲ့လူကို......ကျွေး
လက်ညှိုးထောင်တဲ့လူကို.....မွေးထား
ကိုယ်တိုင်ကျ Millianare စည်းစိမ်များနဲ့။

မောဟ,တွေနဲ့
လောဘ,ရမက်အဆိပ်တက်
အထွတ်အထိပ်ရောက်
ဆန်ကော(စကော)လောက်မှ
စောက်(ဇောက်)မနက်။

ဖေါက်ပြန်တဲ့လူတန်းစား
တိုးတက်များပြား
ကြီးပွါးနေလျှက်။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Friday, September 18, 2009

စာ

စာ

ကျုပ်သမီးတွေ
ဂျပန်စာသင်နေပါတယ်။

ပန်းကို……. ဆာခူးရာ
အဝါရောင်ကို…...ခူးရို
လေပြေဆိုရင်…..ခါးဆယ်
အားကာ….ဆိုတာ အနီရောင်
အောရင်းဂျီ…..ဆိုတာက လိမ္မော်ရောင်
အညိုရောင်က……ချီးရို
ပန်းရောင်ကို......ဖင့်ကူ
အဖြူရောင်ဆို.....ရှီးခို
အောင်း……ဆိုတာ အပြာရောင်
ခရမ်းရောင်က…...မူရာဆာကီ
အသံထွက်ပီအောင်
သင်နေကြတယ်။

ကိုယ့်ကရင်စကားကျ
အင်္ဂလိပ်လိုညှပ်ပြော
မြစ်ချောင်းပေါတဲ့ဒေသ
မိုးရေခံ…….သောက်ကြမှတော့
ကရင်စာပျောက်ကုန်ရောပေါ့။
မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ခွေးနောင်တ

ခွေးနောင်တ


ကျုပ်ဘဝက
ကလေကဝ
လမ်းဘေးချောင်မကျတကျ
တွေ့သမျှ အရိုးအရင်း
ကိုက်ဝါးရင်း ကြီးပြင်းခဲ့။

မယုံချင်စရာကျုပ်ဘဝ
ပြောင်းတာမှချက်ခြင်း
တမဟုတ်ခြင်းဝ,ဖြိုး
လူဆိုးသူခိုးရဲ့အိမ်မှာ
ကျုပ်ဟာသူ့အတွက်
သစ္စာရှိတဲ့……ခွေး။

သခင်အရှိန်အဝါနဲ့
ကိုက်ချင်တဲ့လူကို.......ကိုက်
လိုက်ချင်တဲ့လူကို.......လိုက်
ဘယ်သူ့မှဂရုမစိုက်ဘူး။

ကျုပ်ကိုက်ခဲလို့....... ကြွဲပဲသူ
ကျုပ်လိုက်ဆွဲလို့......ယိုင်လဲသူ
သခင်ကိုယ်တိုင်......ဝင်ပြီးရှင်း
ကျုပ်…….အနေသာအရှင်းကြီး။

လူဆိုးသူခိုးကြီးကျုပ်သခင်
နိုင်ငံခြားထွက်ဘို့ပြင်တော့
မဆင်မခြင်နေခဲ့တဲ့ကျုပ်
ဘယ်ချောင်ထဲ
ဝင်ကုတ်နေရပါ့?

ကျုပ်လိုက်ဆွဲလို့.....ယိုင်လဲခဲ့သူ
ကျုပ်ကိုက်ခဲလို့......ကွဲပြဲခဲ့သူ
ဒီလူတွေရဲ့ကြား
ဟင်းစားဖြစ်ရတော့မယ့်ကျုပ်
သခင်ဆိုးယုတ်ခဲ့တဲ့အထုပ်ကိုထမ်း
ဟော့ရမ်းခဲ့သမျှ.....နောင်တရ။

ဟော……ကျုပ်ကိုသတ်ဘို့အပြေးအလွှား
ညာသံပေးရင်း….လာကြပြီ
အလှည့်ကျရင် မနွဲ့စတမ်း....တဲ့။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ယ်ုမွဲါလ်ုဍူ( ကျုပ်က အကောင်)

ယ်ုမွဲါလ်ုဍူ (ကျုပ်က အကောင်)





တောင်ပျံတွေနဲ့ အှ်ဍေအ်ုဍါ်
လေထဲမှာဝဲပျံလို့......ရတယ်။ ယူဝိင်ဝင့်လီထ်ါသှေ်။

ခြေချောင်းများနဲ့ ခင်းအးခ၀့်
နားချင်တဲ့နေရာ....နားလို့ရတယ်။ ဆံင်.လင်ထံင်ခ၀့်လယ့် ဆံင်.လင်သှေ်။

နှုတ်သီးပြွန်နဲ့ အှ်ဍေအ်ုနောတ်
ချွန်ချင်သလို......ချွန် သာအှ်သိုဝ် စူသှေ်
ထိုးချင်သလို......ထိုးလို့ရတယ်။ သာအှ်သိုဝ် ဆေ၀်သှေ်။

တောင်ပျံရှိပေမယ့် အ်ုဍါ်အှ်လာ.ဏင့်
ငှက်မဟုတ်ဘူး။ ထေါဟ်မွဲါအေး။

ခြေချောင်းများနဲ့ ခင်းအးလာ.ဏင့်
ပျားမဟုတ်ဘူး။ ဏေဝ့်မွဲါအေး။

နှုတ်သီးတပြင်ပြင်နဲ့ အ်ုနောတ်အင်းတါင်ဝယ်သာ
ခြင်မဟုတ်ဘူး။ စီ.စံင်မေါဝ်.ယှာမွဲါအေး။

သွေးစုတ်တဲ့….ဖြုတ်ထက် အင်းဆုဂ်ဟ်ုသဲုး
ပိုကြီးတဲ့….ယင်ကောင်။ ဍေါဟ်ဏါင်းခီး.....မွဲါဍူလာ့။

ဟိုးတချိန်တုန်းက…….။ ကျာပင့်ခီ ခါ့ဝီဍး
ဂျပန်ခေတ်ချွေးတပ်သား ဖံင်းမိုင့်ဏေ၀်.ထ သုဂ်လ်ုဖး
ထမင်းတနပ်….စားရဘို့အရေး မ်ုအင်းမေဝ်လ်ုပုကျး
ယင်ကောင်ဖမ်းပေးရသတဲ့။ ဖံင်းဖှေ်ဍူလာ့ကိုဝ်အ်ုဟှာ။

ဒုက္ခသည်ဒီဘက်ခေတ် တ္ဒုက်ခီ.ထံင်ထါင်စူးယါ့
ယင်ကောင်ကိုသာဒေါ်လာပစ်ကျွေးလိုက် ခွိက်ဍုဂ်အင်းဍူလာ့ဍ၀်လာ
အားလုံးအေးဆေးပဲ။ ကးအေးယှူးမျာ့ မုက်မုက်လာ။

