+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Wednesday, October 5, 2011

ကျောက်ဆည်ခရိုင်အတွင်း ရေကြီးရေလျှံမှု ဆက်တိုက်ဖြစ်ပေါ်



ဒုဋ္ဌ၀တီမြစ်ကူး မြစ်ငယ်တံတားကို အောက်တိုဘာလ ၄ ရက်နေ့ကတွေ့ရစဉ်

ကျောက်ဆည်ခရိုင်အတွင်း ရေကြီးရေလျှံမှုများ

ဆက်တိုက်ဖြစ်ပေါ်နေ

Wednesday, 05 October 2011

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် အတွင်း အောက်တိုဘာလ ၃ ရက်နေ့မှစတင်ကာ ရေကြီးရေလျှံမှု များ ဆက်တိုက် ဖြစ်ပေါ်လျက်ရှိ ကြောင်း သတင်းရရှိသည်။

စက်တင်ဘာလ နောက်ဆုံးပတ်မှ စတင်၍ ဆက်တိုက်မိုးရွာသွန်းနေခြင်း ကြောင့် ကျောက်ဆည်ခရိုင်အတွင်း စီးဆင်းနေသည့် မြစ်ချောင်းများ၊ တူးမြောင်းများနှင့် ဆည်များအတွင်း၌ ရေပြည့်လျှံနေချိန်တွင် အောက်တိုဘာ ၂ ရက်နေ့ညမှ စတင်ကာ ညလုံးပေါက် မိုး အဆက်မပြတ် ထပ်မံရွာသွန်းခဲ့ရာ ကျောက်ဆည်မြို့နယ်၊ မြစ်သားမြို့နယ်၊ တံတားဦးမြို့နယ်၊ စဥ့်ကိုင် မြို့နယ်များတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေပြီး အထူးသဖြင့် ကျောက်ဆည်မြို့နယ်နှင့် မြစ်သားမြို့နယ်များ တွင် ရေကြီးရေလျှံမှုများ ပိုမိုဖြစ်ပေါ်နေကြောင်း သိရှိရသည်။

“မြစ်သားမြို့အနီးမှာ ဖြတ်စီးတဲ့ ပန်းလောင်မြစ်ထဲမှာ စမာရေလွှဲဆည် ဆောက်ပြီးတဲ့အချိန်က စပြီး နှစ်တိုင်း မြစ်သားမြို့ဟာ ရေကြီးတော့တာပါပဲ။ ၂၀၀၆ ခုနှစ်တုန်းကဆိုရင် ပန်းလောင်ဆည်ပါ ဖောက်ချရလိုက်တဲ့ အတွက် မြစ်သားမြို့မှာ ဆိုးဆိုးရွားရွား ရေလွှမ်းမှုဖြစ်ခဲ့တယ်။ အခုလည်း မြို့မှာ တဖြည်းဖြည်း ရေမြုပ်လာလို့ အနိမ့်ပိုင်း ရပ်ကွက်ကလူတွေ ရေလွတ်ရာကို ပစ္စည်းရွှေ့တဲ့သူကရွှေ့၊ ပြောင်းတဲ့သူကပြောင်း လုပ်နေကြပြီ”ဟု မြို့ခံ တစ်ဦးက ပြောသည်။

ယင်းသို့ မကြာခဏ ရေလွှမ်းမိုးမှု များကြောင့် မြစ်သားမြို့နယ်အတွင်း စိုက်ပျိုးထားသော ကြက်သွန်ခင်းများ၊ စပါးခင်းများ၊ ဥယျာဉ်ခြံများ ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည်ဟု ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

“သြဂုတ်လ တုန်းကလည်း မြစ်သားမှာ ရေတစ်ကြိမ် ကြီးခဲ့ပါသေးတယ်။ အဲဒီတုန်းက ကြက်သွန်ခင်းတွေ အကုန်ရေနစ်ပျက်စီးခဲ့လို့ ဒုတိယအကြိမ် ပြန်စိုက်ထားတာ အခုနောက်ထပ်တစ်ခါ ရေမြုပ်ပြန်ပြီ။ ဒီလိုမိုးရွာတိုင်း ပျက်နေမယ်ဆိုရင် တောင်သူတွေဟာ ကြက်သွန်စိုက်ရင် ကျွန်သက်ရှည်မယ် ဆိုတာလိုဖြစ်နေပြီ။ အခု မြစ်သားမြို့နယ်ထဲမှာရှိတဲ့ ကြက်သွန်ခင်း အကုန်လုံးနီးပါး ပျက်စီးသွားခဲ့ပါပြီ။ တောင်သူအနေနဲ့ နှစ်ကြိမ်ဆုံးရှုံးပြီးပြီ ဖြစ်လို့ ဘယ်လို့မှ မဖြစ်နိုင်တော့ပါဘူး။ စားဝတ်နေရေးကိုတောင် စိုးရိမ်ရတဲ့အနေ အထားပါ”ဟုမြစ်သားမြို့နယ်အတွင်း မှ ကြက်သွန်စိုက် တောင်သူတစ်ဦးက ပြောသည်။

ကျောက်ဆည်မြို့ရှိ ဆေးရုံမှလူနာတစ်ဦးအား ပြောင်းရွှေ့ပေးရန် ပြင်ဆင်နေသည်ကို
အောက်တိုဘာလ ၄ ရက်နေ့က တွေ့ရစဉ်

ကျောက်ဆည်မြို့တွင်လည်း ဇော်ဂျီမြစ်ရေလျှံမှုကြောင့် မြို့လယ်ရှိ ဇော်ဂျီမြစ်ဖြတ်တံတား ရေလွှမ်းမိုးခြင်း ခံနေရပြီး မြို့ပေါ်ရပ်ကွက်များနှင့် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများတွင် ရေနစ်မြုပ်လျက်ရှိကြောင်း သိရှိရသည်။

စဥ့်ကိုင်မြို့နယ်တွင်လည်း ပန်းလောင်မြစ်ရေကြောင့် ကျေးရွာအများစု ရေနစ်မြုပ်လျက်ရှိပြီး ဘဲလင်းကျေး ရွာအုပ်စုတွင် ပါဝင်သော ရွာနှစ်ရွာတွင် ရေလေးပေခန့် နစ်မြုပ်လျက်ရှိကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး၏ ပြောကြားချက်အရ သိရှိရသည်။

“ရေလွတ်ရာကိုရွှေ့ပြောင်းဖို့စီစဉ် ပေးနေပါတယ်။ မြို့နယ်ကျန်းမာရေး ဋ္ဌာနကလည်း ရေဘေးဒုက္ခသည်တွေ အတွက် လိုအပ်တဲ့ကျန်းမာရေးစောင့် ရှောက်မှုတွေ ပြုလုပ်ပေးဖို့ရောက်ရှိ နေကြပါတယ်”ဟု ဘဲလင်းကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောကြားသည်။
ကျောက်ဆည်မြို့ ဇော်ဂျီမြစ်ကူးကြိုးတံတားကို အောက်တိုဘာလ ၄ ရက်နေ့က တွေ့ရစဉ်

“အခု ရေနစ်မြုပ်နေတဲ့နေရာတွေ က ပုဂံခေတ်အနော်ရထာမင်းလက် ထက်ကတည်းက အကောင်အထည် ဖော်ခဲ့တဲ့ လယ်တွင်းကိုးခရိုင်ဒေသ ဖြစ်ပါတယ်။ ဒီဒေသမှာ ဧရာဝတီ၊ ဒုဋ္ဌ ၀တီ၊ ဇော်ဂျီ၊ ပန်းလောင်၊ စမုံ စတဲ့ မြစ်တွေစီးဆင်းနေကြပါတယ်။ ဒုဋ္ဌ ၀တီမြစ်မှာ ရဲရွာရေအားလျှပ်စစ်စက်ရုံ အတွက် ဆောက်ထားတဲ့ ရဲရွာဆည် ရှိပါတယ်။ ရာသီဥတုကလည်းတစ်နှစ် ထက်တစ်နှစ် ဖောက်ပြန်လာတော့ နှစ်တိုင်းလိုလို ရေမြုပ်နေတော့တာ ပါပဲ”ဟု မြစ်သားမြို့မှ ဒေသခံတစ်ဦး က ပြောကြားသည်။

မိုးလေ၀သနှင့် ဇလဗေဒညွှန် ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ချက်များ အရ ပြီးခဲ့သော အောက်တိုဘာလ ၃ ရက်နေ့က ကျောက်ဆည်မြို့တွင် ရွာ သွန်းခဲ့သည့် မိုးရေချိန်မှာ ၇ ဒသမ ၅၁ လက်မရှိပြီး အနီးပတ်ဝန်းကျင် မြို့များဖြစ်သော မြစ်သားမြို့တွင် ၅ ဒသမ ၈ လက်မ၊ မန္တလေးမြို့တွင် ၄ ဒသမ ၄၁ လက်မနှင့် စစ်ကိုင်းမြို့ တွင် ၄ ဒသမ ၃၇ လက်မ ရှိကြောင်း သိရှိရသည်။

