+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Saturday, October 8, 2011

သုံးနှစ်သမီးလေးရဲ့ အသံကို အားပေးကြပါ



အခုလို နားဆင်အားပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်ဗျာ။
နားဆင်ကြသူတွေအားလုံး ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

CPI and CHINA DAILY Interview

Credit Cartoon from Eleven Media Group

မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကို တာဝန်ယူတည်ဆောက်နေတဲ့ တရုတ် လျှပ်စစ်ဓါတ်အား ရင်းနှီးမြှုတ်နှံမှုကော်ပိုရေးရှင်း CPI ဥက္ကဌ မစ္စတာ လူကျိကျိုး နဲ့ CHINA DAILY သတင်းဌာနတို့ရဲ့ အင်တာဗျူး ဘာသာပြန်ဖြစ်ပါတယ်။
(အသေးစိတ်ဖတ်ရှုနိုင်ရန်ပုံပေါ်သို့နှိပ်ပါ)

Credit http://doctorsaitphwar.blogsport.com( ဒေါက်တာစိတ်ဖွါ)

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

အရေးပေါ်အတွက် ဆန်တန်ချိန် (၇၉၀၀၀၀)ခန့် သိုလှောင်မည်


အာရှ နိုင်ငံများတွင် အရေးပေါ်အခြေအနေများအတွက်

အရန်ဆန်များသိုလှောင်ထားရှိမည်
8 Oct, 2011

ဂျပန်၊ တရုတ်၊ တောင်ကိုရီးယားနဲ့ အရှေ့တောင် အာရှနိုင်ငံတွေဟာ သဘာဝ ဘေးအန္တရာယ်တွေ ကျရောက်ပြီး နောက်မှ စားနပ်ရိက္ခာ ပြတ်တောက်မှုကို ရင်ဆိုင်နိုင်ဖို့အတွက် အရံဆန်တွေ သိုလှောင်ထားဖို့ သဘောတူ ကြမယ်လို့ မျှော်လင့် ရပါတယ်။ အင်ဒိုနီးရှားနိုင်ငံ ဂျာကတာမြို့မှ ပြီးခဲ့တဲ့ သောကြာနေ့က ကျင်းပ ပြုလုပ်ခဲ့တဲ့ အဆိုပါ နိုင်ငံများမှ လယ် ယာ စိုက်ပျိုးရေး ၀န်ကြီးများ အစည်းအဝေးမှာ ဒေသတွင်း စားနပ်ရိက္ခာ ဖူလုံရေးကို အဓိက ထား ဆွေးနွေး ခဲ့ကြပါတယ်။

အဲ့ဒီလို တစ်နိုင်ငံချင်းမှာ အရေးပေါ် အရံဆန်တွေ သိုလှောင် ထားရှိမယ့်အပြင် စားနပ်ရိက္ခာ လိုအပ်နေတဲ့ နိုင်ငံတွေ ကိုလည်း စားနပ် ရိက္ခာတွေ ပူးပေါင်း ထောက်ပံ့ပေးဖို့ သဘောတူညီကြမယ်လို့ မျှော်လင့် ရပါတယ်။ အဲ့ဒီလို တစ်နိုင်ငံချင်းစီက ထားရှိ သိုလှောင်ရမယ့် အရံဆန် ပမာဏကို သတ်မှတ်ဖို့ အတွက် နောက်ဆုံး သတောတူညီမှု ရရှိလျက်ရှိပြီး ဂျပန်နိုင်ငံက ဆန်တန်ချိန် (၂၅၀၀၀၀)နဲ့ တရုတ်နို င်ငံဟာ တန်ချိန် (၃၀၀၀၀၀) သိုလှောင် ထားရှိမှာ ဖြစ်ပါတယ်။

ဒေသတွင်း နိုင်ငံအားလုံးက သိုလှောင်ထားမယ့် ဆန်ပမာဏဟာ တန်ချိန် (၇၉၀၀၀၀)ခန့် ရှိမှာဖြစ်ပြီး လူဦးရေ (၁၃)သန်းကို တစ်နှစ်ကြာ ကျွေးမွေး ထားနိုင်တဲ့ ပမာဏ ဖြစ်ပါတယ်။ အခုလို အာရှ ဒေသတွင်း နိုင်ငံပေါင်းစုံက ပါဝင်ဆောင် ရွက်မယ့် လုပ်ငန်း စဉ်ဟာ နိုင်ငံတကာမှာ တွေ့ရခဲတဲ့ ကိစ္စတစ်ခု ဖြစ်ကြောင်း ဂျပန် လယ်ယာ စိုက်ပျိုးရေး ၀န်ကြီးဌာနက ပြောကြား ခဲ့ပါတယ်။ အဲ့ဒီလို အရေးပေါ်အရံဆန် ထားရှိမယ့် အစီအစဉ်အတွက် သဘောတူညီချက်ကို မကြာခင်မှာ လက်မှတ် ရေးထိုးကြမယ်လို့ သိရပါတယ်။

Credit http://www.mrtv4.net.mm/news

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ယ်ုထီသိုဝ်အှ် ခါန်ၟမ်ုညာၟ

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Friday, October 7, 2011

အမရပူရဆွမ်းကျွေး တစ်ထောင်နီးပါးအစာအဆိပ်သင့်

Source Photo from http://health.ngoinmyanmar.org

အမရပူရဆွမ်းကျွေး တစ်ထောင်နီးပါး

အစာအဆိပ်သင့်


သောကြာ, 07 အောက်တိုဘာ 2011
By သင်းသီရိ

မန္တလေးတိုင်း အမရပူရမြို့က ပွဲတော်ဘုန်းကြီးကျောင်းတွင်း ပြုလုပ်တဲ့ အလှူကနေ ကျွေးမွေးတဲ့ အစားအစာကို စားမိတဲ့ လူပေါင်း တစ်ထောင်နီးပါးလောက် အစာအဆိပ်သင့်တာ ဖြစ်နေကြပါတယ်။ ဒီဘုန်းကြီးကျောင်းဝင်းအတွင်း မြစ်ရေတက်ချိန်က ၀င်ထားတဲ့ရေတွေဟာ ရေပုပ်တွေအဖြစ် တင်ကျန်နေသလို မသန့်ရှင်းတဲ့ရေနဲ့ ချက်ပြုတ်မိတဲ့ အစားအစာတွေကနေ အခုလို အဆိပ်သင့်တာ ဖြစ်တယ်လို့ လူနာတွေကို ကူညီပေးနေတဲ့ ဆရာဝန်တွေကပြောသလို များပြားတဲ့ လူနာတွေကြောင့် ဆေးဝါးအခက်အခဲလည်း ရှိနေတယ်လို့ ပြောပါတယ်။ ဒီအခြေအနေ အပြည့်အစုံကို မသင်းသီရိက တင်ပြထားပါတယ်။