ဒေါ်လာမပေးချင်လို့ ဖှေ်လင့်ကဲအေးစေဝ်ဍဝ်လာ
ယင်ကောင်ဖမ်းဘို့ပြင်ရင်တော့ မ်ုဖံင်းဍူလာ့အင်းတါင်သာ
ကတုံကယင်နဲ့ ဝမ်းလျှောရုံတင်မဟုတ် ဝါထေါတ်ဝါယေဟ်ဟှုဂ်လေ၀်လ်ုကါ
အသက်ကိုဖက်နဲ့ထုတ်ထားရမယ်။ သိင်းလးဖိုင် သာမိုင့်သ်ါထး။

နှုတ်သီးပြွန်နဲ့ဆိုတော့ အ်ုနောတ်အှ်အုခေါဟ်စံင်
ချွန်ချင်သလို......ချွန် သာအှ်သိုဝ် စူသှေ်
ထိုးချင်သလို.....ထိုးလို့ရတဲ့ သာအှ်သိုဝ် ဆေဝ်သှေ်
ကျုပ်……ယင်ကောင်။ ယ်ုယိုဝ်မွဲါ ဍူလာ့မံင်ယေဝ့်။


မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Monday, September 14, 2009

သနူးထူးဂျာနယ်မှကောက်နှုတ်ချက်အချို့

သနူးထူးဂှာနယ်မှ ကောက်နှုတ်ဖေါ်ပြချက်အချို့
တီးမောင်ဖြူ

(လေ့လာသူတဦး)


သူသည် KNLA တပ်ရင်း(၈)တပ်ရင်းမှူး၊ ဒုဗိုလ်မှူးကြီးစောဂျိုး၏ တပ်ရင်းဌာနချုပ် တပ်ကြပ်ကြီး
တဦးဖြစ်ပြီး သူ့ကိုမောင်ဖြူဟုခေါ်ကြ၍ ငယ်ရွယ်သူများက တီးမောင်ဖြူဟုခေါ်ကြသည်။
၁၉၇၅ ခုနှစ်ခန့်တွင် KNLA တပ်ရင်း(၈)သို့တောခိုရောက်ရှိသည်။
၁၉၇၄ခု နှစ်ကုန်ပိုင်းတွင် မဆလ တပ်များ၏ဖြတ်လေးဖြတ်စစ်ဆင်ရေးကြီးသည် ပဲခူးရိုးမတိုင်းမှတဆင့်
အရှေ့ရိုးမတိုင်းသို့ကူးလာပြီး တပ်မဟာ (၃) ၏အတွင်းစည်းဖြစ်သော မူသယ်တွင်ဝင်ရောက်တပ်စွဲခဲ့သည်။
၎င်းနောက် ဖါပွန်နယ် ဖွဝေါ(ဆာမူပယ်)သို့ဝင်ရောက်တပ်စွဲကာ ကျောက်ကြီးမှမူသယ်၊မူသယ်မှဖွဝေါသို့ လူထုကိုချွေးတပ်ဆွဲ၍ ကားလမ်းဖေါက်ခိုင်းရာ လူထုအများအပြားအတုံးအရုံးသေဆုံးခဲ့ကြရသည်။
၁၉၇၄မှ၁၉၈၀ခုနှစ်အထိ ကျောက်ကြီးမြို့နယ်နှင့်မုံးမြိ့နယ်အတွင်း တောင်ခြေဒေသမှစစ်တောင်းမြစ်အထိ
ဒေသတလျှောက် မဆလ၏စစ်တပ်အင်အားများစွာဖြင့်ထိုးစစ်ဆင်မှုများကို ရဲရဲတောက်တိုက်ပွဲဆင်ခဲ့ကြ
သူများမှာ ကျောက်ကြီးမြို့နယ်တွင် ဗိုလ်ဘီ၊ ပဒိုမောင်တင်၊ ပဒိုနော်ဖလိုး၊ ဗိုလ်ရှမ်းတို့နည်းတူ မုံးမြို့နယ်
ဘက်တွင် ဗိုလ်ကျော်ရွှေနှင့် မောင်ဖြူတို့သည်လည်း ထင်ရှားသူများဖြစ်ကြသည်။
မဆလတပ်များ၏ ဖြတ်(၄)ဖြတ်စစ်ဆင်ရေးတွင် ရိက္ခာဖြတ်သောနည်းဗျူဟာကြောင့် ထွက်ပြေးတိမ်းရှောင်
ကြရသော လူထူအများအပြားရိက္ခာပြတ်လပ်၍သေဆုံးခဲ့ကြရသည်။
ထိုစဉ်က မဆလ၏လက်သုံးစကားမှာ “ကရင်တွေကိုရိုးရိုးကျည်နဲ့တင်မဟုတ်ပဲ ငစိန်ကျည်နဲ့ပစ်ရမယ်
ဟုကြွေးကျော်ကြုံးဝါးခဲ့ကြသည်။
၁၉၈၁-၈၂လောက်တွင်ကျောက်ကြီးနှင့်မုံးမြို့နယ်တို့တွင် ကွင်းဒေသများသို့ထိုးဖေါက်လှုပ်ရှားရသည်။
ထိုစဉ်က ရွှေကျင်မှကျောက်ကြီး၊ကျောက်ကြီးမှမုံး၊ မုံးမှဇရပ်ကြီးအထိ တောင်ခြေကားလမ်းတလျှောက်
ခြံစည်းရိုးခတ်ထားပြီးခြံစည်းရိုးတလျှောက် ၂ဖါလုံလျှင်ကင်းတဲတတဲဆောက်လုပ်ထားသည်။
ကျေးရွာလူထုကိုမဆလက နေ့ကင်းညကင်းစောင့်ခိုင်းသည်၊ ထို့အပြင် ညဘက်၌တနာရီပြည့်တိုင်း တုံးခေါက်
အချက်ပေးရသဖြင့် တုံးခေါက်သံများညစဉ်ဆူညံနေ၏။
ကျေးရွာတိုင်း ခြံစည်းရိုးသုံးထပ်ကာ၊ ညှောင့်စိုက်ထားသဖြင့် အကျဉ်းစခန်းသဖွယ်ဖြစ်ရုံမက ခွင့်ပြုချက်မရပဲ
ဝင်ထွက်သွားလာခွင့်မရှိချေ။
ခြံစည်းရိုးနှင့်ကားလမ်းကိုဖြတ်၍ ကွင်းဒေသသို့၎င်း၊ စစ်တောင်းမြစ်ရိုးသို့၎င်း ထိုးဖေါက်လှုပ်ရှားရန်အလွန်
ခက်ခဲသည်၊ ဇွဲနဘဲကြီးစွာဖြင့်ကွင်းဒေသသို့ထိုးဖေါက်လှုပ်ရှားရင်း ၁၉၈၇တွင် ကျွန်ုပ်တို့ကရင်အမျိုးသား
အာဇာနည် တီးမောင်ဖြူကျဆုံးခဲ့ရလေသည်။