“၂၀၀၆ ခုနှစ်က ကျောက်ဆည်နဲ့ မြစ်သားဝန်းကျင်မှာ ရေကြီးခဲ့ဖူးတာ ထက် ဒီနှစ်ရေကြီးတာက ပိုဆိုးပါ တယ်။ ကျောက်ဆည်တင်မကဘဲ အနီးပတ်ဝန်းကျင် မြို့တွေပါ ရေကြီး နေတာဖြစ်လို့ တော်တော်နဲ့ရေပြန် မကျရင် နောက်ဆက်တွဲဖြစ်လာမယ့် အကျိုးဆက်တွေက ခန့်မှန်းလို့မရနိုင် ပါဘူး”ဟု မန္တလေးတိုင်းဒေသကြီး မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ၀န်းထမ်းတစ်ဦးက ပြော ကြားခဲ့ပါသည်။

Credit http://www.news-eleven.com

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ပဋိသန္ဓေ တားဆေး တစ်မျိုးကြောင့် HIV ဖြစ်ပွားနိုင်ချေ နှစ်ဆ တိုးနိုင်

Source Photo from http://www.crampingpregnancy.net

ပဋိသန္ဓေတားဆေး တစ်မျိုးကြောင့်

HIV ဖြစ်ပွားနိုင်ချေ နှစ်ဆ တိုးနိုင်

Updated : 4 Oct, 2011

HIV ရောဂါ ကူးစက်ခံရမှုများ အတွက် နောက်ထပ် ဝန်ထုပ်ဝန်ပိုး တစ်ခု ဖြစ်စေမည့် အခြေအနေ တစ်ရပ်ကို သိပ္ပံ ပညာရှင်များမှ ဖော်ထုတ် လိုက်နိုင်ပြန်ပြီ ဖြစ်သည်။ ဝါရှင်တန် တက္ကသိုလ်မှ သိပ္ပံ ပညာရှင်များ၏ တွေ့ရှိချက် အရ နာမည် ထင်ရှားသည့် သန္ဓေတားဆေး တစ်မျိုြး ဖစ်သည့် သုံးလ တစ်ကြိမ် ထိုးရသည့် ဆေးတစ်မျိုးမှာ အာဖရိက နိုင်ငံ တောင်ပိုင်းနှင့် အရှေ့ပိုင်းတွင် အသုံးပြုခဲ့မှုများကို စမ်းသပ်ရာ၌ သာမန်ထက် စာပါက ယင်းဆေးကို သုံးစွဲသူ အမျိုးသမီးများ အနေဖြင့် HIV ရောဂါ ဖြစ်ပွားစေရန် ရာနှု န်း နှစ်ဆ ပိုများပြီး အဆိုပါ ဆေးသုံးသူ HIV ပိုးရှိသူ အမျိုးသမီးနှင့် အတူနေသူ အမျိုးသားမှာလည်း ရောဂါ ဖြစ်နိုင်ချေ နှစ်ဆ ပိုမို တိုးတက် ခဲ့ေ ကြာင်း တွေ့ရှိခဲ့ခြင်းပင် ဖြစ်သည်။

အဆိုပါ ဆေးမှာ အာဖရိက အရှေ့ပိုင်းနှင့် တောင်ပိုင်း ဒေသတို့တွင် အဓိကထား သုံးစွဲကြပြီး အသက် ၁၅ နှစ်မှ ၄၉ နှစ် အကြား အမျိုးသမီးများ၏ ၆ရာနှုန်း ( ၁၂ သန်းခန့် ) သုံးစွဲကြခြင်း ဖြစ်သည်။ အလားတူပင် အမေရိကန် ပြည်ထောင်စုရှိ အမျိုးသမီး သုံးရာနှုန်း ခန့်မှာလည်း ယင်းဆေးကို သုံးစွဲကြကြောင်း သိရသည်။ ယခု လေ့လာမှုနှင့် ပတ်သက်ပြီး သတိပေးချက် ထုတ်သင့် မထုတ်သင့်ကို လာမည့် ဇန်နဝါရီလတွင် အစည်းအဝေး ဖိတ်ကြားပြီး ဆုံးဖြတ်ကြ မည် ဖြစ်ကာ ယခု လေ့လာမှုမှာ အသေးစိတ် လေ့လာခဲ့မှု တစ်ခု မဟုတ်ကြောင်းလည်း သိရသည်။


source : New York Times

Credit http://www.mrtv4.net.mm

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Tuesday, October 4, 2011

တရုတ်တွေ အလုံးအရင်းနဲ့ ဝင်လာမှာကို စိုးရိမ်

ဦးသက်ထွန်း(သံအမတ်ကြီးဟောင်း)
Source Photo from http://pmaja-ascoja.web.com

တရုတ်နိုင်ငံသားတွေ အလုံးအရင်းနဲ့ ဝင်လာမှာကို စိုးရိမ်

2011-10-04

မြန်မာ့နိုင်ငံရေး လေ့လာသူ သံအမတ်ကြီးဟောင်း ဦးသက်ထွန်း က တရုတ် နိုင်ငံသားတွေ နည်းမျိုးစုံနဲ့ နယ်စပ်ဖြတ်ကျော်ပြီး မြန်မာ နိုင်ငံထဲ ဝင်ရောက် အခြေချ လာမှာကို စိုးရိမ် မိကြောင်း RFA က ဆက်သွယ် မေးမြန်းစဉ်မှာ ပြောကြားပါတယ်။

ပြင်သစ်၊ ဆွစ်ဇာလန်၊ စပိန် စတဲ့နိုင်ငံတွေမှာ ၁၉၇၅ ခုနှစ်ကနေ ၁၉၇၈ ခုနှစ်ထိ သံအမတ်ကြီးအဖြစ် တာဝန် ထမ်းဆောင်ခဲ့ပြီး၊ ၁၉၈၆ ခုနှစ်ထိ ကုလသမဂ္ဂ အဖွဲ့အစည်းဖြစ်တဲ့ ယူနက်စ်ကိုမှာ မြန်မာကိုယ်စားလှယ် အဖြစ် တာဝန် ထမ်းဆောင်ခဲ့သူ ဦးသက်ထွန်းက ပြည်သူတွေရဲ့ စိုးရိမ် တောင်းဆိုမှုကြောင့် မြစ်ဆုံစီမံကိန်းကို ယာယီ ရပ်ဆိုင်းထားမယ်ဆိုတဲ့ သမ္မတဦးသိန်းစိန်ရဲ့ ဆုံးဖြတ်ချက်ဟာ မှန်ကန်ကြောင်း ပြောကြားပြီး၊ ဒီလို စီမံကိန်း ရုတ်တရက် ရပ်ဆိုင်းလိုက်တာကြောင့် တရုတ်နဲ့ မြန်မာကြား ဆက်ဆံရေးတွေ ဆိုးဆိုးဝါးဝါး ဖြစ်လာလိမ့်မယ် လို့တော့ မထင်မိကြောင်း ပြောပါတယ်။

ဦးသက်ထွန်းကို RFA အဖွဲ့သား ကိုဉာဏ်ဝင်းအောင်က ဆက်သွယ် မေးမြန်းထားပါတယ်။




Copyright © 1998-2011 Radio Free Asia. All rights reserved.