အမရပူရမြို့က ပွဲတော်နဲ့ ကြံတန်းရပ်မှာရှိတဲ့ ပွဲတော်ဘုန်းကြီးကျောင်းတွင်း ပြုလုပ်တဲ့ ရှင်ပြုနားသအလှူမှာ စတုဒီသာအဖြစ် နတ်သုဒ္ဒါနဲ့ ရေခဲမုန့်ကျွေးပြီး ဒီအလှူကိုလာစားကြတဲ့သူတွေ အစာအဆိပ်သင့်တာတွေ ဖြစ်နေကြတာပါ။ လူနာတွေဟာ ဒီကနေ့ နေ့လယ်ပိုင်းလောက်ကစပြီး ဗိုက်နာလာတာ၊ အန်တာ၊ ၀မ်းသွားတာမျိုးတွေအပြင် သွေးပေါင်ကျတာမျိုးတွေ ဖြစ်နေလို့ ဆေးခန်းကို လာပြကြပြီး သူတို့အားလုံးဟာ အလှူကကျွေးတဲ့ အစားအစာကို စားလာကြတဲ့ သူတွေချည်း ဖြစ်နေတာတွေ့ရတယ်လို့ ဆရာဝန်တွေက ပြောပါတယ်။ နောက်ပိုင်း ဆေးခန်းမှာ လူနာတွေ တဖြည်းဖြည်းနဲ့ မဆန့်တော့လို့ နောက်ဆုံး ပွဲတော်ဘုန်းကြီးကျောင်းဝင်းတွင်း ကူညီရေးဆေးခန်းဖွင့်ပြီး လူနာတွေကို ကြည့်ပေးနေရတယ်လို့ အဲဒီမှာကူညီပေးနေတဲ့ အမရသုခ အခမဲ့ဆေးခန်းက ဒေါက်တာ ဒေါ်ယုယုဝေက ပြောပါတယ်။

“လူနာ ဘယ်လောက်လောက်ရှိလဲ ဆိုရင် ရွာလုံးကျွတ်ပဲ။ ကြံတန်းပွဲတော် အပြင်ကို သူတို့ဖိတ်ထားတဲ့ ပြင်ပဧည့်သည်တွေပေါ့လေ။ လူဦးရေကတော့ ထောင်ဂဏန်းလောက်တောင် ရောက်တော့မှာပဲ။ ကျမတို့ ဆေးခန်းက စာရင်းဇယားတောင် မှတ်ချိန်ကိုမရှိဘူး။ အမြန် အမြန်နဲ့ လုပ်နေရတဲ့အခါကျတော့။ ဆေးရုံကိုလည်း ပို့တယ်။ အမရပူရ ဆေးရုံမှာလဲ အပြည့်ပဲ။ နေရာကို မရှိတော့ဘူး။ တချို့ တောနေတဲ့သူတွေ၊ သွေးပေါင်ချိန် ကျနေတဲ့သူတွေကိုတော့ ကျမတို့ ကမ်းနားဆေးရုံကို လွှတ်တယ်။”

ပွဲတော် ဘုန်းကြီးကျောင်းဝင်းဟာ မကြာသေးခင်က မြစ်ရေလျှံတာကြောင့် ရေ၀င်ထားတဲ့ ကျောင်းဝင်းတခု ဖြစ်သလို ခုချိန်ထိ ရေတွေဟာ ပြန်မကျသေးဘဲ ရေပုပ်တွေအဖြစ် တင်ကျန်နေတာ တွေ့နေရပြီး ဒီလိုဖြစ်ရတာဟာ မသန့်ရှင်တဲ့ရေကြောင့် ဖြစ်ဖို့များတယ်လို့လည်း ပြောပါတယ်။

“ပွဲတော် ကျောင်းဝင်းအတွင်းမှာက ရေ၀င်တဲ့နေရာဖြစ်နေတယ်။ အခုဟာက မြစ်ရေ တိုးလာတဲ့အခါကျတော့ အဲဒီရေတွေက ရှိနေပြီးတော့ အဲဒီအနားမှာ အိမ်သာရှိတယ်။ အိမ်သာနဲ့ အသုံးပြုတဲ့ အ၀ီစိတွင်း ရေကန်ပါပဲ။ အိမ်သာနဲ့ ရေကန်က ၁၅ ပေလောက်ပဲ ကွာမယ်။ အဲဒီ ရေကန်နဲ့ ထမင်းဟင်းချက်တဲ့ နေရာကလည်း ၁၅ ပေလောက်ပဲ ထပ်ကွာမယ်။ အဲဒီ ရေကန်ရော၊ အိမ်သာရော ပတ်ဝန်းကျင်မှာက စိမ့်ရေတွေနဲ့ ညစ်ပတ်နေတာပေါ့နော်။ ပလက်စတစ်တွေ၊ ဘူးခွံတွေ၊ အ၀တ်စုတ်တွေ အကုန်လုံး ညစ်ပတ်နေတဲ့ နေရာတွေပေါ့နော်။ အဲဒီတော့ အ၀ီစိတွင်းကလည်း စိမ့်ရေတွေကနေ ထွက်လာတဲ့ရေတွေ ဖြစ်မှာပေါ့နော်။ အဲဒီရေတွေကို အသုံးပြုပြီးတော့ ထမင်းဟင်း ချက်ရတာကိုး။”