လေ့လာသူတဦး
သနူးထူးဂျာနယ်
June, 2002






ချစ်ရဲဘော်များသို့ပေးစာ အမှတ်(၁၁)
(ရေဆန်)

တော်လှန်ရေးခေါင်းဆောင်ကောင်းတယောက်ဖြစ်ဘို့ အခြေခံအားဖြင့် ဘာတွေလိုအပ်ပါသလဲ?
တော်လှန်ရေးခေါင်းတောင်ကောင်းတယောက်ကို ဘယ်လိုပေတံတွေနဲ့ တိုင်းထွာမှာလဲ?
ဘာကြောင့်လဲဆိုရင် ကရင့်တော်လှန်ရေးကြီးအတွက် တော်လှန်ရေးခေါင်းဆောင်ကောင်းတွေ
အထောင်အသောင်းလိုအပ်နေလို့ပါပဲ။
အဆုံးအဖြတ်သဘောဆောင်တဲ့ သမိုင်းကာလတခုမှာ တော်လှန်ရေးကိုဦးစီးခေါင်းဆောင်နိုင်စွမ်းရှိ
တဲ့ တော်လှန်ရေးခေါင်းဆောင်ကောင်းတယောက်ဖြစ်ဘို့က အခက်ခဲဆုံးပါပဲ။
များသောအားဖြင့်လူတွေဟာ တန်ဘိုးကြီးမားလှတဲ့တော်လှန်ရေးခေါင်းဆောင်ကောင်းတယောက်ကို
လက်လွှတ်ဆုံးရှုံးသွားပြီးနောက်မှသာ ဒီခေါင်းဆောင်ကောင်းရဲ့ တန်ဘိုးကြီးမားမှုကိုသိကြပါတယ်။
ပွင့်လင်းဖြောင့်မတ်ခြင်းနဲ့ သစ္စာစောင့်သိမှုဟာ ခေါင်းဆောင်ကောင်းတယောက်မှာ မုချရှိရမယ့်အရည်
အချင်းတွေပါ။
ပြည်သူအပေါ်၊ မိမိအမျိုးသားအပေါ်၊မိမိရဲ့ရဲဘော်ရဲဘက်များအပေါ် ပွင့်လင်းဖြောင့်မတ်ခြင်းနဲ့သစ္စာရှိခြင်း တို့ဟာ တော်လှန်ရေးခေါင်းဆောင်ကောင်းတို့ရဲ့ ထူးခြားချက်နဲ့ဂုဏ်အရည်အသွေးဖြစ်တယ်။
တော်လှန်ရေးခေါင်းဆောင်ကောင်းတွေဟာ မိမိတို့အသက်ကိုပင်ပဓာနမထားပဲ ကိုယ်ကျိုးစွန့်အနစ်နာခံ
လေ့ရှိတယ်။
သူတို့ရဲ့ပြည်သူ သူတို့ရဲ့အမျိုးသား သူတို့ရဲ့ရဲဘော်ရဲဘက်တွေအပေါ် အထူးချစ်ခင်လေးစားတတ်ကြတယ်၊
တန်ဘိုးထားတတ်ကြတယ်။
တက်တက်ကြွကြွဆည်းပူးလေ့လာခြင်းရှိကြသလို တက်တက်ကြွကြွအလုပ်လုပ်တတ်ကြတယ်၊ အသက်ပါပါ
ဆည်းပူးလေ့လာလေ့ရှိတယ်။
သဘောတရားနဲ့လက်တွေ့ကို ပေါင်းစပ်လေ့ရှိတယ်။
အကန်းနဲ့တူတဲ့ သဘောတရားမပါတဲ့လက်တွေ့မျိုး၊ အမြုံနဲ့တူတဲ့ လက်တွေ့မပါတဲ့သဘောတရားမျိုးကို ဆန့်ကျင်တယ်။
လေ့လာမှုကောင်းလို့ ဥာဏ်ပညာအရာမှာ၊ ဆင်ခြင်တုံတရားအရာမှာ ရန်သူထက်သာလွန်တတ်ကြတယ်။
သူရသတ္တိနဲ့ယုံကြည်စိတ်ရှိတယ်။
အထူးသဖြင့် တော်လှန်ရေးရဲ့အခက်ခဲဆုံး၊ အကြမ်းတမ်းဆုံးကာလများမှာ ပြည်သူတွေရဲ့ရှေ့ဆုံးတန်းက မားမားမတ်မတ်ရပ်တည်ပြီး ဦးဆောင်မှုတာဝန်ကို မမှိတ်မသုံထမ်းဆောင်လေ့ရှိတယ်။
စည်းကမ်းစနစ်ရှိတယ်။
၁၉ရာစုခေတ်အစ,ကနေ ဒီကနေ့အထိခေါင်းဆောင်ကောင်းတို့ရဲ့ နေထိုင်ဆောင်ရွက်ချက်တွေဟာ အမှုမဲ့အမှတ်မဲ့မဟုတ်ဘူး၊ ပေါ့ပေါ့ပျက်ပျက်မဟုတ်ဘူး၊ အပေါ်ယံကြောမဟုတ်ဘူး။
နေချင်သလိုနေ၊ ပြောချင်သလိုပြော၊ လုပ်ချင်သလိုလုပ်တဲ့လူတွေဟာ ဘယ်တော့မှခေါင်းဆောင်ကောင်း ဖြစ်မလာနိုင်ဘူး။
တော်လှန်ရေးခေါင်းဆောင်ကောင်းတွေဟာ မိမိအဖွဲ့အစည်း၊ မိမိပြည်သူ၊ မိမိအမျိုးသား၊ မိမိလမ်းစဉ်နဲ့လုပ် ငန်းစဉ်တွေကို တာဝန်ခံလေ့ရှိကြတယ်။
မိမိချို့ယွင်းချက်နဲ့ အမှားတွေအားနည်းချက်တွေကိုရဲဝန့်စွာတာဝန်ခံကြသလို ရိုးရိုးသားသားပြုပြင်တတ်ကြ တယ်။
သမိုင်းမှာ တော်လှန်ရေးဆိုတာကိုမဖြတ်သန်းပဲ ကိုယ့်ကြမ္မာကိုယ်ဖန်တည်းခွင့်ကို လွယ်လွယ်ကူကူရခဲ့တဲ့
သာဓကမျိုး မရှိခဲ့ဘူး။
ကမ္ဘာကိုစိုးမိုးခဲ့ကြတဲ့အင်္ဂလိပ်လူမျိုးတွေတောင် ၁၆ရာစုက Glorious Revolution ကိုဖြတ်သန်းခဲ့ရတယ်၊လော လောဆယ်ပြိုင်ဘက်မရှိ တခုတည်းကျန်နေတဲ့ အမေရိကန်ပြည်ထောင်စုတောင်မှ ၁၇၇၆ခုနှစ်က
American Revolution ကိုဆင်နွှဲခဲ့ရတယ်။
UN ရဲ့လုံခြုံရေးကောင်စည် အမြဲတမ်းအဖွဲ့ဝင် ပြင်သစ်လည်း ၁၉ရာစုအတွင်းမှာ French Revolution
ကိုလုပ်ခဲ့ရတယ်။
တော်လှန်ရေးခေါင်းဆောင်ကောင်းတွေဟာ စိတ်ဓါတ်အရ၊ တွေးခေါ်မှုအရ၊ နိုင်ငံရေးအရ၊ စည်းရုံးရေးအရ
အလံကိုင်တွေဖြစ်ကြတယ်။
ဆရာမြသန်းတင့်ရဲ့ စကားနဲ့ဆိုရင် သူတို့ဟာ ဓါးတောင်ကိုကျော်ပြီး မီးပင်လယ်ကိုတွေဝေခြင်းမရှိ ဖြတ်ရဲကြ
သူတွေဖြစ်တယ်။
တော်လှန်တဲ့စာရေးဆရာကြီး ဗန်းမော်တင်အောင် ရဲ့စကားနဲ့ဆိုရင် သူတို့ဟာ မုန်တိုင်းထဲကလူတွေဖြစ်တယ်။
ကရင့်တော်လှန်ရေးခေါင်းဆောင် စောဘဦးကြီးရဲ့စကားနဲ့ဆိုရင် သူတို့ရဲ့ခေါင်းထဲမှာ၊ အဘိဓမ္မာထဲမှာ လက်နက်ချအညံ့ခံရေးဆိုတဲ့ စာလုံးလုံးဝမရှိသူတွေဖြစ်တယ်။
တော်လှန်ရေးခေါင်းဆောင်ကောင်းဆိုတာ ရေစုန်မှာလှေကြုံလိုက်ပါလာကြတဲ့သူတွေမဟုတ်၊ ရေစီးကို ဆန်တက်ရဲကြသူတွေဖြစ်တယ်။
တိုက်စစ်မှာရှေ့ဆုံးတန်းက နေတတ်ကြသလို၊ ခံစစ်မှာလည်း သံမဏိကတုတ်ကြီးတွေဖြစ်တတ်ကြတယ်။
လက်ရှိကရင့်တော်လှန်ရေးရဲ့ ဂန္တဝင်တိုက်ပွဲကာလမှာ ကရင်ပြည်သူတွေရဲ့အကျိုးကို ကြည်ဖြူစွာထမ်းဆောင် ကြမည့် သံမဏိသူရဲကောင်း အထောင်အသောင်းလိုအပ်နေတယ်။
ကရင့်တော်လှန်ရေးသမိုင်းရဲ့ လိုအပ်ချက်ကိုဘယ်ပုံဘယ်နည်းဖြည့်ကြမလဲ?။
ရဲဘော်တို့ လွတ်လွတ်လပ်လပ်ဆုံးဖြတ်ကြ။
အဖြေပေးကြ၊