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ရေကာတာသစ် တည်ဆောက်ရေး ရပ်စဲပေးရန် ကရင်နီဖွံ့ဖြိုးရေး သုတေသနအဖွဲ့ တောင်းဆို

ကရင်နီပြည်နယ် တနေရာ
ရေကာတာသစ် တည်ဆောက်ရေး ရပ်စဲပေးရန်

ကရင်နီဖွံ့ဖြိုးရေး သုတေသနအဖွဲ့ တောင်းဆို

အောက်တိုဘာလ ၄ရက် ၂၀၁၁။
(ကေအိုင်စီ)

ကရင်နီပြည်နယ်အတွင်း တိုးချဲ့တည်ဆောက်မည့် တရုတ်ရေကာတာကြောင့် ရေလျှံပြီး တာကျိုးနိုင်သည့်အတွက် ရေကာတာ စီမံကိန်းသစ် ၃ခုကို ရပ်စဲပေးရန်အတွက် ကရင်နီဖွံ့ဖြိုးရေး သုတေသနအဖွဲ့က ကြေညာချက်ထုတ်ကာ ယနေ့ တောင်းဆိုလိုက် သည်။

လတ်တလော ကြုံတွေ့နေရသည့် ရေလွှမ်းမိုးမှုဒဏ်များကြောင့် နောက်ထပ် ရေကာတာသစ်များ တည်ဆောက်ခြင်းကို ရပ်စဲ ပေးရန် တောင်းဆိုခြင်းဖြစ်သည်ဟု ၎င်းအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ တာဝန်ခံ ခူးတော်ရယ်က ယခုလို ပြောသည်။

သူက “ထိခိုက်ပျက်စီးမှုတွေပေးတဲ့ တရုတ်ရေကာတာတွေကို ဆန့်ကျင်ကန့်ကွက်ဖို့ ကျနော်တို့တနိုင်ငံလုံးက ပြည်သူတွေရဲ့ တောင်းဆိုသံနဲ့အတူ ပူးပေါင်းပြီး တောင်းဆိုတာ ဖြစ်တယ်။”ဟု ကရင်နီဖွံ့ဖြိုးရေး သုတေသနအဖွဲ့၏ တာဝန်ခံ ခူးတော်ရယ်က ပြောသည်။

မိုးဗြဲရေကာတာမှ ရေလွှတ်ချမှုကြောင့် လွိုင်ကော်မြို့နှင့် အနီးအနားတဝိုက်ရှိ ကျေးရွာများ တလကျော်ကြာ ရေလွှမ်းမိုးမှုဒဏ် ခံနေရသည့်ကြားမှာပင် မြန်မာအစိုးရက တရုတ်တို့နှင့် နောက်ထပ် ရေကာတာသစ်များ တည်ဆောက်ရန် စာချွန်လွှာ ချုပ်ဆိုခဲ့ ခြင်းအပေါ် ကရင်နီပြည်သူများ စိုးရိမ်မှု ပိုတိုးလာစေသည်။

မြန်မာအစိုးရနှင့် တရုတ်ဒါတန်း ကော်ပိုရေးရှင်းတို့အကြား တည်ဆောက်မည့် ရေကာတာအသစ်များမှာ သံလွင်မြစ်ပေါ်မှ မဂ္ဂါ ဝပ် ၆၀၀ရှိ ရွာသစ်ရေကာတာ၊ ပွန်ချောင်းပေါ်မှ မီဂ္ဂါဝပ် ၁၃၀ရှိ ပွန်ချောင်းရေကာတာနှင့် လွိုင်ကော်မြို့မြောက်ဖက် သဘက် ချောင်းပေါ်မှ မဂ္ဂါဝပ် ၁၁၀ရှိ သဘက်ချောင်းရေတာတို့ ဖြစ်သည်။

ခူးတော်ရယ်က “မိုးသည်းထန်စွာ ရွာသွန်းတော့ ဆည်မှာ ရေတွေလျှံတယ်။ ဆည်က ရေတွေ ဖောက်ချလိုက်တော့ ရွာတွေ ရေလွှမ်းကုန်တယ်။ ရေကာတာသစ်ထပ်ဆောက်မယ်ဆိုရင် ပိုပြီး ဆိုးလာနိုင်မှာမို့ ဒုက္ခဖြစ်မှာကို ကျနော်တို့ အလွန်စိုးရိမ်မိ တယ်။”ဟု ဆိုသည်။

မိုးဗြဲဆည် ရေလွှတ်ချမှုကြောင့် လွိုင်ကော်မြို့ အနီးတဝိုက်ရှိ ကျေးရွာ (၃)ရွာမှ အိမ်ခြေ ၅၀၀ကျော်မှာ အိမ်ခေါင်မိုးထိ ရေလွှမ်း မိုးခြင်း ခံခဲ့ရပြီး စပါးစိုက်ခင်း ဧက ၅၀၀ကျော်လည်း ရေမြုပ်သွားကြောင်း ကြေငြာချက်မှာ ပါရှိသည်။

ထို့အပြင် ထောင်နှင့်ချီသော ဒေသခံများကလည်း ကျေးရွာစွန့်ခွာကာ အိုးအိမ်မဲ့ဘဝ အခြေအနေသို့ ရောက်ရှိနေသည့်တိုင် အစိုးရ အာဏာပိုင်များဘက်မှ တစုံတရာ အကူအညီပေးခဲ့ခြင်း မရှိပေ။

အဆိုပါ မိုးဗြဲရေတာကာအနီး စီမံကိန်းလုံခြုံရေးအတွက် စစ်တပ်တိုးချဲ့ချထားခြင်း၊ လျှပ်စစ်ရုံအနီး ထောင်ပေါင်းများစွာသော မြေမြုပ်မိုင်းများ ချထားခြင်းတို့ကြောင့် ကရင်နီပြည်သူ ၁၂,၀၀၀ခန့်မှာ ကောင်းကျိုးကို မခံစားရသည့်အပြင် ရေလှောင်ကန်အ တွင်း ရေကြီးမှုကြောင့် အိုးအိမ်ပြောင်းရွှေ့ နေထိုင်ရမှုများနှင့် ရင်ဆိုင်လာခဲ့ကြရသည်။

လတ်တလော အခြေအနေအရ ပြီးခဲ့သည့် စက်တင်ဘာလ ၃၀ရက်နေ့က လွှတ်တော်သို့ ပေးပို့ခဲ့သည့် သမ္မတဦးသိန်းစိန်၏ မြစ်ဆုံဆည် ရေကာတာ စီမံကိန်း ရပ်စဲရေးကြေညာချက်အပေါ်လည်း ကျေနပ်အားရ ကြိုဆိုကြောင်း ကရင်နီဖွံ့ဖြိုးရေး သုတေ သနအဖွဲ့က ကြေညာချက်တွင် ဖော်ပြထားသည်။



Source News Audio from http://www.bbcnews.com/burmese

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ကော့ကရိတ်မြို့နယ်တွင် ငှက်ဖျားရောဂါ အဖြစ်များနေ

Source Photo from http://www.google.com/images

ကော့ကရိတ်မြို့နယ်တွင် ငှက်ဖျားရောဂါ အဖြစ်များနေ

အောက်တိုဘာလ ၄ရက်။
စောဖိုးမူး (ကေအိုင်စီ)

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၌ ယခုတလော ငှက်ဖျားရောဂါပိုး ကူးစက်မှု များပြားလျှက်ရှိသည်ဟု နယ်မြေခံ ကျန်းမာ ရေးဝန်ထမ်းများ၏ ပြောပြချက်အရ သိရသည်။

ကော့ကရိတ်မြို့နယ်ရှိ ကျုံဒိုးနှင့် နယ်စပ်ဒေသမှ ကျေးရွာများတွင် ပြီးခဲ့သည့် ဧပြီလကုန်ပိုင်းတွင် ငှက်ဖျားရောဂါ စမ်းသပ်မှု များ စတင် ပြုလုပ်ခဲ့ရာမှ ရောဂါဖြစ်ပွားသူများကို တွေ့ရှိခဲ့ရသော်လည်း ယခုအချိန်တွင် ငှက်ဖျားရောဂါပိုးရှိသူ ဦးရေမှာ ယခင် ကထက် ပိုမို များပြားလာကြောင်း ကေအဲန်ယူ ဒူးပလာယာခရိုင်၏ ကျန်းမာရေးမှူးက စောနီသဘလေးက ပြောသည်။

“အရင် စမ်းသပ်မှုတွေ လုပ်တာ ရောဂါပိုးရှိသူ တယောက်နှစ်ယောက်လောက်ပဲ တွေ့ရတယ်။ မိုးများတဲ့လဖြစ်တဲ့ သြဂုတ်လ ကနေ အခုအချိန်ထိဆိုရင် လူ ၁၀ဦးကို သွေးစစ်ကြည့်ရာမှာ အနည်းဆုံး ၄ဦးလောက် ငှက်ဖျားပိုးတွေ့ရှိရတယ်။ ဒါဟာ ငှက် ဖျားပိုး ကူးစက်မှုနှုန်း များတယ်လို့ ပြောလို့ရတယ်။”ဟု ကေအိုင်စီကို ပြောသည်။

ယခုတွေ့ရှိသည့် ငှက်ဖျားပိုးအမျိုးအစားသည် အသက် ၇နှစ်မှ ၈နှစ်ကြားရှိ ကလေးငယ်များနှင့် လူကြီးပိုင်းအထိ ဖြစ်ပွားလျှက် ရှိပြီး ကိုယ်ပူ၊ အရေပြားယားယံခြင်း၊ အရေပြားနီရဲခြင်း စသည့် ရောဂါလက္ခဏာများ တွေ့ရှိရသည်ဟု အဆိုပါဆေးမှူးက ပြော သည်။