Source Photo from http://health.ngoinmyanmar.org

အစာအဆိပ်သင့်တဲ့လူနာတွေ တဆထက်တဆ ပိုများပြားလာလို့ အကူအညီပေးတဲ့ လူမှုရေးဆေးခန်းတွေမှာ ရှိနေတဲ့ ဆေးဝါးနဲ့ ဓါတ်ဆားတွေ မလုံလောက်တော့ဘူးလို့ ဆရာဝန်တွေကပြောသလို သက်ဆိုင်ရာ အာဏာပိုင်တွေဆီကလည်း ခုချိန်ထိ အကူအညီလာပေးတာ မရှိသေးဘူးလို့ ပြောပါတယ်။

“အာဏာပိုင်တွေကတော့ ဘယ်သူရယ်လို့၊ ဘယ်ဝါရယ်လို့လဲ မပြောဘူး။ ဘုန်းကြီးကို မေးကြည့်တော့လဲ ကျုပ်ကိုလည်း ဘာမှမပြောဘူးတဲ့။ ဒါပေမဲ့လို့ ၀င်လိုက်ကြ၊ ထွက်လိုက်ကြနဲ့ ရဲတွေလည်း လာပြီးတော့ ဓါတ်ပုံတွေလည်း ရိုက်လိုက်ကြ၊ တောင်ကြည့်လိုက်ကြ မြောက်ကြည့်လိုက်ကြ၊ ဟိုဒီ လျှောက်ကြည့် လိုက်ကြနဲ့ အဲဒီလိုတော့ ကြည့်နေတာပဲ။ ဘုန်းဘုန်း ပတ်ဝန်းကျင်မှာ ဒီလူနာတွေ အန်သွားတဲ့ဟာတွေ၊ ၀မ်းလျှောပြီးတော့ လုံခြည်မှာ ပေပွပြီးတော့ ယင်ကောင်တွေ တလောင်းလောင်းနဲ့ပေါ့နော်၊ အဲဒါတွေကို သူတို့ ဆေးဖြန်းပေးမယ် မပြောဘူးလား၊ ဘာတွေများ လာလျှောက်ထားသေးလဲလို့ မေးတော့ ဘုန်းကြီးက ကျုပ်ကို ဘာမှမပြောဘူးတဲ့။ ကျုပ်လည်း ဘာမှမမေးဘူးတဲ့။ အဲဒီလို ပြောတာပဲ။ အခုကို ဓါတ်ဆားထုပ်က ပြတ်သွားပြီ။ ဓါတ်ဆားထုပ် ပြတ်သွားတော့ တောင်မြို့ထဲမှာ လိုက်ဝယ်တော့လည်း မရတော့ဘူး။ ကျမတို့ ၀ယ်ထားတော့ အကုန် ပြတ်သွားပြီပေါ့နော်။ ဒရစ်စက်နဲ့ ပုလင်းတွေလည်း အကုန်ပြတ်သွားပြီ။ အဲဒီအခါကျတော့ အခု ကျမတို့ ဓါတ်ဆားထုပ်ရဖို့ရယ်၊ ဒီပတ်ဝန်းကျင်မှာရှိတဲ့ ရေတွေကို ကျမတို့ကို မသောက်ပါနဲ့ဦး ဆိုပြီးတော့ ကျမတို့က ရေသန့်လှူဖို့ကို ကြိုးစားနေတာပေါ့နော်။ ကျမတို့ အခု ပတ်ဝန်းကျင်မှာတော့ လူနာတွေ အန်ထားတဲ့ဟာတွေ၊ ရေတွေ ညစ်ပတ်နေတာတွေကို ဆေးဖြန်းဖို့လည်း ကျမတို့ အဖွဲ့တစ်ဖွဲ့ကို အကူအညီ တောင်းထားတယ်။”

ဒီကနေ့ အမရပူရမြို့နယ် ပွဲတော် ကြံတန်းရပ်မှာ ဖြစ်နေတဲ့ အစာအဆိပ်သင့် အခြေအနေတွေကို ကိုယ်တိုင် ကူညီပေးနေတဲ့ ဒေါက်တာဒေါ်ယုယုဝေ ပြောပြခဲ့တာပါ။ အစာအဆိပ်သင့်ကြတဲ့ လူနာတွေထဲက အခြေအနေဆိုးသူတွေကို ကမ်းနားလမ်းက ကူးစက်ဆေးရုံ၊ အမရပူရဆေးရုံအပြင် မန္တလေးဆေးရုံတွေကို ပို့နေရသလို ဘုန်းကြီးကျောင်းဝင်း ထဲမှာလည်း ဆေးသွင်းပြီး ကုသပေးနေတာတွေနဲ့ ကူညီထားရပါတယ်။




သတင်းကို အောက်ပါလိပ်စာမှာ ရယူနိုင်ပါတယ်
http://www.voanews.com/burmese/news/food-poison-10-07-11-131335359.html

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Thursday, October 6, 2011

သ္တ်ါလင်ထံင်ၟလိုင်ဃှေဝ် ဖႜုံယှိုဝ်ၟဖႜုံယှင်



သ္တ်ါလင်ထံင်ၟလိုင်ဃှေဝ် ဖႜုံယှိုဝ်ၟဖႜုံယှင်

(ဖူ့တာမိက်)

ပ်ုယင်လ၀်ဆု(ကိုယ်ရည်ကိုယ်သွေး)ဆ်ုခႜါင်လ်ုဖႜုံးဏှ် လ်ုဖႜုံခ၀့်ယ်ုခႜယ့်က္ဋါထါင်လ်ုသှေ်္ဘးအ်ုခေါဟ်စံင် ယ်ုမုလ၀်လု အ်ုခ၀့်ပ်ုယ၀့်ခ၀့်ဆေ၀်ၟလှ်၊ လာၟဏင့်္ဘိုဝ်သီး မွဲါယ်ုလုဟှာ ဆ်ုဏးသှေ်အ်ုဖင့်ခေါဟ်ယ်ုကေ၀်အ်ုခေါဟ်စံင်္ဘးမွဲါလု သှေ်္ဘးဏှ် ယ်ုလ၀်္ဘုံးဍးသာလှ်။