ရေဆန်
သနူးထူးဂျာနယ်
June 2002


ကရင်လိုဘာသာပြန်ချင်ပေမယ့် နည်းပညာပိုင်းဆိုင်ရာမှာ အလွန်အားနည်းနေတဲ့အတွက် ခဏတဖြုတ်လောက်
သည်းခံပေးကြပါ။
နောက်တခုက ကျုပ်Computer အလုပ်မလုပ်သလို လူကလည်းကျန်းမာရေးမကောင်းသေးပါဘူး။ အရင်ကလို
Scanner နဲ့လုပ်မယ်ဆိုပြန်တော့ Scanner ကလည်း နားမထောင်ပြန်ဘူး။
ကျုပ်ကိုကူညီကြပါ။ ပိုးကရင်ဖေါင့်ဘယ်လို ဒေါင်းလုပ်ယူရမလဲဆိုတာအပြင် ဒေါင်းလုတ်နည်း အသေးစိပ်ကိုပါ
ရေးသားပေးကြပါ။
အခုရေးသားကောက်နှုတ်ချက်တွေနဲ့ပတ်သက်လို့ သဘောထားအမြင်လေးတွေ ရေးပေးကြပါဦး။
ကျုပ်လူတော်ဖြစ်ချင်လို့မဟုတ်ပါဘူး။ လူညံ့တယောက်မဖြစ်ချင်လို့ပါ။
အားလုံးကိုလေးစားခင်မင်လျှက်
minsoesan09@gmail.com
မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး





ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Wednesday, September 9, 2009

ခေါင်းစဉ်မဲ့ မနက်ဖြန်များ

ခေါင်းစဉ်မဲ့ မနက်ဖြန်များသို့
(ထိန်လင်း)

ကြည့်လိုက်စမ်းပါ
တိမ်အောက်မှာ.....တောင်
တောင်အောက်မှာ....တော
တောအောက်မှာ…..တဲ
တဲထဲမှာ….လူ
အဲဒီလူ….အဲဒီလူတွေဟာ
ကမ္ဘာမြေကို….အားကိုး
ဆိုးရွားတဲ့အရပ်ကို....ရှောင်
တောကြို….လျှိုမြောင်ကြား
ဒုက္ခများကို….ရင်ဆိုင်
လောကဓံ…..အနိုင်နွှဲ
မာန်တင်းလို့ပေါ့။

မာယာများတဲ့….တောနက်ထဲ
ဆင်းဆင်းရဲရဲ...နေကြရ
ဒီအနုညာတ….ဘ၀တွေကြားမှာ
အနာဂါတ်ကို….ပြင်ဆင်
ပတ်ဝန်းကျင်အသွင်သစ်
ဖွင့်လှစ်ဖို့စွမ်းလောက်တဲ့
တယောက်က….တရာ
တရာက…..တထောင်
အမှောင်ကိုအလင်းဆောင်မဲ့
နွံနစ်တဲ့…..ပတ္တမြားတွေ
အသေအချာ
တကယ်ရှိတာမို့
အတပ်သိ
ထွက်ပေါ်စေရေး
တို့တတွေ…..ကြိုးပမ်းကြစို့။


ထိန်လင်း
သနူးထူးဂျာနယ်(June, 2002)




ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ဗီဇ

ဗီဇ


ဗီဇဆိုသည်မှာ မွေးကတည်းကပါလာသော၊ မိခင်ဝမ်းတွင်းမှကျွတ်ကတည်းက ပါလာသော အကျင့်စရိုက်
မျိုးကို ဆိုလိုသည်ဟု ထင်ပါသည်။
ထိုဗီဇသည် လုံးဝပယ်ဖျက်၍မရနိုင်သည့် အရာတခုဟုဆိုလျှင်ရမည်ထင်သည်။
ခွေးလိမ္မာများသည် မည်မျှပင်လိမ္မာစေကာမူ ဟောင်တတ်သောအကျင့်ကို ဖျောက်ဖျက်၍မရသည့်နည်းတူ
လူသည်လည်း မွေးရာပါဗီဇကို ဖျောက်ဖျက်၍မရစကောင်းချေ။
လူ့အသိုက်အမြုံတွင် လူမှုအဖွဲ့အစည်းများ၊ အသင်းအဖွဲ့များ ထူထောင်ရာ၌ ဦးဆောင်သူသည် မရှိမဖြစ် လိုအပ်သည်။
အကျင့်ကောင်းများ၊ စရိုက်ကောင်းများဖြင့် အသင်းအဖွဲ့ကို ဦးဆောင်ဦးရွက်ပြုသည့် လူဦးရည်များသောအဖွဲ့
အစည်းသည် တိုးတက်အောင်မြင်မည်ဖြစ်သော်လည်း ကောင်းသောအကျင့်စရိုက်များ မရှိသည့် လူအများစု ဦးဆောင်သည့်အဖွဲ့အစည်းသည်ကား ဆန့်ကျင်ဘက်အကျိုးကိုသာ ပေးမည်ဖြစ်သည်။
အိမ်တအိမ်တွင် ခေါင်ချုပ်မှ မိုးယိုနေသည်ကို သိနေပါလျှက်၊ ခေါင်ကိုမပြင်ပဲ ကြမ်းကိုသာလဲနေသော အိမ်
သည်၊ရေရှည်တွင်မည်သို့ဖြစ်နိုင်မည်ဆိုသည်ကို ခန့်မှန်းနိုင်မည်ဖြစ်၏။
အဖွဲ့အစည်းတခုတွင် ထိပ်ပိုင်းတွင်နေရာယူသူတဦးသည် မည်မျှအရေးပါသည်ကို ဆိုလိုခြင်းဖြစ်၏။
အဖွဲ့အစည်းတခု ရေရှည်တည်တံ့ခြင်း၊ မကြာမတင်ပျက်ဆီးပျောက်ကွယ်ခြင်းသည် အကြောင်းအချင်းအရာ
များစွာအနက် ဗီဇမကောင်းသောသူများ နေရာယူမှုနည်းခြင်းများခြင်းသည်လည်း အချက်တခုဖြစ်ပါ၏။
စာရေးသူ၏ ကိုယ်တွေ့အတွေ့အကြုံအရ ကောင်းသောရည်ရွယ်ချက်များ(စီမံကိန်း)ဖြင့် တည်ထောင်ဖွဲ့စည်း
ထားသည့်အဖွဲ့အစည်းအချို့ လျှင်လျှင်မြန်မြန်ပျက်ဆီးယိုယွင်းသွားသည့်အဖြစ်ကိုတွေ့ခဲ့ရ၏။
ထိုအဖွဲ့ရှိထိပ်ပိုင်းခေါင်းဆောင်အများစု၏ စိတ်နေသဘောထားများသည် ဤသို့ရှိကြ၏။
ရှိတဲ့လူနည်းနည်းလေးနဲ့ ကြိုးစားလုပ်လာတာ အောင်မြင်ကာနီးလာမှ မင်းတို့ဘာမှပါဝင်ပတ်သက်စရာ
မလိုဘူး။
ကိုယ့်သဘောနဲ့ကိုယ် ထွက်သွားပြီးမှ ပြန်ဝင်လာမယ်ဆိုရင် ငါကတော့ဒီအဖွဲ့ကထွက်ပြီးသားပဲ။
ငါမပါလို့ကတော့ ဒီအဖွဲ့ပျက်တာပေါ့ကွာ။
ငါပေးတဲ့အကြံကိုမယူရင် ငါဆိုတဲ့ကောင်က ဘယ်သူ့ကိုမှဗိုလ်မထားဘူး။
ငါကဘာမှမလုပ်တတ်ပေမယ့် ခိုင်းတတ်တယ်ကွ။
ဒီအဖွဲ့ကို ငါဦးဆောင်မယ် ငါဦးမဆောင်ရရင် နောက်တဖွဲ့ဖွဲ့မယ်။
ငါ့ကိုထောက်ခံပါ၊ငါ့ကိုကလန်ကဆန်လုပ်လို့ကတော့ ကျန်းမာရေးချို့တဲ့သွားမယ်။
ငါခေါင်းဆောင်ကွ၊ငါပြောတဲ့အတိုင်းလုပ် အဓွန့်မတက်နဲ့။
ပေါင်းစည်းကြတာပေါ့၊ ဒါပေမယ့် မင်းတို့အားလုံးငါ့အမိန့်နာခံရမယ်။
ငါခေါ်တဲ့အခါလာထားနော်၊ နောက်ကျရင်တော့ငါ့အဆိုးမဆိုနဲ့။
ငါတို့ကလူနည်းစုကွ ဟိုဘက်အုပ်စုကအင်အားကြီးတော့ သူတို့နဲ့ပေါင်းမှဖြစ်မယ်။
ထိုစိတ်သဘောထားများထားရှိကြ၍ ထိုအဖွဲ့ဆုတ်ယုတ်ကျဆုံးလေတော့၏။
ကံကောင်းထောက်မ,၍ ဖေါ်ပြပါစိတ်သဘောထားများဖြင့် အများစုဦးဆောင်သော်လည်းအခိုက်အတန့် တည်တံ့နေနိုင်သည့်အဖွဲ့အစည်းတခုခုသည် အခြေခံလူထုကို ကောင်းကျိုးပေးဆောင်မည့်အဖွဲ့မျိုး
မဟုတ်။
လူထုအပေါ်ဂုတ်သွေးစုတ်ကာ အကြမ်းဖက်အနိုင်ကျင့်ဗိုလ်ကျသည့် ဝေစားမျှစားအဖွဲ့အစည်းမျိုးသာ
ဖြစ်၏။
အဝေအစားမတည့်သောနေ့တနေ့တွင် ထိုအဖွဲ့ကံဆိုးမိုးမှောင်ကျမည်သာတည်း။span id=<"fullpost">
အတုယူစရာကောင်းသောခေါင်းဆောင်တဦးအကြောင်း ရေးသားတင်ပြလိုပါသည်။
ထိုအဖွဲ့အစည်းသည် လူနည်းစုဖြစ်ပြီး မထင်ရှားသောအဖွဲ့ဖြစ်၏။
လူနည်းစုဖြစ်သော်လည်း အင်အားကြီးမားသူထံပူးပေါင်းခြင်းအလျှဉ်းမလုပ်၊ သို့သော်လေ့လာစူးစမ်းမှု
ဝိရိယအလွန်မြင့်မား၏။
ထိုအဖွဲ့ကိုဦးဆောင်သူက “ဆင်းရဲတဲ့သူဆိုတာ ချမ်းသာတဲ့သူနဲ့ပေါင်းမိပြီဆိုရင် သူ့ဘ၀အမြဲတမ်း
နိမ့်ကျပြီသာမှတ်...ကိုယ့်မှာရှိတဲ့အင်အားကိုမြင်တတ်ရတယ်...အသုံးချတတ်ရတယ်...လေ့လာမှုလိုတယ်
လိုအပ်တဲ့ပြင်ဆင်မှုမျိုးလုပ်ထားရတယ်
အခန်းအနားတခုကို ဦးဆောင်ကျင်းပ,သောအခါ ထိုသူသည် အဖွဲ့၏အဓိပတိကြီးဖြစ်ပါလျှက် သဘာပတိနေရာ
တွင်မနေပဲ အောက်ခြေသိမ်းအလုပ်များကို ကိုယ်တိုင်ဦးဆောင်လုပ်ကိုင်၏။
အောက်ခြေသိမ်းဆိုသည်မှာ အခန်းအနားသို့တက်ရောက်လာသူများကို နေရာချထားပေးခြင်း၊ စားသောက်စရာများဝေငှချထားပေးခြင်း၊ အမှိုက်သရိုက်များသိမ်းဆည်းခြင်း၊ အညစ်အကြေးများကို သန့်စင်
ခြင်းများကိုလုပ်လေ၏။
ဒီလိုလုပ်ရတာက နောက်ပေါက်တွေကို နေရာပေးတာ၊ အတွေ့အကြုံရှိလာအောင်လေ့ကျင့်ပေးတာ၊ ပြုစုပျိုးထောင်တာ၊ အခန်းအနားမစ,ခင် တလလောက်ကြိုတင်သင်ပေးထားတယ်၊ သဘာပတိပြောရမယ့်
စကားအသုံးအနှုံး၊ အခန်းအနားမှုးကအစ,သဘောထားထုတ်ပြန်ချက်ဖတ်တဲ့သူအဆုံး၊ သူ့နေရာနဲ့သူ
ထောင့်စေ့နေအောင်၊ ဒါတောင်မှအားနည်းချက်တွေကတပုံကြီး၊ နောက်တခုက အခန်းအနားတက်လာ
သူတွေရဲ့ အခြေအနေကို အနီးကပ်လေ့လာလို့ရတယ်၊ ကိုယ်လုပ်တဲ့အခန်းအနားအပေါ် စိတ်ဝင်စားမှုနည်း
ခြင်းများခြင်း၊ အဲဒီလိုလုပ်နိုင်တော့ ကိုယ့်အဖွဲ့ရဲ့အားနည်းချက်ကို သိတဲ့အတွက်ပြင်သင့်တာအချိန်မှီပြင် နိုင်တယ်၊ ကလေးတွေကိုသင်ပေးတာက နည်းစနစ်တွေ၊ ကြက်တူရွေးနှုတ်တိုက်မဟုတ်ဘူး
ခေါင်းဆောင်အများစုသည် ထိုသို့မမြင်၍လားမသိ။
သဘာပတိနေရာမျိုးမှနေ၍ စင်မြင့်ပေါ်တွင်ပွါးနေလေတော့၏။
မည်သို့ဆိုစေ ဖေါ်ပြခဲ့ပြီးသောအဆင့်အတန်းနိမ့်ကျသည့် စိတ်သဘောထားများနှင့်ဗီဇရှိသူအများစုတို့
ပေါင်းစု၍ ဦးဆောင်သောအဖွဲ့အစည်းမှ ရှင်သန်ထိုးထွက်လာမည့် မျိုးဆက်သစ်များအတွက် ရင်လေးမိ
သည်သာမက, အခြေခံလူထုအတွက် အကျိုးမဲ့စေသောအဖွဲ့အစည်းများ လူ့အဆောက်အဦးအတွင်း
တဆထက်တဆ တိုးတက်များပြားလာမည်ဆိုပါက..........။


မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး
span id=<"fullpost">

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ဂုဏ်သိက္ခာ

ဂုဏ်သိက္ခာ

အခန်း(က)

“သမီး…..ရေနွေးဆူပြီလား....?”
“ဟုတ်ကဲ့အဖေ…အခုလေးတင်လ္ဘက်ခြောက်ခပ်ထားလိုက်တယ်...”
ဖိုးတုတ်သည်အိမ်ရှေ့ခန်းမှ မီးဖိုဆောင်အတွင်းသို့ဝင်လာ၏။
ဖိုခနောက်ပေါ်ရှိထမင်းအိုးထဲမှ ထမင်းကြမ်းကိုပန်းကန်အတွင်းသို့ ခူးထည့်လိုက်ပြီး
ခုံဝိုင်းပေါ်ရှိ မနေ့ညကငရုပ်သီးမှုန့်ပါရုံလေးဖျော်ထားသည့် ငါးပိရည်လက်ကျန်ကိုထမင်း
ပေါ်သို့ ဆမ်းချလိုက်သည်။
လက်ကျန်ကြောင်လျှာသီးမီးဖုတ်ဖြင့် ကတိုက်ကရိုက်စားလေ၏။
ရေနွေးကြမ်းဖြင့် ထမင်းကိုမျှောချလိုက်သည်၊ ပူလိုက်သည့်ရေနွေး လျှာကျွတ်မတတ်။
ဖိုးတုတ်သည် သမီးဖြစ်သူကိုလူတလုံးသူတလုံးဖြစ်ရန် ကျောင်းထားချင်သော်လည်း အခြေအနေက
မပေး။
ယနေ့အိပ်ရာထ,အနည်းငယ်နောက်ကျသဖြင့် အလုပ်ကမသေခြာ။
အသက်အရွယ်ကြီးရင့်သော ဖိုးတုတ်အတွက် အလုပ်ရှင်ရှားလွန်းလှ၏။
စားဝတ်နေရေးကြပ်တည်းသောကြောင့် သမီးဖြစ်သူခမျာ အိမ်နီးချင်းနိုင်ငံတနိုင်ငံသို့ တရားမ၀င်အလုပ်
သမအဖြစ် အလုပ်လုပ်ရန်ထွက်သွားလေ၏။
ဘာမျှမကြာလိုက် ၈၈ ကျောင်းသားတဦးနှင့်အကြောင်းပါကာ နိုင်ငံခြားထွက်သွားကြောင်းကြားလိုက်ရ၏။
သမီးဖြစ်သူက နိုင်ငံခြားသို့လာရန်ခေါ်သော်လည်း ဖိုးတုတ်တယောက် သူမြတ်နိုးတွယ်တာသည့် သည်မြေ
သည်ရေကို မခွဲချင်။
သို့သော်မင်းဆိုးမင်းညစ်၏ အများပြည်သူဆင်းရဲတွင်းနက်သည်ထက်နက်အောင် မကောင်းသည့်ဘက်၌
အလွန်ကြွမ်းကြင်လိမ္မာမှုကြောင့် အလွန်ဧချမ်းသာယာသည့် သည်မြေ သည်လေ သည်ရေကို ဖိုးတုတ်
စွန့်ခွါခဲ့ရလေ၏။