၎င်းငှက်ဖျားရောဂါ ဖြစ်ပွားသည့်နေရာများတွင် ကျန်းမာရေးလုပ်သားများ ကိုယ်တိုင် သွားရောက်၍ ငှက်ဖျားဆေး တိုက်ကျွေး မှု များရှိသော်လည်း ၎င်းတို့ လက်လှမ်းမမီသည့် ဒေသများရှိ ဒေသခံရွာသားများသည် သစ်မျှစ်၊ ၀ါးမျှစ်များဖြင့် ဖော်စပ်ထား သည့် ဆေးမြီးတိုများကိုသာ သောက်သုံးကာ ကုသနေကြသည်ဟု ဆေးမှူး စောနီသဘလေးက ပြောသည်။

ထိုဒေသတွင် ငှက်ဖျားရောဂါ ထိန်းချုပ်နိုင်ရန်အတွက် နယ်လှည့်ကျောပိုးအိတ် ကျန်းမာရေးလုပ်သားများအဖွဲ့(BPHWT)မှ ပညာပေးမှုများ လုပ်ဆောင်ပေးလျှက်ရှိသလို အိမ်ထောင်စုတစုလျှင် ခြင်ထောင်တစ်လုံးစီ ဝေငှပေးလျှက်ရှိသည်။

ယခု ကူးစက်ဖြစ်ပွားနေသည့် ငှက်ဖျားရောဂါကြောင့် ဝေဒနာသည်များမှာ အသက်အန္တရာယ် ဆုံးရှုံးသည်အထိ မရှိသော်လည်း လွန်ခဲ့သည့် ၂၀၀၅ခုနှစ်က ကျန်းမာရေးလုပ်သားများ လက်လှမ်းမမီသည့်ဒေသတချို့တွင် အသက်ဆုံးရှုံးမှုများ ရှိခဲ့သည်ဟု နယ်မြေခံ ကျန်းမာရေးလုပ်သားများက ပြောသည်။

From e-mail

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

မြစ်ဆုံဆည်ကိစ္စ တရုတ်သတိပေး


မြစ်ဆုံဆည်ကိစ္စ ဥပဒေကြောင်းအရ

ဖြေရှင်းရလိမ့်မယ်လို့ တရုတ်သတိပေး
2011-10-03

မြစ်ဆုံဆည်စီမံကိန်းကို မြန်မာအစိုးရဘက်က တစ်ဘက်သတ် ရပ်ဆိုင်းလိုက်တဲ့ အတွက် ဥပဒေကြောင်းအရ ဖြေရှင်းစရာတွေ ရှိလာလိမ့်မယ်လို့ CPI (China Power Investment Corporation) တရုတ် အစိုးရ စွမ်းအင် ရင်းနှီးမြုပ်နှံမှု ကော်ပိုရေးရှင်း ဥက္ကဌ Lu Qizhou က မနေ့က ပြောဆိုပါတယ်။

အစိုးရပိုင် ဆင်ဟွာ သတင်းဌာနနဲ့ ဆက်သွယ် မေးမြန်းခန်းမှာ မြန်မာဘက်က ရေကာတာ ဆောက်လုပ်ရေး ရပ်ဆိုင်းထားမယ်လို့ ရုတ်တရက် ကြေညာလိုက်ကြောင်း သတင်း မီဒီယာတွေက တဆင့် သိရတာကြောင့် သူတို့ အနေနဲ့ အင်မတန်မှ အံအားသင့်မိတယ် လို့လည်း Lu Qizhou က ပြောပါတယ်။

အင်မတန်မှ အံအားသင့်မိတယ် ဆိုတဲ့ Lu Qizhou
Source Photo from http://www.google.com/images

အမေရိကန် ဒေါ်လာ သန်းသုံးထောင်ကျော် ကုန်ကျတဲ့ မြစ်ဆုံဆည် တည်ဆောက်မှု သဘောတူညီချက် စာချုပ်အပေါ် မြန်မာဘက်က ချိုးဖောက်ခဲ့မှုကို တရားဥပဒေကြောင်း အရ ဆောင်ရွက်သွားမယ် လို့လည်း ဆိုပါတယ်။

ဧရာဝတီမြစ် ကယ်တင်ရေး လှုပ်ရှားနေသူ US Campaign for Burma အဖွဲရဲ့ အမှုဆောင် ညွန်ကြားရေးမှုး ဦးအောင်ဒင်ကတော့ - မြန်မာပြည်သူ တစ်ရပ်လုံးက မြစ်ဆုံဆည် စီမံကိန်းကို ရပ်ဆိုင်းဖို့သာ မဟုတ်၊ ဖျက်သိမ်းဖို့ တောင်းဆိုနေကြတာ ဖြစ်ကြောင်း၊ တရုတ် အစိုးရရဲ့အခုလို ဖိအားပေးမှုကို မြန်မာ အစိုးရ အနေနဲ့ ရဲရဲဝံ့ဝံ့ ရင်ဆိုင်နိုင်မယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။

မြန်မာဘက်က မြစ်ဆုံဆည် စီမံကိန်း ရပ်ဆိုင်းမှုကို တရုတ် အစိုးရပိုင် ကုမ္ပဏီအနေနဲ့ ဘယ်လို ဥပဒေကြောင်းအရ တရားစွဲမလဲ ဆိုတာကို ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ မြန်မာနဲ့ တရုတ် အရေး ကျွမ်းကျင်သူတွေကတော့ နှစ်နိုင်ငံ စလုံးမှာ တရားဥပဒေ စိုးမိုးမှု အားနည်းချက်တွေ ရှိနေတာကြောင့် ဒီမြစ်ဆုံဆည် ကိစ္စမှာ တရားဥပဒေ နည်းလမ်းအရ ဖြေရှင်းနိုင်ပါ့မလား ဆိုတာ သံသယ ရှိနေကြ ပါတယ်။

CPI ဥက္ကဌနဲ့ တရုတ်အစိုးရ သတင်းဌာန တွေ့ဆုံမေးမြန်းချက်ကို ဦးဝင်းနိုင်က ထုတ်နုတ်တင်ပြထားပါတယ်။





Copyright © 1998-2011 Radio Free Asia. All rights reserved.

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Monday, October 3, 2011

နွမ်းပါးသက်ကြီးရွယ်အိုများ ရာသက်ပန်အထောက်အပံ့အတွက် ဆက်သွယ်နိုင်


နွမ်းပါးသက်ကြီးရွယ်အိုများ

ရာသက်ပန်အထောက်အပံ့အတွက် ဆက်သွယ်နိုင်

3 October, 2011

ဆင်းရဲ နွမ်းပါးပြီး အသက်(၆၅)နှစ် နဲ့အထက် သက်ကြီး ရွယ်အိုတွေ ရာသက်ပန် အထောက်အပံ့ ရနိုင်ရေး ကိစ္စရပ်တွေကို ဆက်သွယ် နိုင်တယ်လို့ သက်ကြီးရွယ်အို စောင့်ရှောက်ရေးနှင့် ထောက် ပံ့ရေး ပရဟိတ လူငယ်များ အဖွဲ့ Save the Aged က သိရပါသည်။

ဒီလို စောင့်ရှောက် နိုင်ဖို့ အတွက်ကိုလည်း အသက်(၆၅)နှစ် ကျော်ပြီး သားသမီး ဆွေမျိုး မရှိတော့ တဲ့ သက်ကြီး ရွယ်အိုတွေ ၊ သားသမီး ဆွေမျိုးတွေက ပစ်ပယ်ထားပြီး ကိုယ်တိုင် ပင်ပမ်း ဆင်းရဲစွာ ရှာဖွေစားသောက် နေရတဲ့ သက်ကြီး ရွယ်အိုတွေကို တွေ့ရှိသူတွေ ကလည်း Save the Aged ကို ဆက်သွယ် ပြောကြားနိုင်တာ ဖြစ်ပါသည်။ လက်ရှိမှာတော့ အဖွဲ့ အနေနဲ့ ရာသက်ပန် စောင့်ရှောက်ထားသူ သက်ကြီးရွယ်အို (၁၈)ဦးရှိတာ ဖြစ်ပါသည်။ အဆိုပါ (၁၈)ဦးဟာလည်း တာမွေ ၊ မင်္ဂလာ တောင်ညွန့် ၊ သံလျင် ၊ တောင်ဥက္ကလာ ၊ ရွှေပြည်သာ ၊ အင်းစိန် ၊ မြောက်ဒဂုံ ၊ ကမ္ဘာအေး အစရှိတဲ့ နေရာတွေမှာ နေထိုင်ကြ သူတွေဖြစ် ပါသည်။