ဆ်ုလု(ကိုယ်ရည်ကိုယ်သွေး)ယိုဝ် ဟ်ုမႝီဟ်လု တြာပညာ့ဆါၟ အ်ုဆုသှေ်ဆု္ဘး အ်ုဆုကုင်းဆ်ုမံင်း အု္ဆု္ဟွယ္ဖႜဴၟ ဟှယ်ဝါ အ်ုတ္ဂေတ်ပ်ုဝါသီးလ်ုဖးဏှ် အေကျာဍိင်စါ်္ဘိုဝ် ဟ်ုလ၀်ဝေ့(ကိုယ်ရည်ကိုယ်သွေး)မ်ုသှေ်ဝေ့ဆေ၀်ၟလှ်၊ စင်္ဘိုဝ် ပ်ုယင်အ်ုကုံလွဲါ (NDF)လ်ုဍံင်းဏှ် အ်ုသီးဝေ့ကုံလွဲါဖေါဟ်လ်ုဖး အ်ုတ္ဂေတ်ပ်ုဝါ္ဘေ့မ်ုစီကႜါထင်းထ၀့်သိုဝ် လၞံင်ၟ ဏေ၀်ၟ တြာပညာ့ဆါၟလ်ုခါန်ၟခႜုင့်ခ၀့်ဟှံင် သံင်းလေါဟ်လ၀်ထါင်ကင်ကါယှံင်ဝေ့ ထီ့ဟှာင်ၟခါန်ၟဟှာင်ၟ အ်ုဆုလေ၀် ထင်းလေ၀်ထ၀့်ဍေ ဆ်ုသှေ်ယါ့ဏးသှေ် လ်ုဖးဏှ်ဆေ၀်ၟလှ်။

ဖႜုံယှိုဝ်ၟဖႜုံယှင်ဖေါဟ်သီးဟှေး ပ်ုလုစံင်းယိုဝ် မွဲါပ်ုအင်းတါင်ဖှေ်္ဘးပ်ုဆိုဒ်ဖေါဟ်ဟှင်ၟ အှ်ဝယ်လ်ုမိင်မိင်ယုဂ်ဆေ၀်ၟဟှ၊ အ်ုဍံင် ကြိုဒ်အှ်ဍေပ်ုတ္ဂေတ်ပ်ုဝါလ်ုဖးအ်ုဟှင်ၟ လိက်လ်ုဖႜံင် ဆု္ခႜါင္လု္ဖႜံဳး မွဲါအ်ုအှ်ဆေ၀်ၟဟှ၊ဖႜုံဆိုဒ်ဖေါဟ်အှ်လု ခါန်ၟမု ညာၟသီးလ်ုဖး မွဲါအ်ုအင်းတါင်ဝယ်ယုဂ်ဆေ၀်ၟဟှ၊ ဖႜုံတြာပညာ့ဆါၟမွဲါအ်ုအှ် ယှိက်ဟှာလယ့်၊ ဏ်ုသီးသေှ်လိက်သှေ် လဲါဏှ် ဏ်ုသီးဆံင့်မံင်း မ်ုမာထင်းထ၀့်စီကႜာထင်း က်ုယဲါဘာၟသာ့လှ်ဟှ။

ယ်ုဆံင့်မံင်းဏှ် ပ်ုအေကဲထင်းမႝီဟ်လ်ုဟှာဟှာဏှ် ပ်ုမု္ဘးအဲုးယေါဝ်ထင်း အ်ုကျးအ်ုတင်ဍေ မေင်ၟစိင်အ်ုတင်္ဘးညီ သာ့လင်ဖေႜါတ်ဝေ့ဆေ၀်ၟလှ်၊ အ်ုကျးအ်ုတင်ဍေ မေင်ၟစိင်အ်ုတင်ဏှ် ဏ်ုဏုယ်ုယု အှ်ဝေ့ကိုဝ်ၟဟှာဍေလှ်၊ ပ်ုလုကျး ပ်ုမုမာလိုင့်ဃဦှုက်ုယဲါ အ်ုကျးအ်ုတင်ပီပီလ၀့်သီးသှေ်အေး၊ မေင်ၟစိင်အ်ုတင်ပီပီလ၀့်သီးသှေ်အေး မွဲ္ဘါိုဝ်လှ်။

ဖႜုံဆိုဒ်ဖေါဟ် ထံင်လ်ုခါန်ၟမ်ုညာၟ အးမွဲါအင်းဃှူ့ပ်ုတဲုဝေ့အ်ုကျးအ်ုတင်ဆေ၀်ၟလှ်၊ လ်ုဟှာဟှာဟှိင်းဏီ့ဖႜုံးသိုင့်ဖႜုံး လါင်းသေါဟ် သိုင့်ခေါဟ် လီၟခေါဟ်၊ အ်ုစံင်ဏှ်အုသီးဝေ့အ်ုဟှင်ၟ မေင်ၟစိင်အ်ုတင်အ်ုဟှင်ၟအ်ုဆိုင့်အ်ုထ၀်ၟအှ်ဝေ့ အေးဆေ၀်ၟလှ်၊ က်ုယဲါမ်ုမာထင်းဖႜုံဆိုဒ်မူၟဏီဍေါဟ်မူၟဏီပြေအာ အ်ုဟှင်ၟသီး ဖှေ်လင့်ဝေ့အ်ုဆိုင့်အ်ုထ၀်ၟလ်ုကဲလိုင်္ဘးအ်ုခေါဟ်စံင် မူၟဏီဍေါဟ်မူၟဏီပြေအာ သိုင့်မိင်ဏှ် မာဃှုက်ဝေ့လ်ုဏီဃှင်ၟလှ်။