အခန်း(ခ)
ဒုက္ခသည်စခန်းတခုအတွင်းသို့ ဖိုးတုတ်ရောက်ခဲ့လေပြီ။
Under Table(အောက်လမ်း)နည်းဖြင့်ဒုက္ခသည်အဖြစ်ကို ဖိုးတုတ်ရရှိခဲ့ခြင်းဖြစ်သည်။
စခန်းအတွင်းရောက်အောင်ပို့ပေးသူ၊စခန်းအတွင်းရှိဆိုင်ရာပိုင်ရာများအပြင် ၎င်းတို့၏လက်ပါးစေ
ခိုင်းဖတ်များကို အဆင့်ဆင့်ပူဇော်ပ,သ,ရ၏။
နေစရာအိမ်၊ စားစရာရိက္ခာ ဘာဆိုဘာမှမပူရ။
ရေအတွက် တလ ဘတ်၁၀၀ပေးလိုက်ရုံသာ၊ သို့သော်အများကြားကောင်းအောင်တော့ လိမ်ညာပြောဆို
ပေးရ၏။
“အဘက အသက်ကြီးတော့..... ရေပိုက်နားသွားတန်းစီဘို့မလွယ်ဘူးလေ....အသက်ကြီးသူတွေကို
တာဝန်ရှိသူက.....သီးသန့်စီစဉ်ပေးတာပါ.....”
သမီးပို့ပေးလိုက်သောအစိမ်းများသည် အလွန်တန်ခိုးထက်မြက်စူးရှလှပါပေ့။
စားနပ်ရိက္ခာကားများရောက်လာပါက ကားပေါ်မှစားကုန်သောက်ကုန်များကို သိုလှောင်ရုံအတွင်းသို့သွင်းရ
၏။
ရိက္ခာသယ်ချခ ဘတ်လေးဆယ်ပေးရသည်၊ ကင်းခတလ ဘတ်နှစ်ဆယ်ပေးရသည်။
ကိုယ့်ကင်း ကိုယ်တိုင်စောင့်မည်ဆိုတော့စောင့်ခွင့်မပေး။
ကင်းခပေးရန် ငွေမရှိသူများ ဆီတပုလင်းဖြတ်ယူထားခြင်းခံရ၏။
ဗမာပြည်တွင်းမှ မင်းဆိုးမင်းညစ်စရိုက်များ နယ်စပ်ဒုက္ခသည်စခန်းအတွင်းသို့ မည်သို့မည်ပုံ
စိမ့်ဝင်နေသည်ကို ဖိုးတုတ်စဉ်းစားရန် ဥာဏ်မမှီချင်တော့။
သမီးပို့ပေးလိုက်သောငွေများကိုထုတ်ရန် ဖိုးတုတ်အပြင်ထွက်ရသည်၊ ထိုအခါ အပြင်ထွက်ခွင့်လက်မှတ်
ရေးရ၏။ လူတဦးလျှင်သုံးရက်ထွက်ခွင့်ရှိ၏၊ လက်မှတ်တစောင်ဘတ် ၁၀၀ပေးရ၏။
သုံးရက်ထက်ပိုလိုချင်ပါက Kroung Htip(စီးကရက်) တဗူးပေးရသည်။
မိသားစုတစုအတွင်း လူတဦးလျှော့နေသဖြင့် ဖိုးတုတ်လူစားဝင်လိုက်သည်။
အားလုံးနီးပါးအဆင်ပြေချောမွေ့သွားလေပြီ။

အခန်း(ဂ)
သမီးဖြစ်သူထံသို့ ဖိုးတုတ်ရောက်ရှိခဲ့ပါချေပြီ။
သမီးဖြစ်သူပြောသော ၈၈ကျောင်းသားဆိုသူကိုမတွေ့ရ။
မီးသွေးတုံးက အဖေခေါ်ရလောက်အောင် မဲတူးနေသည့်လူထွားကြီးတဦးကိုတွေ့ရသည်။
Boy friend ဟုပြော၏။
ထိုလူမဲဖြင့်အတူနေကြောင်း၊ ၈၈ကျောင်းသားနှင့်ဟန်ဆောင်လင်မယားအဖြစ် UNHCR တွင် မလှိမ့်
တပတ်လုပ်ပြီး နိုင်ငံခြားထွက်ခဲ့ခြင်းဖြစ်ကြောင်း ၀မ်းသာအားရပြောနေသည့် သမီးဖြစ်သူကို ကြည့်ကာ
ဖိုးတုတ်တယောက် သက်ပြင်းရှည်ကြီးကို မှုတ်ထုတ်လိုက်ပါတော့သည်။
သမီးဖြစ်သူနေအိမ်ရှိ ထမင်းစားခန်းသည် ကျယ်ဝန်းသည်ဟုပြောနိုင်၏။ လူ၁၂ ဦးတပြိုင်တည်းဝင်စား
နိုင်ပြီး အစားအသောက်များတင်ထားသည့် လက်တွန်းလှည်းနှစ်စဉ်းရှိ၏။
မည်မျှအဆင့်အတန်းမြင့်မားသည်ဆိုစေကာမူ ဖိုးတုတ်အတွက် စိတ်မောလူမောစရာများသာ ဖြစ်ခဲ့ပါ၏။
တနေ့တရက်လေးမျှ စိတ်မချမ်းသာရ။
ဟိုဟာစား စားပြန်ပြီ၊ သည်ဟာစား စားပြန်ပြီနှင့်သမီးဖြစ်သူ မြည်တွံတောက်တီးနေသောကြောင့်ဖြစ်၏။
အသက်အရွယ်ရလာသော ဖိုးတုတ်သည် အစားအသောက်ကို များများမစားနိုင်ပါ၊ နည်းနည်းချင်းနှင့်
အကြိမ်များများစားရ၏။
သမီး၏ Boy friend ဆိုသူပုဂ္ဂိုလ်ကြီး၏ မွေးနေ့ဖြစ်သည်။
ဝတ်ကောင်းစားလှများဖြင့်လူအချို့ရောက်လာကာ စားပွဲဝိုင်းတွင် နိုင်ငံခြားရုပ်ရှင်ကားများအတိုင်း
ပြောဆိုစားသောက်နေကြ၏။
အသက်ကြီးရင့်သူတို့၏ ထုံးစံအတိုင်း ဖိုးတုတ်သည် အလွန်ဆာလောင်လာသဖြင့် မီးဖိုဆောင်သို့ဝင်ကာ
KFC (Kentucky Fried Chicken)တတုံးကို ယူစားလိုက်သည်။
ထိုအခိုက် သမီးဖြစ်သူ၏ Boy friend က ကြက်သားကြော်လာယူခိုက်နှင့်ဆုံလေတော့၏။
အပြင်တွင်သူတို့တသိုက် ဘိုလိုထော့ကင်းနေသည်ဖြစ်၍ ဘာပြောနေသည်ကို
မီးဖိုဆောင်အတွင်းမှ ဖိုးတုတ်နားမလည်ပါ။
သို့သော်တခုခုမှားနေသည်ဆိုသည်ကိုတော့ ဖိုးတုတ်အလိုလိုသိလိုက်ပါ၏။