အဆိုပါ သက်ကြီး ရွယ်အိုတွေ အားလုံးအတွက် တစ်ဦးကို လစဉ် ထောက်ပံ့ကြေး ကျပ်နှစ်သောင်း အပြင် အစားအသောက် ၊ ဆေးဝါးနဲ့ အသုံးအဆောင် ပစ္စည်းတွေကို ထောက်ပံ့ပေးတာ ဖြစ်ပါသည်။ ဒါ့အပြင် သက်ကြီး ရွယ်အိုတွေ နေထိုင်ကြတဲ့ နေအိမ်တွေ ပြုပြင်တာ ၊ အမိုးအကာတွေ ပြင်ဆင်ပေးတာ ၊ ရေမီးရအောင် ဆောင်ရွက်တာ အစ အိမ်ငှား နေထိုင်သူတွေ အတွက်ကိုလည်း အိမ်လခ ဖြေရှင်းပေးတဲ့ အထိပါ အဖွဲ့က စောင့်ရှောက် ထောက်ပံ့ပေးတာ ဖြစ်တယ်လို့ သိရပါသည်။

ဒါတင် မကဘဲ ကျန်းမာရေး အစောင့်အရှောက် လိုအပ်တဲ့ သက်ကြီးရွယ်အို တွေကိုလည်း ပုံမှန် ကျန်းမာရေး စောင့်ရှောက်မှု အပြင် လိုအပ်တဲ့ အခါမှာလည်း ဆေးရုံဆေးခန်း တွေမှာပါ သွားရောက်ပြသ စောင့်ရှောက်ပေးတာ ဖြစ်ပါသည်။ အဲ့ဒီ အတွက်လည်း မိမိ ပတ်ဝန်းကျင် အတွင်း အမှန်တကယ် ထောက်ပံ့စောင့်ရှောက် မှုလိုအပ်တဲ့ သက်ကြီး ရွယ်အိုတွေ ရှိခဲ့ရင် Save the Aged ကို ဆက်သွယ် နိုင်တယ်လို့ သိရပါသည်။

Credit http://www.mrtv4.net.mm

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Sunday, October 2, 2011

ဖႜုံယှိုဝ်ၟ ဖႜုံယှင်္ဘေ့မ်ုဃှူ့ဃှင်



Source Photo from KIC Karen Information Center
ဖႜုံယှိုဝ်ၟ ဖႜုံယှင်္ဘေ့မ်ုဃှူ့ဃှင်
(ဖူ့တာမိက်)Align Center

ယ်ုကေ၀်လိက်လု ပ်ုယင်ခ၀့်ပီပီအ်ုခေါဟ်စံင် ဆ်ုမုဆံင့်မံင်းလု ဖူ့တာမိက်လ်ုဟှာယိုဝ် မွဲါပ်ုယင်ဖူ့ယှာၟသီးဟှ လိက် ဖႜုံသီးဟ်ုဍးဏင်ၟဖႜုံးအေး၊ ယ်ုအေလ၀်ဆ်ုခႜါင်တ၀်တ၀်လံင်လံင်စါ်္ဘိုဝ် လိက်ပ်ုယင်ယိုဝ် ယ်ုကေ၀်္ဘးသာ ဏင်ၟစယ် စယ်အေး ယ်ုမုကေ၀်္ဘးသာက်ုယဲါလိက်ဖႜုံလှ်။

လာၟဏင့်္ဘိုဝ်သီး ပ်ုဖႜုံလိက်ယိုဝ် ဆ်ုပ၀်ၟအှ်ယှာသီးမွဲါဆေ၀်ၟ ဆ်ုပ၀်ၟလု္ဘး္ဘးသီးအှ်ဆေ၀်ၟ၊ အ်ုခေါဟ်စံင် ယ်ုကေ၀်ကု ယဲါလိက်ပ်ုယင်ဆေ၀်ၟလှ်၊ အ်ုယိုဝ်ဏှ်အိုဝ် ယ်ုကေ၀်လ်ုပုယင်ခ၀့်လ်ုကြိုဒ်္ဘးအ်ုခေါဟ်စံင် ယ်ုကေ၀်လ်ုဖႜုံခ၀့်ဆေ၀်ၟ လှ်၊ ပ်ုဖႜုံဖေါဟ်အ်ုထိုင့်အ်ုကႜာ ဆ်ုလု္ဘးဟှဝ်ၟ လု္ဘးဓ၀်ၟ္ဘးလ်ုစံင်း ယ်ုကုတ၀် ဆိုဒ်ဃှာင်ၟဃှံင် မ်ုသှေ်ယါ့္ဘးခေါဟ် အု လ်ုမိင်ဏှ် ဆ်ုမုဆံင့်မံင်းပေ၀့်္ဘး ဟ်ုဖႜုံဆိုဒ်အ်ုခေါဟ်စံင်ဏှ်ဆေ၀်ၟလှ်။

အေလ၀်တ၀်တ၀် အင်းလ၀့်ပါအေးဏှ် ပ်ုဖႜုံဆိုဒ်ဖေါဟ်ယိုဝ် ဃှူ့ဃှင်အေး ၀ီၟကုံဝါကံင်းလေါဟ်သာ ထီ့ထီ့ဆာဆာ ဟှုင်ဟှုင်ၟခိုင့်ခိုင့်အှ်ဍါ်အေး၊ အ်ုဍံင် ခေါဟ်ဖုင်း္ဘင်ဍေကေအင်ယူ ဖံင်းလေါဟ်သာစူးလာၟဏင့် မ်ုအှ်ထါင်လ်ုဖူ့ဃှင်ၟ သှေ်ဍ်ါအေးဏှ် အု္ဖႜဟ္ထုက္အု္ကႜာထုက္ ဖႜဟ္ကႜာထုက္ အ်ုဏါင်းလ်ုမိင်ဆေ၀်ၟလှ်။

မွဲါလ်ုခါန်ၟအ်ုအံင်ဖိုင်ဏှ် ယ်ုလ၀်္ဘးအေး မွဲါလ်ုခါန်ၟခႜုင့်ခ၀့်လ်ုကါင် ပ်ုဝီၟကုံဝါကံင်းလေါဟ်သာ ဏေ၀်ၟမုက်မုက်ဏင် ဏင်ၟအှ်အေးလှ်၊ ဆ်ုမုက္ဘဲးသာ အ်ုခေါဟ်အ်ုဏါၟပီပီလှ် မ်ုတါ်ခေါဟ်မ်ုတါ်ဏာၟဏှ် အှ်အးပ်ုသါ်ပ်ုထင်ၟအေး၊ ယ်ုလု ဟှာဆ်ုဍးဏှ် ဖႜုံဟှယ့်ထံင်လု ခါန်ၟခႜုင့်ယိုဝ်္ဘးဆါင့်ဍေထီ့ဟှာင်ၟခါန်ၟဟှာင်ၟ၊ သာအဲလင်ဆိုဒ်ဆ သီးလ်ုဖး အှ်ယှာဍါ် အ်ုခေါဟ်စံင် လ်ုဟှာဍေလ်ုဟှာ မ်ုဝီၟကုံဝါကံင်းလေါဟ်သာအ်ုဟှင်ၟ ဆ်ုလင်ထံင်ၟလင်ကါ အှ်ဝေ့ဍေါဟ်ဍေါဟ်လေံ ဆေ၀်ၟလှ်။

မွ္ဘဲါးဆ်ုဏှ်လယ့် ဆ်ုဟှယ့်ကဲထင်းသာ္ဘေ့ယိုဝ်သိုဝ်ဏှ် အေအင်းဃှူ့သှေ်ယါ့ဆေ၀်ၟစါ်္ဘိုဝ် ပ်ုလိက်လဲါလ်ုဖး အှ်ဝေ့ အးမိင်အးစိင် အးကါင်အးခ၀့်အ်ုခေါဟ်စံင်ဆေ၀်ၟလှ် အ်ုလုမိင်ဏှ် ဆ်ုဏယ်အင်းဆ်ုလုမ၀့်ဃှင်္ဘးသီးမွဲါဝေ့လှ်၊ လု ဏင်ဏင်လ၀်ဝေ့ဍး ဆု္ဘါဏှ် ဟု္ဘါသှေ်လုက်ဆိင့် ဆ်ုဏယ်ဏှ် မွဲါဝေ့အ်ုမေါဝ်ၟတိုင် ဆ်ုခႜါင်အ်ုဝေ့ဏှ် ပ၀်ၟလိက်ဆါၟ ဏ်ုလုဟှာ ဆံင့်မံင်း္ဘေ့သှေ်သိုဝ်လဲ။