ဖႜုံယှိုဝ်ၟဖႜုံယှင်ဖေါဟ်သီးဟှေး ဆ်ုခႜါင်ယှာၟလ၀်ဆိုဝ်ဝေ့ ဖေါဟ်သီးလီသီးဟှေး ဏ်ုသီးကါင်းလင်အ်ုသေါဟ်္ဘးဍ္ဘါး ဍါ ဏ်ုသီးအေကါင်းလင်အ်ုသေါဟ်ဏှ် မ်ုဍးပ္ခံင်ဍေဆ်ုအိုင်ဆ်ုဏါၟ္ဘှ်၊ အ်ုခေါဟ်စံင်မူၟဆါ့လ်ုဏီယိုဝ် ပ်ုဖႜုံဆိုဒ်ဖေါဟ် ယိုဝ် ပု္ဘးတ္ဒုက်တႝာ့္ဘးယါင်ယှးလင်ဖ္ဘါးသီ့ဖႜိုဝ်သီ့မိင် အးအးလေံဆေ၀်ၟလှ်၊ ထၞာ့နဴၟ မွဲါပ်ုကါင်းလင်အ်ုသေါဟ် ဏှ် ဆေ၀်ၟလှ်။

လ်ုယါ့ခါ့ဍးအိုဝ် ပ်ုဖီ့ပ်ုဖူ့သီးဍုဂ်ဆု လ်ုဟှာဟှာဏှ် သိင့်ဏးသး(ကေႜါတ်သး)ယဲါဖႜုံးလှ်၊ ပ်ုဆ်ုလင်ၟအှ်မျာ့ဏှ် ဖါလဲါ ပု ပိုင်ဆ်ုလင်ၟအှ်မျာ့ဖါလဲါ အ်ုခါ့္ဘိုဝ်ဏါင်း ယိုဝ် မာသာ္ဘေ့သှေ်သိုဝ်လယ့်ဏှ် ပ်ုဍးဍေပ်ုမေံသး သ်ုလွဲါထ်ါလှ်၊ ထၞာ့နဴၟ ပု ကါင်းလင် ပ်ုသေါဟ်အ်ုခေါဟ်စံင်လှ်။

ပ်ုယိုဝ်ပ်ုကါင်းလင်အ်ုသေါဟ်္ဘေ့သှေ်သိုဝ်လယ့်စါ်္ဘိုဝ် လ်ုယါ့ခါ့ပ်ုအှ်(KNU)လ်ုကုံလွဲါလှ်၊ အှ်ခါ့္ဘိုဝ်ဏါင်းယိုဝ်အှ် ထင်းထါင် ဍေ(DKBA) (KNU/KNLA-PC) (BGF)အ်ုဏှ် မွဲါပ်ုကါင်းလင်ပ်ုသေါဟ်လှ်၊ အ်ုခေါဟ်စံင်ပ်ုဖႜုံဆိုဒ်ဖေါဟ် လ်ုဖး ဆ်ုသးပု္ဘေ့သိုဝ် ယးလ်ုနောတ်ထိက်ဖိုင်သိုဝ်လှ်၊ မှေ်အိုင်၀၀်စှ်ဏှ် ကျးဝေ့အ်ုစှေ်ခ၀့်လ်ုထီး အ်ုဃှိုဝ်ခ၀့်လ်ုထီး ပ်ုလုယိုဝ်ခ၀့် ဍေမှေ်ခေါဝ်ၟ ဍေပ်ုကါင်းလင်ပ်ုသေါဟ်မုက် အ်ုခေါဟ်စံင် ယးကးအ်ုမိင့်စါ်္ဘိုဝ် ဆ်ုမုအင်းဟု္ဘေ့ယးကး သိုဝ်လှ်။

ပ်ုသှေ်ယါ့လင်ပ်ုအုကျးဍ်ါအေး ဆ်ုဏံင့်ယာၟသီးဏေ၀်ၟဍ်ါအေး၊ လ်ုဟှာဍေလ်ုဟှာ လ်ုဍံင်းဍေလ်ုဍံင်း္ဘေ့မ်ုဟှာဟှံင် ဟှာကျးသိုဝ်္ဘေ့ဆီ့ထုင်းလ်ုခိုင့်လိုင်္ဘးသိုဝ် ကုင်းကါင်းကုင်းမံင်းထါင်က္ဋယ်က္ဋယ်လှ်၊ က်ုယဲါကုင်းကါင်းထါင် လေါဟ်သာဏှ် ကင်ကါလု မ်ုတါင်ဍေါဟ်ယှာၟထင်းထ၀့်ထင်းဖႜုံဆိုဒ်ဂမႜိုင်ၟဏှ်ဃှေဝ် ပ်ုယင်အင်းမိုင့်အင်း္ဘးယှိုဝ် သာကဲ ထဲုး္ဘးလေဟ်ဏှ်ဟှံင်လှ်။

အ်ုသီးဝေ့္ဘးယှိုဝ်သာ္ဘေ့ထဲုးသိုဝ်ဏှ် အ်ုကွာအှ်အေး လ်ုအါင်းက်ုဍါထါင်ဂမႜိုင်ၟဏှ်အုခေါဟ်စံင် ပ်ုသိုဝ်လ်ုဖး ကဲထင်း ထါင် ပ်ုယင်သုဂ်တြာပိုင်ခါန်ၟအ်ုသိုဝ် အးအးလေံဆေ၀်ၟယုဂ်ဏှ် ပ်ုဍး္ဘးမေံမိုင့်ထ်ါလှ်၊ ပ်ုဆုပ်ုယောတ်ဍေ ပ်ုဆုမူ့ လာၟဏှ် ပ်ုမု္ဘးသှေ်ယါ့ထီ့ထီ့ကႜာကႜာဟှံင်္ဘေ့သိုဝ်ဂမႜိုင်ၟမ်ုအဲဆိုင့်မ်ုအဲကဦု မ်ုဖှေ်ဟှာင်္ဘျာ မ်ုမ္ဘာိုဝ်မာဆိုင် အှ်မုအး ထင်းအ်ုဟှင်ၟ ပ်ုတ္ဂေတ်ပ်ုဝါဍေ ပ်ုဆုဖ်ါဆုမာလ်ုဖး္ဘေ့မ်ုဍေါဟ်ယှာၟထင်းထ၀့်အးထင်းသိုဝ် ပ်ုမု္ဘးအင်းတါင်ဝယ်ပုင်ၟ ပုင်ၟဆေ၀်ၟလှ်။