အခန်း(ဃ)
စိုးရိမ်ထိတ်လန့်မှုများ၊ အားငယ်စိတ်များ၊ မိမိကိုယ်ကိုမကြေနပ်မှုများကြောင့် ဖိုးတုတ်တယောက်
ဂဏှာမငြိမ်ဖြစ်နေစဉ် အခန်းတံခါးကို ၀ုန်းကနဲဆွဲဖွင့်လိုက်သံနှင့်အတူ သမီးဖြစ်သူအခန်းအတွင်းသို့
ဝင်လာ၏။
“အဖေ….ခုချိန်မှာ သမီးဟာ နေ့စားသမား၊ ကျဘမ်းသမား ဖိုးတုတ်ရဲ့သမီးမဟုတ်တော့ဘူးဆိုတာ အဖေ့ကို
ခဏခဏပြောထားတယ်.... ပြီးတော့အဖေဟာလည်း......အင်မတန်ဆင်းရဲတဲ့..... ကျဘမ်းသမားဖိုးတုတ်
ဘ၀မျိုးမဟုတ်တော့ဘူးဆိုတာလည်း..... ပြောထားတာပဲ အစားအသောက် အနေအထိုင်ဆင်ခြင်ဘို့..... သတိပေးခဲ့တာလည်း အကြိမ်မနည်းတော့ဘူး.....”
သမီးသည် လေသံကိုထိန်း၍ပြောနေသော်လည်းဒေါသမည်မျှထွက်နေသည်ကို ဖိုးတုတ်ကောင်းကောင်း သိပါ၏။
“သမီးဟာ…. အဆင့်အတန်းမြင့်တဲ့၊ လူဂုဏ်တန်အသိုင်းအ၀ိုင်းတွေကြားမှာ လှုပ်ရှားရုန်းကန်နေရတယ်
ဆိုတာအဖေ သိမှာပါ….ဒီလိုအဆင့်မြင့်တဲ့သမီးရဲ့ဂုဏ်သိက္ခာကို ထိန်းသိမ်းပေးဘို့အတွက်.....အဖေ့မှာ
တာဝန်ရှိပါတယ်အဖေ....အခုတော့.....အဖေ့လုပ်ပုံက...သမီးရဲ့ဂုဏ်သိက္ခာတွေ.....ဘာဖြစ်ကုန်ပြီလဲ?
သမီးရဲ့မျက်နှာ.....ဘယ်လိုထားရမှာလဲ?.....”
သမီးသည် မျက်နှာကို လက်ဖ၀ါးနှစ်ဖက်ဖြင့်အုပ်၍ အခန်းပြင်သို့ ထွက်သွားပါတော့သည်။
သမီးဆိုလိုသည့် ဂုဏ်သိက္ခာဆိုသည်ကို ဖိုးတုတ်စဉ်းစားကြည့်မိ၏။
မြန်မာပြည်မှဝန်ထမ်းအချို့ နည်းမျိုးစုံဖြင့်ပြည်သူအပေါ်ရိုက်စားလုပ်ကာ ထည်ထည်ဝါ၀ါနေထိုင်နိုင်မှုကို
ဂုဏ်သိက္ခာဟုဆိုမည်လော?၊
မုန့်ဟင်းခါးတပွဲ ၁၀၀ဟုဆိုင်းဘုတ်ချိတ်ထားသောမုန့်ဟင်းခါးသည်က လာစားသူအား အကြော်တခုချေ
ထည့်ကာ ၁၃၀ တောင်းခြင်းကို ဂုဏ်သိက္ခာဟုဆိုမည်လော?၊
ကမ္ဘာ့စီးပွါးရေးကျဆင်းမှုကြောင့် အလှူရှင်နိုင်ငံများမှ အကူအညီများလျှော့ချနေသည်ဟု ပြောဆိုကာ
ကိုယ်ပိုင်ကုန်စုံဆိုင်တည်နိုင်ခြင်း၊လိုင်းကားပြေးဆွဲနိုင်ခြင်း တို့သည် ဂုဏ်သိက္ခာဟုဆိုမည်လော?၊
ရေရရေးအတွက် သားသည်မိခင်များ နေ့တဓူဝ ရေဘုံပိုင်အနား ငြင်းခုံပြောဆိုခြင်းကို ဂုဏ်သိက္ခာဟု
ဆိုမည်လော?၊
ကျွန်ုပ်တို့သည် တရားဝင်အကြင်လင်မယားဖြစ်ပါသည်ဟု UNHCR ၌လိမ်ညာပြောဆို၍ တတိယနိုင်ငံ
သို့ထွက်လာနိုင်ခြင်းကို ဂုဏ်သိက္ခာဟုဆိုမည်လော?၊
တရားဝင်လက်ထပ်ထိမ်းမြားခြင်းမပြုပါပဲလျှက် ဆန့်ကျင်ဘက်လိင်နှင့် တအိုးတအိမ်အတူနေထိုင်ခြင်းကို ဂုဏ်သိက္ခာဟုဆိုမည်လော?၊
ခေတ်ပညာတတ်မဟုတ်သောဖိုးတုတ်၊ ခေတ်ပညာတတ်အတွေးဖြင့်တွေးလိုက်၏။
ကမ္ဘာ့ရာသီဥတုပြောင်းလွဲလာမှုကြောင့် တိရိစ္ဆာန်တို့သည် ပြောင်းလွဲနေထိုင်ကြကုန်၏။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး
August 25, 2009

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....