အ်ုခါ့္ဘိုဝ်ဏါင်းယိုဝ် ပ်ုယင်ကဲခေါဟ်ကဲဏါၟသီးလ်ုဖး အင်းလယ်ထင်းဝေ့ အ်ုဆုသံင်းဆ်ုသင့် ယုဂ်ဏှ် မ်ုဟှိုင့်္ဘးလု လီဍုံဖိုင်ဆေ၀်ၟလှ်၊ ထီ့ဆာလ်ုထီ့ဆာ မ်ုမွဲါလ်ုမွဲါဏှ် ဟ်ုမု္ဘးအှ်ခေါဝ်ယေါဝ်ၟဝေ့လှ်။ အ်ုသီးဝေ့ဆ်ုအင်းလယ်ထင်းသာ ဏှ်မွဲါဆ်ုဏှ်လယ့်စါ်္ဘိုဝ်ဍူ ပုဂ်ထင်းလ်ုဟှာဏင့်ဆာၟဘာၟ(တသီးပုဂ္ဂလကျောင်း)ဏေ၀်ၟသီးလ်ုက္ဘါးဆါင့်ဍေ ခါန်ၟ ဆိုဒ်ဖေါဟ်လိက်လဲါသီးလ်ုဖး (တိုင်းရင်းသားဘာသာစာပေများ)မာလေါဟ်ဏေ၀်ၟဏှ် မွ္ဘဲါိုဝ်လှ်။

လာဏင့်္ဘိုဝ်ဍ၀် ခါန်ၟဆိုဒ်ဖေါဟ်အ်ုလိက်ဖိုင်္ဘးမာလေါဟ်က်ုယဲါ တြာပိုင်ခါန်ၟအ်ုဆုဏဲပျာလ်ုဖးဆေ၀်ၟလှ်၊ အ်ုဍံင် ဏှ် တြာပိုင်ခါန်ၟဆ်ုအှ်ကေှ်သုင်းသာ ဆ်ုထင်းအဲုးထင်းဖး ထီ့ဟှာင်ၟခါန်ၟဟှာင် ဆ်ုလေ၀်ဆ်ုထါင် ပညာ့ မေင်ၟစိင် သီးလ်ုဖး္ဘေ့တြာပိုင်ခါန်ၟကေ၀်ဏါင်းထ၀ယ်အှ်သိုဝ်္ဘးခႜယ့်က်ုဍါသံင်းလေါဟ်ထါင်ဝေ့ ဆေ၀်ၟလှ်။

မွဲ္ဘါိုဝ်လယ် မွဲ္ဘါိုဝ်လယ်ဟှေဝ် အ်ုခါ့္ဘိုဝ်ဏါင်းယိုဝ် ဆ်ုပ၀်ၟလိက်ဖႜုံ္ဘးအှ်အးဍ်ါအေး ဆ်ုကေ၀်လိက်ဖႜုံအှ်အးဍ်ါအေး အ်ုခေါဟ်စံင် ဖႜုံလ်ုမုသှေ်္ဘးသာလိက်ဖႜုံ မု္ထုဂ္ဖႜဟ္႓းသာလိက္ဖႜံဳဆါၟသီးလု္ဖး မ်ုသုင်းအဲုးသာထေါတ်ဝေ့လှ်၊္ဘး ဆ်ုဏှ်လယ့် ဆု္ဘေ့ယိုဝ်သီးတာၟလှ်္ဘးသုင်းအဲုးသာထေါတ်္ဘှ်္ဘ၀့်ယိုဝ်ဏှ် မ်ုသှေ်ယါ့္ဘးသာ မ်ုအှ်ဝေ့လ်ုဏင်ဆေ၀်ၟ လှ်။
Source Photo from KIC Karen Information Center

ဖႜုံလိက် မ်ုစီကႜာမ်ုထင်းထ၀့် ဆ်ုကေ၀်လိက် ဆ်ုပ၀်ၟလိက်လ်ုဖႜုံခ၀့် အှ်အေအးဏှ် လိက်လ်ုအုဟှာင်ၟအ်ုစံင်း ဆ်ုသှေ် ယါ့ဆ်ုဏးသှေ် အ်ုဟှင်ၟအ်ုလၜအ်ုသါ့ မ်ုအှ်ထင်းအ်ုခေါဟ်စံင် ဟှေဝ်ဏေ၀်ၟပ်ုဖႜုံဆိုဒ်အ်ုခေါဟ်စံင် ဆ်ုသာအဲုးသာ ထေါတ်ဟှယ့်ကဲထင်းဝေ့ဆေ၀်ၟလှ်။

ဆ်ုလင်သာအုဂ်လ်ုမိင်ဏှ် ပ်ုဖႜုံဖေါဟ်သီးလ်ုဖး ပ်ုယင်တြာပိုင်ခါန်ၟလ၀်ခႜါင်သံင်းလေါဟ်အင်းတါင်သိုဝ် မ်ုမာပျုက် မု လံင်ပျုက်ဝေ့အ်ုခေါဟ်စံင် ပ်ုဖႜုံဆိုဒ်ဖေါဟ်မေင်ၟစိင်သီးလ်ုဖး မ်ုယါင်ယှး မ်ုထုဂ်ဖ်ါမုလင်မာဝေ့ဆေ၀်ၟလှ်၊ အေမွဲါဏှ် စါ်္ဘိုဝ်္ဘေ့ပ်ုမေင်ၟစိင် ပ်ုဆုဃှီ့ဆ်ုလာ ပ်ုဖီ့ဖူ့ထူရူ့မုင်ၟ္ဘျာ လ်ုဟှာဟှံင်လ်ုလင်မာၟ္ဘးသိုဝ် မ်ုမာ္ဘေ့သှေ်သိုဝ်လယ့်။

ယ်ုလ်ုဟှာဆ်ုဍးဏှ်္ဘးဆါင့်လု ပ်ုဖႜုံဖေါဟ်ဆ်ုပိုင်ကြိုင်အှ် တ်ုဝါန့် ဍုံ ခါန်ၟကႝင့် လ်ုဖး ဆါၟမဲြါဘာၟအွ္ဏွ္ သင္ဃာ့ဘာၟ မွဲါအ်ုဟှေဝ် ဟ်ုဍေါဟ်ဘာၟမွဲါအ်ုဟှေဝ် ပ်ုသံင်းလေါဟ်ဍးပ်ုဏင့်ဆာၟအေကဲ အေသှေ်ဆေ၀်ၟဍူအ်ုဟှေဝ်ထုက်လှ်၊ ဏ်ုသီး သာဖိုင် ဆ်ုယ၀်ခါ့ဆ်ုသံင်းလေါဟ်လိက်သ္ဘေင်ၟဏှ် ဏ်ုသီးအှ်ကှေ်လင်သာလိုင့်ဃွှဦုယုဂ်ဍုဂ်ပါင်ယုဂ် စါ်္ဘိုဝ် ဏ်ုသီးလိက်ဖႜုံယိုဝ် မ်ုလေ၀်ထင်းမ်ုလေ၀်ထ၀့်ဏှ် မူ့လာၟ္ဘးလိုင်ဃှေဝ် ဍေယိက်ဍေမ်ုလင်္ဘိုင်ဝေ့လှ်။

အ်ုခေါဟ်စံင်္ဘးဆါင့်ဍေ ဖႜုံထိုင့်ဆိုဒ်မ်ုဃှူ့မ်ုဃှင်ထါင်အ်ုဟှင်ၟအ္ဘေးသာဆေ၀်ၟ ခႜိဳ၀္လင္သာ ဖႜံဳယွိဳ၀္ၟ ဖႜံဳယွင္ သာလု္ဖႜံဳးဃွင္ၟလွ္ သာကါင်ဖါအေးစါ်္ဘိုဝ် ကြိုဒ်မာလေါဟ်ထါင်လိက်ဖႜုံ လ်ုဟုဍေါဟ်ဘာၟဖိုင်ဏှ်ဆေ၀်ၟလှ်။

လာၟဏင့်္ဘိုဝ်သီး ပ်ုဖႜုံဆိုဒ်ဖေါဟ် တိုဒ်က်ုလေင့် အေဖႜံင့်ဟှးမ မ်ုပုဂ်ထင်းထါင်ဖႜုံဘာၟစါ်္ဘိုဝ် တ်ုကျဲုၟလုက်လှ် ဖူၟ၀ဲါ သီးဟှေး။
ဖႜံဳဆိုဒ္ဂမႜိဳင္ၟကို၀္ၟဟွာ အ်ုဆံင်းအှ်ခႜါင့် ယှူးမုက်္ဘှ်ယ၀့်လာၟဆါ်။

ဖူ့တာမိက်

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

မြန်မာ မြန်နိုင်မာနိုင်ပါ့မလား

Source Cartoon from http://www.news-eleven.com

မြန်မာ မြန်နိုင်မာနိုင်ပါ့မလား

(မင်းစိုးစံ)