လ်ုဏင်ဏင်ဆံင့်မံင်းဝေ့ ပ်ုအှ်ဝယ်မူ့လီမူ့လာ မာ္ဘေ့ယိုဝ် အင်း္ဘေ့ယိုဝ် ဟှံင်လှ်(မာကျးအီ အ၀့်ကျးအီဝီလှ်)ဆ်ုဆံင့် မံင်းအ်ုဝေ့ဏှ် အေအှ်ဍါ်စါ်္ဘိုဝ် အင်းလယ်ထင်းထါင်သာ့လ်ုအုဃှုက်ခ၀့်ကိုဝ်ၟဟှာဍေဆါ်၊ ဆာၟမွဲါဟ်ုဖံင်းသှေ်ဖ်ါသှေ် လ်ုဖး ဖံင်းထင်းဖ်ါထင်းလာၟဆါ်၊ ဆံင့်မံင်းက်ုယဲါ လ်ုဟှုဂ်ဆးလ၀့်စါ်္ဘိုဝ် လုက်ဖေါဟ်လုက်လီ မု္ဘးကဲဆိုဒ်ဃှာင်ၟ ဃှံင် အ်ုဃှံင်ၟသီးလ်ုကါဍါ် လ်ုယိက်လ်ုမ၀်ၟပ်ုဆိုဒ်မ်ုလင်မုင်မ်ုလင်မာၟ မ်ုလင်ပျိုဝ်မ်ုလုက်ထုက်ဝေ့ဆေ၀်ၟလှ်။

ပ၀်ၟလိက်ဆါၟဏ်ုလုဟှာ မ်ုအင်းစ္ဘါးသာယ်ုဆေ၀်ၟလှ် ဏ်ုကေ၀်ဆ်ုဏှ်္ဘေ့ဏ်ုကေ၀်သိုဝ် မွဲါဏ်ုမ္ဘားဝယ် အှ်လုမိင် မိင်ဆေ၀်ၟဟှ၊ မွဲါဏ်ုမာဆ်ုလ်ုမိင်မိင်ဟှစါ်္ဘိုဝ် ယ်ုမ္ဘားအှ်ဝယ်အ်ုခေါဟ်စံင်ယ်ုကေ၀်ဖႜဟ်ထင်းဆေ၀်ၟလှ်၊ လာၟဏင့်္ဘိုဝ်သီး ယ်ုဆုဖ်ါဆုမာလ်ုဖး မွဲါလိုင့်လိုင့်ဃှဦုဃှဦု ဍုဂ်ဍုဂ်ပါင်ပါင်ဏှ် အှ်ဏင်ၟမိင်အေး။

မွဲ္ဘါိုဝ်လယ့်္ဘိုဝ်လယ့်ဟှေဝ် လ်ုဟှာဍေလ်ုဟှာ လ်ုဍံင်းဍေလ်ုဍံင်း ပ်ုဆုသှေ်ယါ့ဏးသှေ် အေလ်ုအှ်ဍါ်္ဘးစါ်္ဘိုဝ် ပု တ္ဂေတ်ပ်ုဝါဆ်ုထိုဟ်ယှိုဝ်လ်ုဖး္ဘေ့ဆ်ုလေ၀်ထင်းလေ၀်ထ၀့်မ်ုအှ်သိုဝ်အ်ုဟှင်ၟ ပ်ုမာသှေ်အေးအ်ုစံင် ပ်ုဆိုဒ်ယိုဝ်မု လင်ဖိုဟ်လင်ဆင့်ဝေ့ ဍေဆိုဒ်ဃှာင်ၟဃှံင် ဍေါဟ်ဍေါဟ်လေံဆေ၀်ၟလှ်။

ဖႜုံယှိုဝ်ၟဖႜုံယှင်ဖေါဟ်သီးဟှေး သ္တ်ါလင်ထံင်ၟသာ့လိုင်ဃှေဝ်္ဘှ်။

အှ်ဆံင်းလာၟဆါ်။
ဖူ့တာမိက်

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Wednesday, October 5, 2011

ဘုရားတန်ဆောင်းတစ်ခု၌ အဘွားအိုတစ်ဦးအား လာရောက်စွန့်ပစ်သွားခြင်း


သမီးအရင်းနှင့်သားမက်တို့က

မိခင်ဖြစ်သူ အဘွားအိုတစ်ဦးအား

ဘုရားတန်ဆောင်းတစ်ခု၌ လာရောက်စွန့်ပစ်သွားခဲ့


Wednesday, 05 October 2011

သမီးအရင်းဖြစ်သူနှင့် သားမက်တို့က မိခင်ဖြစ်သူအသက် ၈၀ ၀န်းကျင်အရွယ်ရှိ အဘွားအိုတစ်ဦးအား ဘုရားတန်ဆောင်းအတွင်း လာရောက်စွန့်ပစ်သည့်ဖြစ်စဉ် ကြည့်မြင်တိုင်မြို့နယ်၌ စက်တင်ဘာလ ၂၉ ရက်နေ့ ညနေ ၅ နာရီအချိန်ဝန်းကျင် အချိန်ကဖြစ်ပွားခဲ့ကြောင်း သိရသည်။

အသက် ၈၀ ကျော်အဘွားအိုကို သားမက်နှင့်သမီးဖြစ်သူတို့က အငှားကားနှင့်ခေါ်ဆောင်လာပြီး ကြည့်မြင်တိုင်မြို့နယ် ကျောင်းကြီးတိုက်ရှိ မဟာသကျမုနိ ရုပ်ပွားတော်မြတ်ကြီး ဂန္ဓကုဋိတန်ဆောင်းကြီး အတွင်း၌ ထားသွားခဲ့ကြောင်း သိရှိရသည်။