မြန်မာတွေမှာဆိုရိုးစကားရှိတယ်လေ ပညတ်သွားရာဓါတ်သက်ပါတဲ့။ ယတြာတွေ အင်း အိုင် ခလဲ့ လက်ဝှက် (ဖွဲ့)ကိုယုံကြည်ကိုးကွယ်တဲ့ မဟာဗမာစစ်အစိုးရအနေနဲ့ ဗမာကိုမြန်မာလို့ပြောင်းတာက မြန်တယ် မာတယ်ဆို တဲ့ အဓိပ္ပါယ်ကို ယူထားတာဖြစ်တယ် အဲဒါကို ပိုကြိုက်တယ်ဆိုပြီး ကျော်အောင်စံထားဆရာတော်ဘုရား ရေး သားစီစဉ်တဲ့ ဝေါဟာရတ္ထပကါသနီကျမ်းမှာ အတိအလင်းကိုရေးသားထားပါတယ်၊ လွန်ခဲ့တဲ့နှစ်၁၀၀ကျော်က ရေးသားပုံနှိပ်ခဲ့တာပါ။

မြန်မာကို အရင်တုန်းက မြမ္မာ လို့ရေးထားတာကို မြန်မာလို့ပြောင်းရေးတာလို့ဆိုပေမယ့် သမိုင်းကြောင်းတခုခုကိုပြောင်းပစ်ချင်တာများလားတော့ မသိပါဘူး။
ဘာကြောင့်လဲဆိုတော့ ဒီမဟာဗမာစစ်အစိုးရက သမိုင်းမှန်တွေကို ဖျောက်ဖျက်နေကျမဟုတ်လား။

မြန်မာဆိုတဲ့အတိုင်း ခပ်မာမာပေါ့ ခပ်မြန်မြန်ပေါ့ ကလိမ်ကကျစ်ကျမယ်၊ မတရားတာတွေလုပ်မယ်၊ တိုင်းပြည် ပျက်စီးရာပျက်စီးကြောင်းတွေ ဖန်တည်းမယ်၊ အဲဒီလိုနေရာတွေမှာ အင်မတန်မြန် အင်မတန်မာတဲ့ မြန်မာ။

အခုတော့ တရုတ်ကြီးက ရာဇသံပေးနေပြီ၊ ငါ့ကိုမပြောပဲ ရေထွက်တဲ့အပေါက်ကို ပိတ်မယ့်ဟာကိုဘာဖြစ်လို့ ရပ်လိုက်ရတာလဲတဲ့၊ ဒါကြောင့်လည်းလွှတ်တော်မှာအခြေအတင်ဆွေးနွေးမနေတော့ပဲ ချက်ခြင်းအမိန့်ထုတ်
လိုက်တာကိုး သမ္မတကဗွီတိုအာဏာသုံးသလေးဘာလေးပေါ့၊ သဘောကတော့ သမ္မတကြီးဦးသိန်းစိန်လုပ်တာပါ အနော်ပါဘူးဆိုပြီး ပေါက်ဖေါ်ကို ကလိမ်ကျဘို့အကွက်ဆင်လိုက်တာပါ ပေါက်ဖေါ်က နေမယ်တဲ့လား အံခွနေပြီ။

ဟိုးဦးနေ၀င်းအုပ်ချုပ်ကတည်းက ရထားတဲ့သင်ခန်းစာတွေက တရုတ်အတွက် ဆယ်သက်စာမကအောင် ပြည့်လျှံနေ
ခဲ့ပြီပဲ၊ မဲဆောက်က တရုတ်တယောက်ကိုမေးကြည့်လိုက်ပါ၊ တရားဝင်နယ်စပ်ဂိတ်တွေမဖွင့်ခင်ကတည်း က အရောင်းအ၀ယ်လုပ်နေတဲ့ တရုတ်တွေကိုပြောတာပါ၊ ပြည်သူပိုင်သိမ်းတော့ တရုတ်တွေကို ဘယ်လိုလုပ် ခဲ့သလဲဆိုတာ မေ့မယ်တဲ့လား အခုတရုတ်ပြည်ကိုအုပ်စိုးနေသူတွေရဲ့ ဆွေမျိုးတွေမပါဘူးလို့ပြောနိုင်ပါ့မလား၊ အဲဒါသွေးကြွေးဗျ သွေးကြွေး။

အဲဒါကိုကြိုသိနေတော့ အာဆီယံထဲဝင်ပြီး အကာအကွယ်ယူမယ်၊ အိန္ဒြိယနဲ့ပေါင်းသလိုလိုလုပ်မယ်၊ အမေရိ ကန်ကို မျက်စပစ်ပြမယ်၊ အဲဒီလိုလုပ်နေတာ နှစ်တွေအများကြီးကြာခဲ့ပြီ၊ ခုတော့ဘယ့်နှယ်ရှိစ။ လည်လွန်းတဲ့ ဘီး အီးမှန်တယ်ဆိုတဲ့ကိန်းဆိုက်နေပြီပေါ့။

ဒါကိုကြိုတင်ပြင်ဆင်တဲ့အနေနဲ့ အရွယ်ရောက်ပြီးသူတိုင်း စစ်မှုမထမ်းမနေရ ဆိုတဲ့အမိန့်ထုတ်လိုက်တာ၊ အမျိုးသားဆိုလျင် အသက်၁၈နှစ်ကနေ ၄၅နှစ်အထိ၊ အမျိုးသမီးဆိုလျင် အသက်၁၈နှစ်ကနေ ၃၅နှစ်အထိ စစ်မှုမ ထမ်းမနေရ၊ စစ်တပ်အင်အားကိုလည်း ၅သိန်း ဘာညာဘာညာစိတ်ရူးထတိုင်းလျှောက်လုပ်နေတာ။

ဘယ်လောက်အထိလူမဆန်သလဲဆိုလျင် စစ်တပ်ကိုလည်းလောက်ငှအောင်မကျွေးချင်၊ ပြည်သူလူထုကိုလည်း ဆင်းရဲသည်ထက်ဆင်းရဲအောင် ငတ်ပြတ်သည်ထက်ငတ်ပြတ်အောင် နုံခြာသည်ထက်နုံခြာအောင် စနစ်တကျ ကိုနှိပ်ကွက်နေလာလိုက်တာ အခုလို နင်လားငါလား တရုတ်ကိုယှဉ်ရတော့မယ်ဟေ့ဆိုလျင် ဘယ်မှာလဲအင်အား ငတ်ပြတ်နေလို့မ၀ရေဆာနဲ့ အသက်ရှင်နေရတဲ့လူတယောက် ဘယ်လိုလုပ်ပြီးစစ်တိုက်နိုင်မှာလဲ။

တခါငြိမ်းချမ်းရေးယူထားတဲ့အဖွဲ့တွေကို နယ်ခြားစောင့်တပ်လုပ်ကြဆိုပြီး မလုပ်လျင်တရားမ၀င်အဖွဲ့အစည်းအ ဖြစ်ကြေငြာမယ်ဆိုပြီး စစ်အင်အားထပ်ဖြည့်လိုက်သေးတယ်၊ ကလိန်ကကျစ်ကျတာများနေတော့ ဒီကေဘီအေ က ပထမဆုံး ထဆော်လိုက်ရော၊ အဲဒီမှာတင်လုပ်လိုက်တိုင်း တလွဲတချော်တွေဖြစ်လာလိုက်တာ တရုတ်က ရာဇသံပေးတဲ့အထိ ဖြစ်လာပါတော့တယ်။

ပြောပါသေးတယ် တိုင်းပြည်ရဲ့အင်အားဟာပြည်တွင်းမှာပဲရှိတယ်တဲ့ အခုမှပြည်ပရောက်နေတဲ့ လူတွေကိုပြန်
ခေါ်နေတယ်၊ မှီမှမီပါ့ဦးမလားမသိ။
ထောက်လှမ်းရေးမှူးချုပ်ဟောင်း ဗိုလ်ချုပ်ခင်ညွန့်နဲ့ ကေအင်ယူဥက္ကဌ စော ဘိုမြတို့ငြိမ်းချမ်းရေးဆွေးနွေးပွဲ
မှာတွေ့တော့ ဗိုလ်ချုပ်ခင်ညွန့်ပြောသွားတဲ့စကားတခွန်းက ကိုယ့်လူမျိုးကိုကိုယ့် ထက်ပိုချစ်တဲ့သူမရှိဘူး ဆိုတာ၊ မျိုးချစ်စိတ်ဓါတ်ဘယ်လောက်ပဲပြင်းထန်ပြင်းထန် ခေတ်မှီစစ်လက်နက် စက် ယန္တယားတွေမပြည့်စုံလျင် စည်းရုံးမှုပြိုကွဲနေလျင် ရန်သူကိုဘယ်လိုတိုက်မှာတုန်း။