စွန့်ပစ်ခံခဲ့ရသော အဘွားအိုမှ ''အိမ်မှာကတည်းက အဘွားရဲ့ သားမက်က အိမ်ပေါ်က ဆင်းသွားဖို့၊ မဆင်းရင် မြစ်ထဲပစ်ချမယ်လို့ပြောလို့ အဘွားက ငါက ရေကြောက်ပါတယ်။ မလုပ်ပါနဲ့လို့ တောင်းပန်ပါတယ်။ ပြီးတော့ သိပ်မကြာခင်မှာ သားမက်နဲ့သမီးက အပြင်သွားမယ်ဆိုပြီးတော့ ကားတစ်စီးပေါ် ခေါ်တင်သွားခဲ့ပါတယ်။ ဘုရားဝင်းတစ်ခုထဲလည်းရောက်ရော သမီးဖြစ်သူက အဘွားကိုဒီမှာ ဘုရားရှိခိုးပြီး ဥပုသ်စောင့်ဆိုပြီးတော့ ထားသွားခဲ့တာပါ။ အခုအဘွားမှာ သား သမီးလည်း မရှိတော့ဘူး။ နေဖို့လည်း မရှိတော့ဘူး'' ဟု စွန့်ပစ်ခံခဲ့ရသည့် အဘွားအိုက ပြောကြားခဲ့သည်။

အဆိုပါအဘွားအိုမှာ ထန်းတပင်မြို့နယ်တွင် နေထိုင်ကြောင်းသိရှိရပြီး သက်ဆိုင်ရာ တာဝန်ရှိသူများမှ ထန်းတပင်မြို့နယ်မှ တာဝန်ရှိသူများနှင့် ချိတ်ဆက်ဆောင်ရွက်နေပြီး အဆင်ပြေခဲ့မှုမရှိပါက နောက်ဆုံးအဆင့် အနေဖြင့် ဘိုးဘွားရိပ်သာသို့ ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်းကို ကြည့်မြင်တိုင်မြို့နယ် အိုးဘိုရပ်ကွက်မှ တာဝန်ရှိသူ ဦးဝေလင်းက ပြောကြားခဲ့သည်။

''အဘွားကလည်း သားသမီးတွေဆီ ပြန်မသွားရဲတော့ဘူးလို့ ပြောပါတယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ကတော့ သာသနာပြုအဖွဲ့တစ်ခုနဲ့ ပူးပေါင်းပြီးတော့ ဘိုးဘွားရိပ်သာကို ပို့ပေးဖို့စီစဉ်ထားပါတယ်'' ဟု ဦးဝေလင်းက ပြောကြားခဲ့သည်။

ယခုအချိန်အထိ အဘွားအိုအား ကျောင်းကြီးတိုက်အတွင်းရှိ ဘုံပျံကျောင်း စားဖိုဆောင်တွင် အမျိုးသမီး အဖော်တစ်ဦးနှင့် ခေတ္တစောင့်ရှောက်ထားကြောင်း သိရှိရသည်။

Credit http://www.news-eleven.com

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ကမ္ဘာ့ဈေးအချိုဆုံး ကွန်ပြူတာကို အိန္ဒိယက ထုတ်လုပ်

(Suneet Singh Tuli)
Source Photo from http://www.rediff.com

ကမ္ဘာ့ဈေးအချိုဆုံးကွန်ပြူတာကို အိန္ဒိယက ထုတ်လုပ်

ဗုဒ္ဓဟူး, 05 အောက်တိုဘာ 2011
By ဗွီအိုအေ(မြန်မာဌာန)

အိန္ဒိယနိုင်ငံက ဆင်းရဲသူတွေနဲ့ ချမ်းသာသူတွေကြား ကွန်ပြူတာ နည်းပညာနဲ့ သုံးစွဲမှု အနေထား ကွာဟမှု မရှိစေဖို့ ရည်ရွယ်ပြီး ကမ္ဘာ့ ဈေးအချိုဆုံး ကွန်ပြူတာကို အိန္ဒိယက ထုတ်လုပ်လိုက်ပြီ ဖြစ်ပါတယ်။

အာကာ (Aakash) လို့ ဟန္ဒီဘာသာနဲ့ခေါ်တဲ့ မိုးကောင်းကင်လို့ အဓိပ္ပာယ်ရတဲ့ လက်ကိုင် ကွန်ပြူတာ အသေးစားကို တလုံးအတွက် အစိုးရလျှော့ဈေး အမေရိကန်ဒေါ်လာ ၃၅ ဒေါ်လာလောက်နဲ့ ကျောင်းသားတွေကို ရောင်းချပေးမှာ ဖြစ်ပါတယ်။
Source Photo from http://www.rediff.com

ဒီကွန်ပြူတာကို DataWind ဒေတာဝင်း ကွန်ပြူတာ ကုမ္ပဏီက ထုတ်လုပ်တာဖြစ်ပြီး အိန္ဒိယအစိုးရနဲ့ ကုမ္ပဏီ အရာရှိတွေက ဗုဒ္ဒဟူးနေ့မှာ ရာနဲ့ချီတဲ့ ကျောင်းသားတွေကို ပေးအပ်ခဲ့ပါတယ်။ စမ်းသပ်တဲ့ အဆင့် အဖြစ် ကွန်ပြူတာ အလုံးပေါင်း ၁ သိန်းလောက်ထုတ်လုပ်ဖို့ ကုမ္ပဏီက စီစဉ်ထားပါတယ်။

ဒီကွန်ပြူတာကို Word နဲ့ သုံးနိုင်ပြီး အင်တာနက်လည်း ချိတ်ဆက်နိုင်ပါတယ်။ ဒါ့ပြင် ဗီဒီယို ရုပ်သံက တဆင့် တယောက်နဲ့ တယောက် ဆက်သွယ်ပြောကြားလို့ ရပြီး သူ့မှာ ယူအက်စ်ဘီ ကပ် (USB memory card) နဲ့ သုံးစွဲလို့ ရပါတယ်။

Source Photo from http://www.rediff.com

ဒီကွန်ပြူတာအတွက် ၁၀ ဒေါ်လာလောက် အထိ ဈေးချ ရောင်းချနိုင်ဖို့ မျှော်လင့်ထားတယ်လို့ ဒေတာဝင်း ကွန်ပြူတာ ကုမ္ပဏီက အမှုဆောင် အကြီးအကဲ ဆူနီး ဆင်း တူလီ (Suneet Singh Tuli) က ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။