အရေးအကြီးဆုံးက ကိုယ့်လူသူ့ဘက်သားတွေရှိနေမယ်ဆိုလျင် အဲဒါသွားရော၊ စီးပွါးရေးကဏ္ဍ၊ သတင်းနဲ့
မီဒီယာကဏ္ဍ၊ အဲဒီကဏ္ဍနှစ်ခုမှာ ဘယ်လိုလူစားတွေက ချုပ်ကိုင်ထားသလဲ၊ လုပ်ပိုင်ခွင့်တွေရထားသလဲ၊ တရုတ်ကိုမကြေနပ်လို့ ကန့်ကွက်ဆန္ဒပြမယ်ဆိုပါတော့ ဗမာအချင်းချင်းတောင် သေနတ်မိုးပေါ်ထောင်မပစ်မှတော့
တရုတ်က ဒီလူလောက်တော့နည်းသေးတယ်လို့ပြောလိမ့်မယ်။

ဗမာပြည်ဘယ်နေရာမှာဘာရှိလဲဆိုတာ တရုတ်က၉၉%သိပြီးသား၊ ဘယ်နေရာကိုဘယ်လိုကိုင်လိုက်လျင် ဘာ ဖြစ်သွားနိုင်တယ်ဆိုတာ သိပြီးသား၊ တခြားတိုင်းရင်းသားတွေကိုသာ မဟာဗမာစစ်အစိုးရက လက်နက်မျိုးစုံသုံး ပြီးတိုက်နေတာ ၀နဲ့ကျတော့ ငြိမ်းချမ်းရေးလုပ်ရရှာတာကိုက တရုတ်ရဲ့သြဇာဘယ်လောက်ကြီးတယ်ဆိုတာ သိ နိုင်လောက်ပါတယ်။

တခုပဲရှိတော့တယ်၊ အဲဒါ မြန်မာဆိုတဲ့အတိုင်း မြန်မြန်လုပ် အချိန်မဆွဲနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အ စည်းအားလုံးနဲ့ မြန်မြန်ငြိမ်းချမ်းရေးယူ၊ မြန်မြန်အပစ်အခတ်တွေရပ်စဲ၊ မြန်မြန်ဒီမိုကရေစီကျင့်သုံးနိုင်ဘို့ ၂၀၀၈ဥပဒေဆိုတာကို မြန်မြန်ပြင်၊ ဒီနေရာမှာပြင်လို့ပြောတာထက် မြန်မြန်ဖျက်ပစ်၊ နိုင်ငံရေးအကျဉ်းသားတွေ
မြန်မြန်လွှတ် တိုင်းပြည်ချစ်တဲ့စိတ် မျိုးချစ်တဲ့စိတ်တကယ်ရှိတယ်ဆိုလျင် ပြည်သူလူထုကိုမာရည်ကျောရည်ဆက်ဆံ တာတွေ မြန်မြန်ပြောင်း ၊ အဲဒါဆိုလျင်တော့ သက်သာမယ်။

ဘာကြောင့်လဲဆိုတာပြောပြမယ်၊ တိုင်းရင်းသားလက်နက်ကိုင် အင်အားစုတွေဟာ ဗမာ့တပ်မတော်သားတွေ ထက် စစ်ရေးသာတယ်၊ မျိုးချစ်စိတ်သာတယ်၊ အပစ်အခတ်ရပ်လိုက်တဲ့အတွက် တရုတ်ဆီကနည်းမျိုးစုံနဲ့ရ ထားတဲ့ လက်နက်အစုတ်အပြတ်တွေ များများကျန်မယ်၊ အဲဒါပြန်အသုံးချနိုင်မယ်၊ ပြည်သူလူထုကိုပြေပြေလည် လည်ဆက်ဆံတဲ့အတွက် အသက်ငါးဆယ်ကျော်တွေ စစ်တိုက်လိမ့်မယ်၊ စစ်ရေးမှာဘာမျှမလုပ်နိုင်လျင်တောင် ညှောင့်လောက်တော့ လုပ်ပေးလိမ့်မယ် အဲဒါလည်းအင်အားပဲ၊ ပြည်ပရောက်နေကြတဲ့လူတွေကလည်း သူတို့ တတ်နိုင်တဲ့ဘက်က ဘဏ္ဍာရေး ဆေးဝါး
စစ်လက်နက် စသည်ဖြင့် အတတ်နိုင်ဆုံး ဖန်တည်းပေးကြလိမ့်မယ်။

တခြားအကောင်းဘက်မျှော်လင့်စရာတွေ အများအပြားပေါ်လာလိမ့်မယ်၊ မြန်မာပြည်ကမ္ဘာ့မြေပုံပေါ်မှာ တည် တည်တံ့တံ့ခန့်ခန့်ငြားငြား ရှိနေလိမ့်မယ်၊ မြန်မာလူမျိုး တည်တံ့လိမ့်မယ်။
အဲဒီလိုမလုပ်ပဲ စစ်အာဏာထပ်သိမ်းဘို့ ခေါင်းဆက်မာနေမယ်ဆိုလျင် အားလုံးဟာ ဆန့်ကျင်ဘက်ရလဒ်တွေ သိမ်းကြုံးယူထားရမှာကတော့ မလွဲမသွေပါပဲ။

မှတ်ချက်

ကျုပ်ဟာ နိုင်ငံရေးသမား မဟုတ်ပါ၊ စစ်သားကောင်း မဟုတ်ပါ။ ကျုပ်ရဲ့ ပစ္စက္ခအမြင်တွေကို ရေးပြထားတာဖြစ်
တဲ့အတွက် အားနည်းချက်တွေ အမြောက်အများရှိပါတယ်။ အခုလို နားလည်ဖတ်ရှုပေးတဲ့အတွက် ကျေးဇူးတင်
ပါတယ်။

ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Saturday, October 1, 2011

လာပါပြီဗျို့


မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းသည့်အပေါ် ဆွေးနွေးရန်

တရုတ်အစိုးရ တောင်းဆို
October 1, 2011
by နေသွင်

မြစ်ဆုံရေကာတာစီမံကိန်း ရပ်ဆိုင်းထားတဲ့ ကိစ္စနဲ့ပတ်သက်လို့ ဆွေးနွေးဖို့ တရုတ်အစိုးရက မြန်မာအစိုးရကို တောင်းဆိုလိုက်ပါတယ်။
ကန့်ကွက်မှုတွေကြောင့် ရေကာတာကို ရပ်တန်ဖို့ သမ္မတ ဦးသိန်းစိန်က လွှတ်တော်ကို သ၀ဏ်လွှာပေးပို့အပြီးမှာ တရုတ်ဘက်က အခုလို တောင်းဆိုလိုက်တာပါ။

အမေရိကန်ဒေါ်လာ ၃ ဒသမ ၆ ဘီလီယံတန်တဲ့ ဒီစီမံကိန်းကို တရုတ်နဲ့မြန်မာအစိုးရတို့ ၂၀၀၉ ခုနှစ်တုန်းက လက်မှတ်ထိုးခဲ့တာဖြစ်ပြီး အစိုးရကျောထောက်နောက်ခံပေးထားတဲ့ အေးရှားဝေါကုမ္ပဏီနဲ့ တရုတ်စွမ်းအင်ကုမ္ပဏီ China Power Investment (စီပီအိုင်) တို့က အဓိက တည်ဆောက်ဖို့ သဘောတူထားခဲ့ပါတယ်။

တရုတ်နိုင်ငံခြားရေးဌာနရဲ့ ၀က်ဆိုက်မှာ ဖော်ပြထားတဲ့ ကြေညာချက်မှာ ပြောခွင့်ရသူ ဟောင်လီက မြစ်ဆုံရေကာတာစီမံကိန်းဟာ
တရုတ်နှင့် မြန်မာ အစိုးရတို့ကြား ပူးပေါင်းရင်းနှီးမြှုပ်နှံတဲ့ စီမံကိန်းဖြစ်ပြီး၊ သေသေချာချာ လေ့လာပြီးမှာ
ဆောင်ရွက်ခဲ့တာလို့ ဆိုပါတယ်။
ဒီစီမံကိန်းနဲ့ ပတ်သက်လို့ ဖြစ်ပေါ်တိုးတက်မှုမှန်သမျှကို နှစ်ဖက် အဆင်ပြေပြေ ဖြစ်အောင် ကိုင်တွယ်
သင့်တယ်လို့နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။

Source News from http://burmese.dvb.no

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....