ဒီကွန်ပြူတာကို အိန္ဒိယ နိုင်ငံတွင်းက ကလေးငယ် အားလုံးအတွက် လက်ဆောင်ပေးဖို့ နဲ့ ဆင်းရဲသူ အများ အပြားကို ဆင်းရဲတွင်းကနေ ကယ်တင်နိုင်စေမယ့် ကရိယာ အဖြစ် သုံးဖို့ အိန္ဒိယ လူသား အရင်းမြစ် ဖွံ့ဖြိုးမှု ၀န်ကြီး ကပင်းလ် ဆီဘလ် (Kapil Sibal) ကတောင်းဆို လိုက်ပါတယ်။



သတင်းကို အောက်ပါလိပ်စာမှာ ရယူနိုင်ပါတယ်
http://www.voanews.com/burmese/news/--10-05-11_my_news_international----131192598.html

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Apple ပူးတွဲမ-တည်သူ Steve Jobs ကွယ်လွန်


Steve Jobs Speaks About Death

Uploaded by on Aug 26, 2011


Apple ပူးတွဲမ-တည်သူ Steve Jobs ကွယ်လွန်

ဗုဒ္ဓဟူး, 05 အောက်တိုဘာ 2011
By ဗွီအိုအေ(မြန်မာဌာန)

Apple ကွန်ပြူတာကုမ္ပဏီကို ပူးတွဲထူထောင်ခဲ့သူ အမှုဆောင် အရာရှိချုပ်ဟောင်း Steve Jobs ဟာ အချိန်အတော်ကြာအောင် ခံစားနေခဲ့ရတဲ့ ပန်ခရိယ ကင်ဆာရောဂါနဲ့ မနေ့ကပဲ ကွယ်လွန်သွားခဲ့ပါတယ်။ ကွယ်လွန်ချိန်မှာ အသက် ၅၆ နှစ် ရှိပါပြီ။

Apple ကွန်ပြူတာကုမ္ပဏီကနေ သူအနားယူခဲ့ပြီး သီတင်းပတ် အနည်းငယ်အကြာမှာပဲ ကွယ်လွန်ခဲ့တာပါ။ Steve Jobs ဟာ နည်းပညာတွေကို လူတိုင်းအလွယ်တကူနဲ့ အသုံးချနိုင်အောင် လုပ်ပေးခဲ့တဲ့သူလို့ အမြဲတမ်း နာမည်တွင်နေတော့မှာပါ။

Apple ကုမ္ပဏီကနေ တကမ္ဘာလုံး လူကြိုက်များနေတဲ့ iPhone, iPad နဲ့ Ipod ဆိုတဲ့ နည်းပညာ ဆိုင်ရာ လူသုံးကုန်ပစ္စည်းတွေ Steve Jobs လက်ထက်မှာ အောင်အောင်မြင်မြင် ထုတ်လုပ်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ Apple ကုမ္ပဏီဟာ ၁၉၀၀ ခုနှစ်တွေတုန်းကတော့ ဒေ၀ါလီ ခံရတော့မတတ်အထိ စီးပွားကျခဲ့တာပါ။

ကွန်ပြူတာနည်းပညာတွေကို လူတိုင်း အလွယ်တကူသုံးနိုင်အောင် လုပ်ပေးခဲ့သူ Apple ကွန်ပြူတာ ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ်ဟောင်း မစ္စတာ Steve Jobs ကွယ်လွန်သွားပါပြီ။

သတင်းကို အောက်ပါလိပ်စာမှာ ရယူနိုင်ပါတယ်
http://www.voanews.com/burmese/news/--10-05-11_my_news_international----131191288.html

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ကျောက်ဖယာမြစ်ရေလျှံ၊ ထိုင်းသမိုင်းဝင်ဘုရားပျက်စီး



ကျောက်ဖယာမြစ်ရေလျှံ၊

ထိုင်းသမိုင်းဝင်ဘုရားပျက်စီး

ဗုဒ္ဓဟူး, 05 အောက်တိုဘာ 2011
By ကိုဇော်ဝင်းလှိုင်

ထိုင်းနိုင်ငံအတွင်း ကျောက်ဖယာမြစ်ရေလျှံတက်လာတာကြောင့် လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀၀ လောက်ကတည်း တည်ထားခဲ့တဲ့ ဆင်းတုတော် ရေနစ်မြုပ်သွားတာကြောင့် အဲဒီအထဲက ရေတွေ စုပ်ထုတ်ပြီး ပြန်လည် ပြုပြင်နိုင်ဖို့ အလုပ်သမားတွေ ကြိုးစားနေကြပါတယ်။

ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်အဖြစ် သတ်မှတ်ထားတဲ့ အဲဒီ Wat Chai Watthanaram ဘုန်းကြီးကျောင်းထဲက ဆင်းတုတော် ပတ်ပတ်လည်မှာ ရေတွေ ၂ မီတာလောက်အထိ တက်လာခဲ့တာပါ။ အဲဒီ ဘုန်းကြီးကျောင်းနဲ့ ဆင်းတုတော် တည်ရှိတဲ့ ထိုင်းနိုင်ငံ အလယ်ပိုင်းက အယုဒ္ဓယဒေသမှာ ရေကြီးမှုတွေ ဖြစ်နေတာကြောင့် ဒေသခံ ရာပေါင်းများစွာလည်း ဘေးလွတ်ရာကို ပြောင်းရွေ့ နေထိုင်နေကြရပါတယ်။

ထိုင်းနိုင်ငံအတွင်း နှစ်လကျော်လောက် မိုးတွေဆက်တိုက်ရွာနေခဲ့တာကြောင့် လူပေါင်း ၂၃၇ ယောက် အနည်းဆုံး သေဆုံးခဲ့ပြီး ခရိုင်ပေါင်း ဒါဇင်ကျော်လည်း ရေနစ်မြုပ်နေတာပါ။

ထိုင်းနိုင်ငံမြောက်ပိုင်းနဲ့ အလယ်ပိုင်းတွေမှာ ဇူလိုင်လ ၂၅ ရက်နေ့ကစပြီး မိုးတွေ စတင် ရွာသွန်းခဲ့တာ ဖြစ်ပါတယ်။



သတင်းကို အောက်ပါလိပ်စာမှာ ရယူနိုင်ပါတယ်
http://www.voanews.com/burmese/news/Thai_Flood_10_05_11-131136793.html

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....